မြ၀တီ ရဲများ မူးယစ်ရောင်းဝယ်မှုတွင် ပတ်သက်၍ အဖမ်းခံရ

Wednesday, October 21, 2009 ·

ဘစောတင် | ကရင်ပြည်နယ် မြ၀တီမြို့ နယ် မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး ရဲအဖွဲ့မှ ရဲအရာရှိ (၃) ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များကို နေပြည်တော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ပြီးခဲ့သည့် တနလာင်္နေ့တွင် ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြာင်း သတင်းရရှိသည်။

မြ၀တီမြို့ နယ် အတွင်းရှိ ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့(ဒီကေဘီအေ) ထိန်းချုပ်ရာ မယ်ထော်သလေး ရွာတွင် ရဲအုပ် အေးထွန်း ခေါင်းဆောင်သော မူးယစ် အရာရှိများက မြင်းဆေး(ယာဘ)သွားဖမ်းစဉ် မြင်းဆေး ရောင်း သူများထံမှ လာဘ်ငွေ ထိုင်းဘတ် ၇၀၀၀၀ ကိုရယူခဲ့သောကြောင့် ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ် သည်ဟု မြ၀တီရဲစခန်းမှ ရဲဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“အရာရှိနှစ်ယောက်နဲ့ အခြား အဆင့် တယောက်ကို စရဖက ဖမ်းပြီး စစ်နေတယ်၊ ရဲတပ်ကြပ် ထွန်းအောင် က တော့ ထွက်ပြေး သွားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ လာဘ်စားမှုနှင့် အဖမ်းခံရသူများမှာ ရဲအုပ် အေးထွန်းနှင့် အတူ ဒု ရဲအုပ် စိုးနိုင်ဝင်း၊ ရဲတပ်ကြပ်ကြီး ဟန်သိန်းဦးတို့ ဖြစ်ကြောင်း၊ ယင်းအမှုနှင့် ဆက်နွယ်သော ရဲတပ်ကြပ် ထွန်းအောင်နှင့် ရဲတပ်သား တဦးမှာ ခြောက်လုံးပြူး သေနတ် တလက်နှင့်အတူ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြကြောင်း သိရသည်။

အလားတူ မြ၀တီမြို့ နယ်မှူးဟောင်း ဒု ရဲမှူး တင့်လွင်ကိုလည်း ဖမ်းဆီးထားသည်ဟု မြ၀တီမြို့ ခံ တဦးက ပြောပြသည်။

“ဒီမှာ မာဆတ် (အနှိပ်ခန်း)တွေက အများကြီးရှိတယ်၊ တလ ကို ဆယ်ပုံး(ကျပ် ၁၀ သိန်း)ပေးရတယ်၊ အဲသလို ၀ါးခဲ့တာက အခုအမှုဖြစ်တော့ သူ့ ကိုလည်း ဖမ်းတော့တာပဲ”ဟု မြ၀တီမြို့ခံက ဆိုသည်။

၎င်း ဒု ရဲမှူး တင့်လွင်သည် ယခုအဖမ်းခံရချိန်တွင် မြ၀တီမြို့ မှ ဖာပွန်မြို့ သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် နေချိန် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မှုခင်းတပ်ဖွဲ့ သို့ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ တာဝန်ကျ အရာရှိ ရဲအုပ် စိန်လှ ဆိုသူက သတင်းဌာနမှ ဆိုလျှင် နောက်နောင် မဆက်သွယ်ရန် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ လလယ်ကလည်း ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်ကို တရားမ၀င် စီးပွားရေး လုပ်ငန်း များထံမှ လာဘ်စားမှုဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက ရာထူးမှဖယ်ရှားမှု ဖြစ်ပေါ်ခဲ့သေးသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */