ဖုန်ကြားရှင် ဝပြည်တွင် ခိုလှုံနေကြောင်း ဟောင်ကောင် ပညာရှင် တဦး ပြောဆို

Saturday, October 31, 2009 ·

နန္ဒီ | ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက် ညနေ၌ ဟောင်ကောင် တက္ကသိုလ် (City University of Hong Kong) တွင် ကိုးကန့်နှင့် တရုတ်-မြန်မာ ဆက်ဆံရေးဆိုသည့် ဆွေးနွေး ဟောပြောပွဲတခု ကျင်းပခဲ့ရာ ကိုးကန့် ဒေသကို သွားရောက်လေ့လာ သုတေသန ပြုခဲ့ဖူးသည့် ဒေါက်တာ ဂျိမ်းစ်ချင်း (Dr James K Chin ) က ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်သည် တရုတ်ပြည်ထဲ၌ မဟုတ်ဘဲ ဝပြည်တွင် သွားရောက်ခိုလှုံနေကြောင်း ပြောကြားသည်။

အရှေ့တောင် အာရှ သုတေသန လေ့လာရေး စင်တာတွင် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် ဒေါက်တာချင်းက ကိုးကန့် သမိုင်းကြောင်းနှင့် တကွ ကိုးကန့်နှင့် မြန်မာနိုင်ငံ အပေါ်ထားသည့် တရုတ်ပြည်၏ သဘောထားကို ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာချင်းက “တရုတ် ကာကွယ်ရေး ဝန်ကြီး ပြောတာက တရုတ်ပြည်ဟာ အိန္ဒိယ၊ မြန်မာနဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ အနောက်တောင် ဒေသကို အလွန် အရေးထားတယ်။ နောက်ပြီး မြန်မာပြည်ကို မြောက်ကိုရီးယားလို နိုင်ငံ ဖြစ်လာမှာ အလွန်စိုးရိမ်တယ်။ နောက်ဆုံး အခြေအနေအရ ဂက်စ်ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း သွယ်တန်းရေးကိစ္စတွေ ရှိနေတော့ ကိုးကန့်ဒေသထက် လက်ရှိ မြန်မာအစိုးရကို ပိုပြီး အလေးထားတယ်။ ဒါကြောင့် သူ့ပြည်တွင်းမီဒီယာတွေမှာ ကိုးကန့်အကြောင်းတွေကို သိပ်ရေးသားဖော်ပြခွင့် မပေးတာ သတိထားမိတယ်” ဟု ပြောသည်။

ဒေါက်တာချင်းသည် တရုတ်နယ်စပ် ကိုးကန့်ဒေသကို တရားဝင် ခွင့်တောင်းပြီး သွားရောက် လေ့လာခဲ့သည့် ပညာရှင်တယောက်ဖြစ်ပြီး ၎င်း၏ ရှင်းလင်းပွဲတွင် သူကိုယ်တိုင် ရိုက်ကူးထားသည့် ကိုးကန့် ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်၏ (၇၆) နှစ်မြောက်မွေးနေ့ပွဲ ဗီဒီယိုမှတ်တမ်းကိုလည်း ပြသခဲ့သည်။

ကိုးကန့် ဒေသကို တရားဝင် ထူထောင်ခဲ့သူမှာ ယန်ရှင်းဆိုင် ဆိုသူ ဖြစ်သည်။ ၁၉၆ဝ ခုမှ ၁၉၈၉ ခုအထိ ဗမာပြည် ကွန်မြူနစ် ပါတီ၏ ဒေသတခု အနေဖြင့် ရပ်တည်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဗကပ လက်အောက်မှ ခွဲထွက်ကာ မြန်မာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေး ရယူခဲ့သည်။

ထို့နောက်ပိုင်း မြန်မာ စစ်အစိုးရက ပြဋ္ဌာန်း လိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ သကဲ့သို့ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေးကိုလည်း လက်မခံ ခဲ့ကြောင်း၊ ယင်းသို့ လက်မခံ ခဲ့ခြင်းသည် ကိုးကန့်တွင် တိုက်ပွဲများဖြစ်ပြီး ဖုန်ကြားရှင် ဖယ်ရှားခံလိုက်ရသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ဒေါက်တာချင်းက ပြောသည်။

ကိုးကန့် အထက် အရာရှိများကို အင်တာဗျူး လုပ်ခဲ့သည့် ဒေါက်တာချင်း၏ ပြောဆိုချက်အရ ကိုးကန့် လူငယ်များက သူ့ကို “ကျနော်တို့ တရုတ် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် တရုတ်က ကျနော်တို့ကို မလိုချင်ကြဘူး” ဟု ပြောကြောင်း သိရသည်။

“ဖုန်ကြားရှင်၏ မွေးနေ့ပွဲမှာ စစ်ရေးပြတယ်။ ကိုးကန့် စစ်သားတွေ ကြွေးကြော်တာကတော့ ‘ဗမာပြည် ဝင်ရောက် တိုက်ခိုက်ခြင်းမှ ကာကွယ်မည်’ (မန်ဒရင်းလို ပြောတယ်)” ဟု ဒေါက်တာချင်းက သူ့ဗီဒီယိုကို ပြရင်း ဘာသာပြန်ပြသည်။ စစ်သားများ၏ လက်တွင် သေနတ်နှင့် အတူ အနီရောင်အထုတ်လေးများ ကိုင်ထားကြကာ ခေါင်းဆောင် ဖုန်ကြားရှင်၏ အံပေါင်း လက်ဆောင်များ ဖြစ်ကြောင်း သိရသည်။

လတ်တလော တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ မြန်မာ စစ်အစိုးရ၏ ဖွဲ့စည်းပုံနှင့် နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံသည့် အပြင် နယ်စပ်က မူးယစ်ဆေးဝါးနှင့် လောင်းကစားပြဿနာ၊ ဖုန်ကြားရှင်မိသားစု၏ ဒေသတွင်း စီးပွားရေး လက်ဝါးကြီး အုပ်ထားသည့် ပြဿနာ စသည်တို့လည်း ပါဝင်ကြောင်း ဒေါက်တာချင်းက ရှင်းပြသည်။

ဒေါက်တာချင်းက တရုတ်ပြည်သည် ၎င်း၏ ဂက်စ်ပိုက်လိုင်း သွယ်တန်းရေး အပါအဝင် မြန်မာပြည်နှင့် စီးပွားရေး ဆိုင်ရာ ဆက်ဆံရေး များကို ပိုပြီး အလေးထားကြောင်း၊ ထို့ကြောင့် ကိုးကန့်ဒေသ အပါအဝင် တရုတ်ပြည် နယ်စပ်အရေးအခင်းများကို ဆက်ပြီး စောင့်ကြည့် ရဦးမည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ပွဲကို ကိုယ်တိုင် သွားတက်ခဲ့သူ ကျောင်းသူ တဦးက ပညာရှင်များ ထဲတွင် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ကိုးကန့် အကြောင်း စိတ်ဝင်စားသည့် ပညာရှင် ဖြစ်၍ ရှားရှားပါးပါး ဆွေးနွေး ဟောပြောပွဲ တခုဖြစ်ကြောင်း မှတ်ချက်ပြုသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */