ရန်ကုန်မြို့အနှံ့ မီးပျက်ပြန်

Wednesday, October 21, 2009 ·

အောင်ကျော်မိုး | အောက်တိုဘာလ လယ်ပိုင်းမှ စ၍ မြို့လယ် ဧရိယာ အပါအဝင် ရန်ကုန်မြို့ နေရာ အနှံ့အပြားတွင် လျှပ်စစ်မီး မကြာခဏ ပျက်လျက်ရှိပြီး ယခုနှစ် မီးပျက်မှုသည် အဆိုးဆုံးဖြစ်ကြောင်း ရန်ကုန် မြို့ခံများက ပြောသည်။

ကျောက်တံတားမြို့နယ် (၃၇) လမ်းတွင် နေထိုင်သူတဦးက “ဒီနှစ် ရန်ကုန်မြို့လယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ လယ်ပိုင်း လောက်ကမှ စပြီး မီးက မှန်မှန်ရတာ၊ ခု အောက်တိုဘာလ လယ်မှာ မီးတွေ စပျက်နေပြီ ဆိုတော့ တနှစ်လုံးမှာမှ မီးမှန်မှန် ရတာ (၂) လလောက်ပဲရှိတဲ့ သဘောပဲ။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ နိုဝင်ဘာရောက်မှ မီးက စပျက်ပြီး ခွဲတမ်းနဲ့ရတယ်။ မီးမှန်မှန်ရတယ် ဆိုတဲ့ (၂) လဟာလည်း အရင် နှစ်တွေတုန်းကနဲ့ နည်းနည်းမှ မတူဘဲ မီးအားတွေ အလွန်အမင်း ကျတယ်။ ဆိုတော့ မီးအား မြှင့်စက်တွေကို ငွေသိန်းချီ အကုန်ခံပြီး ဝယ်သုံးရတယ်” ဟု ပြောသည်။

ရွှေဂုံတိုင်လမ်း ဒယ်လ်တာ ပလာဇာတွင် နေထိုင်သူ တဦးကမူ ၎င်းတို့ ဒယ်တာ ပလာဇာကြီး တခုလုံး အတွက် ထရန်စဖော်မာကြီး တလုံး တပ်ဆင် ထားသော်လည်း မီးအားမပြည့်သည့်အတွက် အခန်းတိုင်းတွင် မီးအား မြှင့်စက်များ တပ်ဆင်ကြရကြောင်း၊ မီးအားမြှင့်စက် မတပ်ဆင် နိုင်သည့် ၎င်းတို့ အခန်းများမှာ မီးအား လျော့ကျမှု ပိုကြုံရ၍ မည်သည့် လျှပ်စစ် ပစ္စည်းမှ သုံးမရကြောင်း ပြောသည်။

လှိုင်သာယာ စက်မှုဇုန်တွင် အအေးခန်း စက်ရုံ တည်ထောင် ထားသူ တဦးက ၎င်းတို့ စက်မှုဇုန်တွင် မီးအား မပြည့်သည်ကို ဖြေရှင်းသည့် အနေဖြင့် လျှပ်စစ်မီးကို ခွဲတမ်းဖြင့် ရနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခုနှစ်၌ ခွဲတမ်းဖြင့်ရသည့် မီးကလည်း အားမပြည့်သည့်အတွက် အခက်အခဲမျိုးစုံ ကြုံရကြောင်း ပြောသည်။

တာမွေ ကျိုက္ကဆံ လမ်းတွင် အသစ် ဖွင့်လှစ် လိုက်သည့် United Living Mall (၆) ထပ် ကုန်တိုက် ကြီးမှ ဝန်ထမ်း တဦးကလည်း လျှပ်စစ် မီးအား မပြည့်၍ ၎င်းတို့ ကုန်တိုက်ကြီး၏ စက်လှေကား Escalator တစင်း ပျက်စီး သွားရာ ယနေ့ အချိန်ထိ ပြင်ဆင်၍ မပြီးသေးကြောင်း ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီး မှန်မှန် မရခြင်း၊ လျှပ်စစ်မီးအား မပြည့်ခြင်း တို့ကြောင့် နံနက် စောစောမှ ည (၁ဝ) နာရီအထိ မည်သည့် ရပ်ကွက်မှ ရေတင် မရကြောင်း၊ ည (၁ဝ) နာရီ နောက်ပိုင်း၌ပင် ရပ်ကွက် အတော် များများတွင် (၂) ရက် (၃) ရက်တခါသာ ရေစုပ်၍ရပြီး အထပ်မြင့် တိုက်ခန်း တို့တွင်မူ ညသန်းခေါင် ကျော်မှ ရေတင် နိုင်ကြောင်း သိရသည်။

မီးပျက်သည့် ကိစ္စ၊ မီးအားနည်းသည့် ကိစ္စနှင့် ပတ်သက်၍ ဗိုလ်တထောင် လျှပ်စစ်ရုံးမှ ဝန်ထမ်း တဦးက ပင်မ ဓာတ်အား လိုင်းကနေ ရန်ကုန်သို့ ပေးသည့် လျှပ်စစ် ဓာတ်အား လျော့ကျသွား၍ မီးပျက်ရခြင်း ဖြစ်ကြောင်း၊ အထက် ညွှန်ကြားချက် အရ မီးကို ခွဲတမ်းဖြင့် မပေးသေးဘဲ အားလုံး မျှပေးနေရ၍ မီးအား မပြည့်ခြင်း ဖြစ်ရကြောင်း ရှင်းပြသည်။

ရန်ကုန်မြို့ကဲ့သို့ လူနေ ထူထပ်ပြီး နိုင်ငံတကာ လေဆိပ်များ၊ သံရုံးများ အခြေစိုက်ရာ အဓိက မြို့တော်ကြီးတွင် မီးမကြာခဏ ပျက်နေသော်လည်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် ပတ်ဝန်းကျင်တွင်မူ မီးထိန်ထိန် လင်းနေပြီး ရေပန်း ဥယျာဉ်များ အတွက်လည်း လျှပ်စစ်မီး အချိန်ပြည့် ပေးထားကြောင်း ရောက်ဖူး သူတိုင်းက မကျေမနပ် နှိုင်းယှဉ် ပြောဆို နေကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */