သတ်ပုံမှား၍ စစ်ဗိုလ်ချုပ်များ ဒေါသထွက်

Wednesday, October 21, 2009 ·

အောင်သက်ဝိုင်း | ၁၇ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အထိမ်းအမှတ် ထုတ်ဝေသော ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းလွှာတွင် ပြဇာတ်ပြိုင်ပွဲ အတွက် တပ်မတော်သား ဂုဏ်ပြု ပြဇာတ်၏ အမည်“သားကောင်းရတနာ” ဟူသော အမည်ကို “သားကောင်း ရတာနာ”ဟု ပြောင်းလဲ ပါရှိသည့် အတွက် စစ်ဗိုလ်ချုပ်များ လွန်စွာဒေါသ ဖြစ်နေကြကြောင်း သတင်း ရရှိသည်။


သတ်ပုံ မှားသော သတင်းလွှာ
အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် စတင်သည့် ၎င်း ပြိုင်ပွဲများ ကျင်းပမည့် နေရာ၊ အချိန်၊ ပြဇတ် အမည်များ အပါအ၀င် ပြိုင်ပွဲ သတင်း အချက်အလက်များ အသား ပေး ဖော်ပြထားသော အဆိုပါ သတင်းလွှာတွင် ယခုကဲ့သို့ “သားကောင်း ရတာနာ”ဟူ၍ ပြိုင်ပွဲဝင် ပြဇာတ် အမည် ပြောင်းလဲပါရှိသော ကြောင့် စစ်ဗိုလ်ချုပ်များ စိတ်ဆိုး ဒေါသ ထွက်နေခြင်း ဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်းအ၀ိုင်းကြား တွင် ပြောဆိုနေကြသည်။

ယင်းသတင်းလွှာကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ဦးစီးသော အဆို အက အရေး အတီး ပြိုင်ပွဲ ပြန်ကြားရေး၊ သတင်း ထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေး ဆပ်ကော်မတီက ဦးစီး ထုတ်ဝေခြင်း ဖြစ်ပြီး ပြိုင်ပွဲများအား လာရောက် ကြည့်ရှုသည့် စစ်ဗိုလ်ချုပ်များနှင့် ပရိသတ်များကို အခမဲ့ဝေငှခြင်းဖြစ်ကြောင်း သိရှိရသည်။

“သတင်းလွှာက အခမဲ့ဝေတာ၊ သားကောင်း ရတာနာ ဆိုတဲ့ အရေးအသားပါလာတော့ ဗိုလ်ချုပ်တွေနဲ့ ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ တော်တော် ဂယက်ရိုက်သွားတယ်”ဟု နေပြည်တော် အလုပ်သမားဝန်ကြီးဌာန မှ အရာရှိ တဦးက ပြောသည်။

တပ်မတော်သားများကို “သားကောင်းရတနာ” အစား “သားကောင်း ရတာနာ” ဟု ဖော်ပြခြင်းသည် မှားယွင်း ရေးသားခြင်း ဖြစ်နိုင် သော်လည်း သတင်းလွှာ ထုတ်ဝေကြသည့် အစိုးရ ၀န်ထမ်းများ အရေးယူခံရဖွယ် ရှိ သည်ဟုလည်း ၀န်ထမ်းများအကြား ပြောဆိုနေကြသည်။

“သားကောင်း ရတာနာ လို့ မှားရေးမိတာလား၊ တမင်ရေးတာလားဆိုတာတော့ သတင်းလွှာထုတ်တဲ့ဝန်ထမ်း တွေပဲသိမှာပါ။ ဒါပေမယ့် ဒီရေးသားချက်ကြောင့် အရေးယူတာတွေဖြစ်လာနိုင်ပါတယ်၊ ဒါက ဗိုလ်ချုပ်တွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်သွားတယ်” ဟု နေပြည်တော်ဝန်ထမ်း တဦးက ပြောသည်။

လွန်ခဲ့သည့် ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာ၌ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဓာတ်ပုံ အထက်တွင် “ကမ္ဘာကျော် လူလိမ်ကြီးများ”ဟူသော စာလုံးများပါသည့် စာတန်းတခု မှား ယွင်း ပါရှိသွားသဖြင့် ယင်းသတင်းစာတိုက်မှ တာဝန်ရှိသူများဖြစ်သော ဦးလှဟန်နှင့် ဦးသာဝင်းတို့ ၂ ဦး သည် စစ်ကြောရေးစခန်းတွင် ခေါ်ယူ စစ်ဆေးခံခဲ့ရာမှ ကွယ်လွန် သွားသည့် ဖြစ်ရပ်ရှိခဲ့ဖူးကြောင်း သိရသည်။

နေပြည်တော်တွင် ကျင်းပသည့် ယခု အဆို အက အရေး အတီး ပြိုင်ပွဲများကို စစ်အစိုးရဗိုလ်ချုပ်များအားလုံး မဖြစ်မနေ သွားရောက် ကြည့်ရှု ရမည်ဟု ညွှန်ကြားထား သကဲ့သို့ နေပြည်တော်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများကို လည်း မဖြစ်မနေ လာရောက် ကြည့်ရှုရန် အမိန့်ထုတ်ထားသည့်အတွက်ဒေသခံများမှာ စိတ်ပါ သည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ သွားရောက် ကြည့်ရှု နေရသည် ဟုလည်း အထက်ပါ နေပြည်တော် ၀န်ထမ်း က ဆိုသည်။

စစ်အစိုးရက ယင်း အဆို အက အရေး အတီး ပြိုင်ပွဲများကို နှစ်စဉ် ကျင်းပနေပြီး ယခုနှစ် ကျင်းပသော ပြိုင်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင် မည့်သူ နည်းပါးသည့် အတွက် ယခင်နှစ်များက ပြိုင်ပွဲဝင်ဖူးသူများကို လိုက်လံရှာဖွေ ကာ ပြိုင်ပွဲဝင် ခိုင်းကြောင်း သိရှိရသည်။

ယခု ၁၇ ကြိမ်မြောက် အဆို အက အရေး အတီး ပြိုင်ပွဲများကို နေပြည်တော် ပျဉ်းမနား ဒေသရှိ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေး တက္ကသိုလ်၊ သစ်တော တက္ကသိုလ်၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနနှင့် အမှတ် ၇ တည်းခိုရေးစခန်းများတွင် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ပြီး ကျင်းပလျက် ရှိသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */