အပစ်ရပ် ကရင်နီအဖွဲ့အတွင်း နယ်ခြားစောင့်တပ် ကိစ္စ သဘောထားကွဲ

Wednesday, October 21, 2009 ·

ဧရာဝတီ | နယ်ခြား စောင့်တပ် အသွင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော ကယား ပြည်နယ် အထူးဒေသ (၂) (ကလလတ) အဖွဲ့အတွင်း သဘောထား ကွဲပြားနေကြာင်း အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) KNPLF ၏ ဥက္ကဋ္ဌ ဦးစန္ဒာနှင့် အတွင်းရေးမှူး ဗိုလ်မှူး ရွှေဝါတို့က နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံနိုင်ကြောင်း ယင်း ကလလတ နှင့် နီးစပ်သူက ပြောသည်။ အလားတူ ကလလတ အဖွဲ့မှ ဗိုလ်မှူးအများစုကလည်း ၎င်း နယ်ခြား စောင့်တပ် ပြောင်းရေးကို လက်မခံနိုင်ကြောင်းသိရသည်။

ထို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့်ပတ်သက်ပြီး ကလလတ အနေဖြင့် လာမည့်အောက်တိုဘာ လ ၂၇ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရမည် ဖြစ်ကြောင်း စစ်အစိုးရက ဖိအားပေးနေသည်။

သို့သော် ကလလတ ဒု ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းကျော် ဦးဆောင်သောလူနည်းစုအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန် သဘောထားရှိနေကြောင်း အဆိုပါ ကလလတနှင့် နီးစပ်သူ ကပြောဆိုသည်။

၎င်းက“ ကလလတ အတွင်းမှာ ပြဿနာဖြစ်နေတယ်၊ အခုရက်ပိုင်း ဗိုလ်မှူးထွန်းကျော် က လူထုစည်းရုံးရေး ဆင်းနေတယ်၊ လူထုကတော့ ဒီ နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေး ကို လက်မခံနိုင်ဘူး”ဟု ဧရာဝတီ ကို ပြောသည်။

လတ်တလောအခြေအနေတွင် မြန်မာစစ်အစိုးရနှင့် ကလလတ တို့သည် ကယားပြည်နယ်ရှိ ဖားဆောင်မြို့ နှင့် ကျောက်ညှပ်မြို့ နှစ်မြို့အကြား ကားလမ်းဖောက်လုပ်ရေးနှင့် ပတ်သက်ပြီး သဘောထားတင်းမာ နေ သည် ဟုလည်း ဆိုသည်။

အဆိုပါ ကားလမ်းသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ ထိန်းချုပ်ရာ နယ်မြေသို့ ထိုးစစ်ဆင်ရန် လိုအပ်သည့် ရိက္ခာနှင့် လက်နက်ခဲယမ်းမီးကျောက်များ သယ်ဆောင်ရာ မဟာဗျူဟာ အရ အရေးပါသည့် လမ်းဖြစ်ကြောင်း ၎င်း က ပြောဆိုသည်။

ကလလတ အနေဖြင့် ၎င်းတို့ နယ်မြေကို အသုံးပြုပြီး KNLA ကိုထိုးစစ်ဆင်ဖို့ အတွက်လက်မခံနိုင်ကြောင်း ငြင်းဆိုထားသည်ဟု ဆိုသည်။

ကလလတ အဖွဲ့သည် ၁၉၉၄ ခုနှစ်၊ မေလတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ကလလတ အဖွဲ့သည် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)အဖွဲ့မှ ခွဲထွက်ခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */