အိန္ဒိယ နိုင်ငံလုံး ဆိုင်ရာ လူငယ်များ အဖွဲ့ချုပ် ညီလာခံတွင် မြန်မာ့ အရေး ဆွေးနွေး

Wednesday, October 28, 2009 ·

ဇာနည်မာန် | အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ လူငယ်များ အဖွဲ့ချုပ် (AIYF) တည်ထောင်ခြင်း နှစ် ၅ဝ ပြည့် အထိမ်းအမှတ်ပွဲနှင့် ကမ္ဘာ့ ဒီမိုကရက်တစ် လူငယ်များ အဖွဲ့ချုပ် (WFDY) တို့၏ အာရှ ပစိဖိတ် ဆိုင်ရာ ညီလာခံတွင် လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့ အရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တွင် ကျင်းပနေသော ၎င်းညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြား ခံခဲ့ရသည့် WFDY အဖွဲ့ဝင်၊ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ABSFU မှ ကိုကျော်ဝင်း နှင့် အိန္ဒိယ အခြေစိုက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် ABSL မှ ကိုကျော်သန်း တို့က လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေများ၊ မြန်မာ လူငယ် ကျောင်းသား များ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“မြန်မာ စစ်အစိုးရ အနေနဲ့ ပြည်သူ လူထုက ရွေးချယ် ထားပြီးသား ဖြစ်တဲ့ အဖွဲ့အစည်း ကိုပဲ အာဏာ လွှဲပေးသင့် နေပါပြီ။ အခုလို နိုင်ငံတော် အာဏာကို အကြာကြီး ယူထားတာကို ရပ်သင့်ပါပြီ” ဟု ကမ္ဘာ့ ဒီမိုကရက်တစ် လူငယ်များ အဖွဲ့ချုပ် ဒုဥက္ကဌ မစ္စတာ ယိုဂျန်ဒြာဆာဟိ က ဧရာဝတီသို့ ပြောသည်။

ကမ္ဘာ့ ဒီမိုကရက်တစ် လူငယ်များ အဖွဲ့ချုပ် အနေဖြင့် အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် နေရသော ကျောင်းသားများ၊ ပြည်တွင်းမှ ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ လုပ်ရပ်များကို အမြဲ ထောက်ခံ ကူညီနေမည်ဟု လည်း သူကဆိုသည်။

ထို့အပြင် သူက စစ်အစိုးရ ဖမ်းဆီး ထိန်းသိမ်း ထားသော နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို လိုက်ကြောင်း ပြောကြားသည်။

ABSL မှ ကိုကျော်သန်းက “တရုတ်တို့ အိန္ဒိယ တို့လို နိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ၂၀၁၀ ဒီရွေးကောက်ပွဲကို လုပ်သင့်သလိုလို ဝင်ပြိုင်သင့် သလိုလို ပြောနေတာတွေက အဓိပ္ပာယ်မရှိဘူး။ ဒါက အတုအယောင်ပဲ ဖြစ်တယ်၊ စစ်အာဏာရှင် စနစ်ကို တရား ဝင်အောင် လုပ်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်လို့ ဒီရွေးကောက်ပွဲကို ကျနော်တို့ ဝင်မှာ မဟုတ်ဘူး ဆိုတာတွေကို တင်ပြ ဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

အာရှ ပစိဖိတ် ဆိုင်ရာ အဖွဲ့ဝင် ၁ဝ နိုင်ငံဖြစ်သည့် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်၊ ဗီယက်နန်၊ ဂရိ၊ ဟန်ဂေရီ နှင့် လက်ဘနွန် စသည်တို့မှ ကျောင်းသား အဖွဲ့ ကိုယ်စားလှယ်များ၊ အိန္ဒိယ ဒေသတွင်းမှ အဖွဲ့ဝင် ၄ဝဝ ကျော်တို့ ညီလာခံ တက်ရောက်ခဲ့ကြပြီး အိန္ဒိယရောက် မြန်မာရဟန်းတော်များ၊ မြန်မာ ဒီမိုကရေစီ လူငယ်များလည်း ညီလာခံတွင် တက်ရောက်လေ့လာခဲ့ကြသည်။

ABSFU မှ ကိုကျော်ဝင်း ကလည်း “ကျနော်တို့ အနေနဲ့ သူတို့ရဲ့ထောက်ခံမှု အကူအညီတွေ အများကြီး လိုအပ်တယ်ဆိုတာကို တင်ပြတယ်။ သူတို့ဆီကရတဲ့ တုံ့ပြန်မှုတွေကလည်း အားရကျေနပ်စရာကောင်းပါတယ်” ဟု ဆိုသည်။

ထို့အတူ WFDY အဖွဲ့ဝင်ဖြစ်သည့် ABSFU အနေနှင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းကာလများတွင် နိုင်ငံခြားရေးရာ လုပ်ငန်းများကို ဆက်လက် လုပ်ကိုင် နိုင်ခဲ့ခြင်း မရှိ၍ နိုင်ငံတကာတွင် အဖွဲ့အနေဖြင့် အသက်မ၀င်သကဲ့သို့ ဖြစ်နေကြောင်း၊ နိုင်ငံခြားရေးရာများတွင် ရှေ့ဆက် လုပ်ဆောင်နိုင်ရန် ပြန်လည် လျှောက်ထားရာ ယခု ဆွေးနွေးပွဲ နောက်ပိုင်း ကျင်းပမည့် WFDY စည်းဝေးတွင် ထည့်သွင်း စဉ်းစားဆုံးဖြတ်ရန် ပြင်ဆင်ထားကြောင်း ကိုကျော်ဝင်းက ဆက်ပြောသည်။

ထိုညီလာခံကို နယူးဒေလီ မြို့လယ်ရှိ Babu Sader Kendra ခန်းမတွင် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်နေ့ထိ ကျင်းပလျက် ရှိရာ ဖွင့်ပွဲနေ့က ကမ္ဘာ အရပ်ရပ်တွင် လက်ရှိ ဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို အိန္ဒိယ ခေါင်းဆောင်များက ဟောပြောခဲ့ကြပြီး မြန်မာ့နိုင်ငံရေး အပါအဝင် ပါလက်စတိုင်းနှင့် ကျူးဘားနိုင်ငံမှ အာဏာရှင်များ၊ ထိုအာဏာရှင်များကို တော်လှန် နေသည့် တော်လှန်ရေး သမားများ၏ အရေး များကို အထူးတလည် ဆွေးနွေး ဖလှယ်သွားကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */