MAI လေကြောင်းလိုင်းတွင် ဦးတေဇပါဝင်လာ

Wednesday, October 21, 2009 ·

မျိုးချစ်သူ | မြန်မာနိုင်ငံ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) တွင် ဦးတေဇ ပါဝင်လာကြောင်း အဆိုပါလေကြောင်းလိုင်းမှ စုံစမ်းသိရှိရသည်။

လာမည့် အောက်တိုဘာ (၂၆) ရက်မှစ၍ အဆိုပါ လေကြောင်းလိုင်း၏ ခရီးစဉ်များကိုပါ ပြောင်းလဲ တော့မည် ဖြစ်ကြောင်း MAI လေယာဉ် လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူ တဦီးက ပြောသည်။

“ဦးတေဇပိုင် အဲပုဂံလိုင်း အနေနဲ့ MAI ကို သူတို့ ကုမ္ပဏီက ၀ယ်ထားတဲ့ Airbus A320 လေယာဉ်ကို အသုံးပြုခွင့် ပေးထားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးတေဇပိုင် ထူးကုမ္ပဏီသို့ စုံစမ်း မေးမြန်းရာတွင် MAI သို့ ၀င်ရောက်သည် ဆိုသော သတင်းနှင့် ပတ်သက်၍ ပြောဆိုရန် အချိန် စောနေ သေးကြောင်း တယ်လီဖုန်းမှ တဆင့် ဖြေကြားသည်။

၂၀၀၄ ခု နိုဝင်ဘာမှ စတင်ပြီး ပြည်တွင်း ခရီးစဉ်ဖြင့် စတင်သည့် အဲပုဂံ လေကြောင်းလိုင်းကို ထူးထရိတ်ဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇက ဦးဆောင် လုပ်ကိုင်နေပြီး ထိုကုမ္ပဏီ၌ နအဖ ထိပ်ပိုင်း စစ်အာဏာပိုင်များက အစု ရှယ်ယာများ ပါဝင်ထားသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ယခုအခါ ဦးတေဇသည် MAI သို့  အပြီး ပါဝင်လာခြင်း ဖြစ်သည်ဟု မြန်မာ့ လေကြောင်းလိုင်းနှင့် နီးစပ်သော သတင်း ရပ်ကွက် တခုမှ စုံစမ်း သိရှိရသည်။

အင်တာနက် ၀က်ဘ်ဆိုက်တွင် ဖော်ပြချက် အရ MAI လေကြောင်းလိုင်းကို ၁၉၉၃ ခုနှစ် သြဂုတ်လတွင် မြန်မာ့ လေကြောင်းလိုင်းနှင့် စင်ကာပူ ရင်းနှီး မြှုပ်နှံသူများ အကျိုးတူ ပူးပေါင်း၍ တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် စင်ကာပူ ရင်းနှီး မြှုပ်နှံသူများ နေရာတွင် တရုတ် (ဟောင်ကောင်) ၏ Region Air Co.,ltd သို့ လွှဲပြောင်း ဆောင်ရွက် ခဲ့ရာ ပိုင်ဆိုင်မှုမှာ (၅၁) ရာခိုင်နှုန်းနှင့် (၄၉) ရာခိုင်နှုန်း အချိုးစီ ပိုင်ဆိုင်လျက် ရှိကြောင်း သိရသည်။

“အခု MAI လေကြောင်းလိုင်းရဲ့ ပိုင်ဆိုင်မှုကို ဦးတေဇ ပိုင်ဆိုင် သွားတဲ့ သဘောပါ။ ၂၀၁၀ မတိုင်ခင်တော့ အစိုးရ အနေနဲ့ စီးပွားရေး လုပ်ငန်း အချို့ကို သူတို့ရဲ့ သြဇာခံတွေ အတွက် တခုခု လွှဲပေးသွားမယ့် အနေအထား တွေ့ရတယ်။ ဆက်သွယ်ရေး ကိစ္စတွေလည်း ဦတေဇပဲ ဆောင်ရွက်ခွင့် ရမယ့် အနေအထားပဲ။ အခုလည်း တခါသုံး ကတ်တွေကို သူတို့ကပဲ လုပ်နေတာ လူတိုင်း သိတယ်လေ” ဟု ရန်ကုန်ရှိ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးက ပြောသည်။

MAI လေကြောင်းလိုင်းတွင် ပျံသန်း နေသော လေယာဉ်များမှာ လက်ရှိ Airbus A320 ၊ A319 ၊ ဘိုးရင်း B-747 တို့ ဖြစ်ကြောင်း၊ ယခု ထပ်တိုးလာသော Airbus A320 လေယာဉ် အပါအ၀င် (၄) စင်း ဖြစ်လာမည် ဖြစ်ကြောင်း အောက်တိုဘာ(၂၁) ရက်ထုတ် ဆဲဗင်းဒေး သတင်း ဂျာနယ်တွင် ဖော်ပြထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */