နယ်ခြား စောင့်တပ်ကို မိမိ တပ်ဖွဲ့များဖြင့်သာ ဖွဲ့စည်းလိုဟု မိုင်းလား တပ်ဖွဲ့ပြော

Saturday, October 31, 2009 ·

ဝီရ | မွန်ပြည်သစ် ပါတီမှ ခွဲထွက်/နုတ်ထွက်ပြီး တပ်ဖွဲ့အသစ် အဖြစ် လှုပ်ရှားနေသည့် အင်အားငယ် မွန်ငြိမ်းချမ်းရေး အဖွဲ့တို့က ပြည်သူ့စစ် (သို့မဟုတ်) နယ်ခြား စောင့်တပ် အဖြစ် အသွင်ပြောင်းရန် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် (ရတခ) သို့ ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၏ အမိန့်ဖြင့် ရတခ တည်ရှိရာ မော်လမြိုင် မြို့သို့ ရောက်ရှိ နေခြင်း ဖြစ်ပြီး ၎င်းအဖွဲ့တို့အား သီးခြားစီ တွေ့ဆုံမှု ပြုလုပ်နေကြောင်း အဆိုပါအဖွဲ့တို့နှင့် နီးစပ်သူ တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “နိုင်ရှောင် အဖွဲ့ကို လွန်ခဲ့တဲ့ (၃) ရက်နေ့က တွေ့ဖို့ တိုင်းမှူးက ခေါ်ခိုင်းလိုက်တယ်။ အခု မော်လမြိုင်မှာပဲ ရှိနေတယ်။ အခြား အဖွဲ့တွေနဲ့တော့ တိုင်းမှူးက သီးခြားစီ အရင်တွေ့နေတယ်။ အခု တွေ့တဲ့အထဲမှာ မွန်ပြည်သစ်က စစ်ဦးစီးချုပ်ဟောင်း နိုင်အောင်နိုင် တို့အဖွဲ့လည်း ပါတယ်လို့ သိရတယ်” ဟု ပြောသည်။

ရာမည တပ်ဖွဲ့ကို ဦးဆောင်သူ နိုင်ရှောင်သည် တပ်မှူး ဘ၀ဖြင့် မွန်ပြည်သစ် ပါတီမှ အနားယူပြီးနောက် ရာမညတပ်ဖွဲ့ကို ဖွဲ့စည်းပြီး ရက် (၄၀) အကြာတွင် မြန်မာစစ် အစိုးရထံ လက်နက်ချခဲ့သူဖြစ်သည်။

တပ်အင်အား မည်မျှရှိလျှင် ပြည်သူ့စစ် (သို့မဟုတ်) နယ်ခြားစောင့်တပ် ဖွဲ့စည်းပေးမည်ဟု အဆိုပါ မွန် အဖွဲ့အစည်း ငယ်တို့အား အရှေ့ တောင်တိုင်း စစ်ဌာနချုပ်က အသိပေး ပြောကြားထားပြီး ဖြစ်၍ ယခု နအဖ တိုင်းမှူးနှင့် တွေ့ဆုံမှုသည် ပြည်သူ့စစ် အသွင်ပြောင်းရေး လုပ်ငန်း ကော်မတီ တရပ် ဖွဲ့စည်းရန် ဖြစ်ကြောင်း မွန်ငြိမ်းချမ်းရေး ပါတီ၏ ခေါင်းဆောင် နိုင်အောင်နိုင်နှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “အခု အခက်အခဲက ဒီအဖွဲ့တွေမှာ တပ်အင်အား (၁၀၀) တောင် မဖြည့်ဆည်းနိုင်သေးတာကို သုံးသပ်ဖို့နဲ့ ပြည်သူ့စစ် အသွင်ပြောင်းရေး လုပ်ငန်းကော်မတီတရပ်ဖွဲ့ဖို့ တွေ့တာဖြစ်တယ်။ အခု လောလောဆယ် သီးခြားစီ တွေ့နေပေမယ့်လည်း နောက်ဆုံးကျရင် ဒီကော်မတီဖွဲ့ဖို့ သဘောတူတဲ့အဖွဲ့တွေကို စုပြီး ပြန်တွေ့ဆုံခိုင်းမှာပါ” ဟု ပြောသည်။

ရတခ တိုင်းမှူးနှင့် ယခု အကြိမ် တွေ့ဆုံမှုတွင် ရာမညတပ်မှ နိုင်ရှောင်နှင့် မွန်ငြိမ်းချမ်းရေး ပါတီမှ နိုင်အောင်နိုင် အပြင် မွန်ပြည်သစ်မှ အနားယူသွားသည့် အရာရှိဟောင်း တချို့လည်း ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မွန်ပြည်သစ် ပါတီ၏ တပ်မှူးဟောင်း နိုင်ရှောင် မြန်မာစစ် အစိုးရထံ လက်နက်ချ လိုက်ခြင်းသည် မွန်အမျိုးသား တို့၏ စည်းလုံး ညီညွတ်မှု ပြိုကွဲရာရောက် သဖြင့် ပါတီသို့ လာရောက် ပူးပေါင်းရန် မွန်ပြည်သစ် ပါတီက ကြေညာချက် ထုတ်ပြန် ဖိတ်ခေါ်ထားသည်။

မွန်ပြည်သစ် ဗဟို ကော်မတီဝင် တဦးက “ကျနော်တို့ပါတီက တပ်အသွင်ပြောင်းတာကို လက်မခံတော့ ဒီ မွန်ခွဲထွက် အဖွဲ့တွေကို စုပြီး ပြည်သူ့စစ် အသွင်ပြောင်းပေးပြီး အချင်းချင်း ရန်တိုက်ပေးမယ့် သဘောတော့ ရှိတယ်။ ဒါပေမယ့် ဒီအဖွဲ့ငယ်တွေကိုလည်း သီးခြားစီ တနေရာစီမှာပဲ နေရာပေးဖို့များတယ်။ အချင်းချင်း မပေါင်းမိအောင် ခွဲပြီး မတူညီတဲ့ အခွင့်အရေးတွေ ပေးမှာပဲ။ ဒါက နအဖ အမြဲ ကျင့်သုံး နေကျပဲလေ။ ဒါကြောင့် အမျိုးသား စည်းလုံး ညီညွတ်ရေး အတွက် နိုင်ရှောင်လို ခေါင်းဆောင် တယောက်ကို ကျနော်တို့နဲ့ လာပေါင်းဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */