ဦးချိုနှင့် မျက်လုံး ၅လုံးပါ အင်းဆက် ရုပ်ကြွင်း မြန်မာတွင် တွေ့

Thursday, October 29, 2009 ·

ကိုထွေး | မြန်မာနိုင်ငံ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းရှိ သတ္တုတွင်း တခုတွင် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၀၀ခန့်က ရှင်သန် နေထိုင်ခဲ့သည်ဟု ယူဆရသော အင်းဆက် မျိုးစိတ်သစ်တမျိုးကို ပယင်း ကျောက်ဖြစ်ရုပ်ကြွင်းတခု အတွင်းတွင် တွေ့ရှိကြောင်း သိရသည်။

ယင်း ကျောက်ဖြစ် ရုပ်ကြွင်း အတွင်းရှိ ယင်ကောင်တွင် မျက်မှောက်ခေတ် အင်းဆက်ပိုးများတွင် တွေ့ရသော ကြီးမားသည့် မျက်လုံးတစုံ အပြင် ဦးချိုတွင် မျက်လုံး ၃ လုံးပါရှိသည် ဟုဆိုသည်။

အော်ရီဂွန် တက္ကသိုလ် သတ္တဗေဒဌာန ပါမောက္ခ George Poinar, Jr.က “ရှာဖွေတွေ့ရှိခဲ့တဲ့ အင်းဆက်ပိုးတွေမှာ အခုလို ဦးချို ပါတာ မရှိသလို ဦးချိုမှာ မျက်လုံး ၃လုံးပါတာလည်း မရှိပါဘူး” ဟုပြောသည်။

ခြေထောက်ရှိ ၀တ်ရည်အိတ်ကြောင့် အဆိုပါ ယင်ကောင်သည် ပန်းပွင့်များကို မှီခိုနေရပြီး ပါးစပ်၏ တည်ဆောက်ပုံ အရ သေးငယ်သော အရာများကိုသာ ကိုက်ဝါးနိုင်ကြောင်း သိရသည်။

ပန်းပွင့်များပေါ် တွားသွားရာတွင် အထောက်အကူ ပြုသည့် သာမာန်ထက် ပိုမိုရှည်လျားသော ခြေထောက် များက ၎င်းယင်ကောင်၏ ထူးခြားသော ၀ိသေသတခုလည်း ဖြစ်သည်။

“သေးငယ်တဲ့ ပန်းပွင့် တွေထဲက ပန်းဝတ်ရည်နဲ့ ၀တ်မှုန်ကို စားသောက်တဲ့ သတ္တ၀ါ တမျိုးပါ၊ သူ့ရဲ့ ဦးချိုနဲ့ မျက်လုံး တွေက ပန်းပွင့် အသေးလေး တွေက ၀တ်ရည်စုပ်ယူဖို့ အတွက် အထောက်အကူ ဖြစ်ပေမယ့် ပန်းပွင့် အကြီး တွေအတွက် အထောက်အပံ့ မဖြစ်ပါဘူး၊ ဒါကြောင့် မျိုးတုံးသွားတာပါ” ဟု ပါမောက္ခက ဆိုသည်။

သစ်ပင်မှ စေးကပ်သော အရည်သည် အဆိုပါယင်ကောင် အပေါ်သို့ ကျ၍ အေးခဲသွားပြီး ယင်ကောင်၏ နဂိုမှုလ လက္ခဏာကို ယခု အချိန်ထိ ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၉၇ နှင့် ၁၁၀ အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သုတေသီများက ဆိုသည်။

ယခု အသစ် တွေ့ရှိရသော မျိုးစိတ်ကို Cascoplecia insolitis ဟု အမည်ပေးထားပြီး ယင်းမျိုးစိတ်သစ် တွေ့ရှိမှု ကြောင့် ရှေးနှစ်ပေါင်းများစွာက သက်ရှိ ပတ်ဝန်းကျင်အဖွဲ့( ဂေဟ စနစ်)နှင့် ယင်းတို့ကို မှီတင်း နေထိုင်ကြသော သတ္တ၀ါများ၏ အသေးစိတ် အချက်အလက်ကို သိပ္ပံ ပညာရှင်များက သိရှိနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း မြန်မာနိုင်ငံမှ Ganlea megacanina ဟု သုတေသနအမည် ပေးထားသော သက်တမ်း နှစ်သန်းပေါင်း ၃၈ သန်းရှိ ကျောက်ဖြစ် ရုပ်ကြွင်း ပရိုင်းမိတ်ကို မကွေးတိုင်း ပုံတောင်၊ ပုံညာ ဒေသတွင် တွေရှိခဲ့သည်။

ယင်းတွေ့ရှိမှုကြောင့် လူသား၊ မျောက်နှင့် လူဝံတို့၏ အစသည် အာဖရိကတိုက်မှ မဟုတ်ဘဲ အာရှတိုက်မှ ဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် Royal Society သုတေသန အသင်းတခု ကဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */