နယ်ခြားစောင့်တပ် အသွင်ပြောင်းမှု ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ လက်မခံ

Saturday, October 31, 2009 ·

ရဲရင့် | နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံနိုင် သဖြင့် မိမိကို ပစ်သတ်လိုက ပစ်သတ်နိုင်သည်ဟု ကရင် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် တဦးက နအဖ ဗိုလ်ချုပ်ကြီးများကို ပြောကြား ခဲ့သည်။

နအဖ၏ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော် ဦးဆောင်သည့် အဖွဲ့နှင့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့တို့ ယခုလ (၁) ရက်၊ ဘားအံမြို့၌ ပြုလုပ်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် အဖွဲ့၏ဥက္ကဋ္ဌ စောဌေးမောင်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စောဌေးမောင်က “ကျနော်တို့အဖွဲ့ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမှာကို လက်မခံနိုင်ဘူး။ ဗိုလ်ချုပ်တို့ အနေနဲ့ ကျနော့်ကို ပစ်သတ်ချင် ပစ်သတ်နိုင်ပါတယ်” ဟု ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

နအဖ၏ အစီအမံဖြင့် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည့် ကိစ္စကို ၎င်းတို့ရည်ရွယ်ချက်နှင့် သွေဖည်သည်ဟုဆိုကာ လက်မခံ နိုင်ကြောင်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ကြေညာချက်တစောင်ကို ယခုလ (၂၀) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကရင်တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်၏ သြဇာခံ အဖြစ် မထားလိုခြင်းမှာ ယင်းအစီအစဉ်ကို လက်ခံလိုက်ပါက ကရင်ပြည်နယ်အတွင်း ကရင် အမျိုးသားချင်း သတ်ဖြတ်မှုများနှင့် အခြား အကြမ်းဖက်မှုများ ပိုမို ဖြစ်ပွားလာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရဘဲ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးသည့် နည်းဖြင့် အဖြေရှာသင့်ကြောင်း ပါရှိပြီး ငြိမ်းချမ်းရေး ကောင်စီ အနေဖြင့် ကရင့် အာဇာနည် စောဘဦးကြီး မူ (၄) ချက်ကို စွဲကိုင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စောဘဦးကြီး၏မူ (၄) ချက်မှာ လက်နက်ချ စကား အလျဉ်း မပြောရ၊ ကရင့်လက်နက် ကရင့် လက်ထဲတွင် ရှိရမည်၊ ကရင့် ကံကြမ္မာ ကရင် ဖန်တီးမည်၊ ကရင်ပြည်ကို အသိအမှတ် ပြုခြင်း ပြီးပြည့်စုံ ရမည် စသည်တို့ ဖြစ်သည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ)၊ ကေအန်ယူ / ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အပါအ၀င် ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီး နအဖနှင့် ငြိမ်းချမ်းရေး ပြုလုပ်ထားသည့် ကရင်အဖွဲ့ (၇) ဖွဲ့ရှိသည်။

အဆိုပါအဖွဲ့များတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကိစ္စကို ဒီကေဘီအေအဖွဲ့က ပထမဆုံးလက်ခံခဲ့ပြီး ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့က ပထမဆုံး ငြင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေး ကောင်စီနှင့် နီးစပ်သည့် ကော့ကရိတ် မြို့ခံတဦးက “အခြေအနေ တွေကတော့ ရှုပ်ထွေး လာနိုင်တယ်။ အခုတောင် ဗိုလ်ဌေးမောင် တို့ အဖွဲ့ကို နည်းမျိုးစုံနဲ့ ဖိအားပေး လာတာတွေ ရှိနေပြီ” ဟု ပြောသည်။ စောဌေးမောင် ဦးဆောင်သည့် အဖွဲ့သည် ၂၀၀၇ ခု ဖေဖော်ဝါရီလ၌ ကေအန်ယူမှ ခွဲထွက်ပြီး နအဖနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */