မဲဆောက်ရှိ ကရင် ခေါင်းဆောင် နေအိမ် များကို ထိုင်းက ဝင်စစ်

Wednesday, October 28, 2009 ·

အေးလဲ့ | ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များ၏ နေအိမ်သို့ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ KNU ဗိုလ်မှူးကြီး နာဒါးမြ၏ ဇနီး နေအိမ်၌ မိုင်းဗုံးနှင့် ပတ်သက်သည့် ခဲယမ်းမီးကျောက် တချို့ တွေ့ရသဖြင့် သူ၏ဇနီးကို ဖမ်းဆီးထားကြောင်း KNU သတင်းရပ်ကွက်က ပြောသည်။


ထိုင်း-မြန်မာ နယ်စပ်တွင် ကေအန်ယူ စစ်သားတယောက်ကို တွေ့ရစဉ် (ဓာတ်ပုံ - Yuzo / The Irrawaddy)
“KNU ခေါင်းဆောင် အိမ်တွေကို မနက် ၆ နာရီမှာ ဝင်တယ်၊ အဓိက လက်နက် ခဲယမ်း မီးကျောက် ရှာတာ၊ ထိုင်းစစ်တပ်က အတိုက်အခံ ရုံးတွေပါ ဝင်စစ်မယ်လို့ ပြောတယ်” ဟု KNU အဖွဲ့ဝင်တဦးက ပြောသည်။

ဗိုလ်ချုပ် တာမလာဘော၊ ဒုဥက္ကဋ္ဌ စောဒေးဗစ် သာကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် နှင့် KNU စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင် များ၏ နေအိမ် ၁၀ အိမ်ခန့် ရှာဖွေခံရသည်ဟု ဆိုသည်။

KNU ခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီး နာဒါးမြသည် ယခုနှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း လက်နက် တရားမဝင် ကိုင်ဆောင်မှုဖြင့် ထိုင်းအာဏာပိုင်များက တရားစွဲဆိုခဲ့ဖူးသည်။

ဝင်ရောက် စစ်ဆေးမည့် သတင်းကို ကြိုတင် ကြားသိ ထားသဖြင့် ယမန်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့ တဘက်ကမ်းရှိ မဲဆောက်မြို့မှ စာသင်ကျောင်းတချို့ နှင့် မြန်မာာပြည်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတို့ ရုံးခန်းများ၊ ပိတ်ထားကြောင်း သိရသည်။

ယခုနှစ် အစောပိုင်းမှစ၍ ထိုင်းအာဏာပိုင်များက KNU စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာပြည်ရှိ ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေသို့ ပြန်ရန် ဖိအားပေးခဲ့သည်။

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသော KNU သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် တိုက်ခိုက် ခံခဲ့ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။

ပြီးခဲ့သည့် နှစ်များ အတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်း၊ KNU ထိန်းချုပ်သည့် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ် တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */