သတင်းထောက်နှင့် လူငယ်အချို့ ဖမ်းဆီးခံရ

Thursday, October 29, 2009 ·

NEJ | Foreign affair ဂျာနယ်မှ ဘာသာပြန် အယ်ဒီတာ ကိုသန့်ဇင်စိုး အပါအဝင် လူငယ် (၈) ဦးသည် အောက်တိုဘာ (၂၇) ရက်ည၌ ဒဂုံ ဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဉ်မြို့တော် အိမ်ရာရှိ ၎င်းတို့ နေထိုင်ရာ တိုက်ခန်းတွင် အာဏာပိုင် များ၏ ဖမ်းဆီးခြင်း ခံရကြောင်း ကိုသန့်ဇင်စိုး၏ လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

၎င်းက “ကိုသန့်ဇင်စိုးရယ်၊ အရင်က ပြည်မြန်မာ ဂျာနယ်မှာ လုပ်ကိုင်ဖူးပြီး လက်ရှိ Freelance သတင်းထောက် အဖြစ် လုပ်ကိုင်နေတဲ့ ကိုပိုင်စိုးဦး အပါအဝင် လူငယ် စုစုပေါင်း (၈) ဦးကို သူတို့နေထိုင်ရာ ယုဇန ဥယျာဉ်မြို့တော်က တိုက်ခန်းမှာ အာဏာပိုင်တွေက လာပြီး ဖမ်းသွားတယ်။ ကျနော် သိသလောက် ကိုသန့်ဇင်စိုးဆိုတာဟာ ဧရာဝတီတိုင်း အတွင်းမှာ နာဂစ်မုန်တိုင်းဘေး ဖြစ်ပြီးနောက် နာဂစ်ဘေးဒဏ်သင့်တဲ့ ပြည်သူတွေကို ကူညီဖို့ ဆိုပြီး ဂျာနယ် သတင်းထောက် အများစုနဲ့ စိတ်တူကိုယ်တူ စုစည်းထားတဲ့ လင်းလက်ကြယ် ဆိုတဲ့ အကူအညီပေးရေး အုပ်စုထဲက ဖြစ်တယ်။ နာဂစ်မုန်တိုင်း ကူညီရေးကိစ္စတွေကို တက်တက်ကြွကြွ လုပ်ကိုင် နေသူဖြစ်တယ်။ နောက် ကိုပိုင်စိုးဦးကလည်း အဲဒီအဖွဲ့က ဖြစ်သလို သတင်းလိုက်ရာမှာ တက်ကြွသူ ဖြစ်တယ်။ တခါတုန်းကဆိုရင် မီးလောင်တဲ့ သတင်းသွားလိုက်ပြီး သတင်း ဓာတ်ပုံ ရိုက်မိလို့ အာဏာပိုင် တွေက ဖမ်းတာကိုတောင် ခံရဖူးတယ်။ ဘေးပတ်ဝန်းကျင်မှာ နေသူတွေ ပြောပြချက် အရတော့ ဧည့်စာရင်း စစ်တာမျိုး မဟုတ်ဘူး။ သူတို့ တိုက်ခန်းကို အသေအချာ လာဝိုင်းပြီး ဖမ်းသွားတာ” ဟု ပြောသည်။

ကိုသန့်ဇင်စိုး အလုပ်လုပ်ကိုင်နေသည့် Foreign affair ဂျာနယ်သည် The Voice ဂျာနယ်နှင့် Living Color မဂ္ဂဇင်းကို ထုတ်ဝေနေသည့် ဒေါက်တာ နေဝင်းမောင် မီဒီယာက ပိုင်ဆိုင်သည့် ဂျာနယ်ဖြစ်သည်။

ကိုသန့်ဇင်စိုးကို ဘာကြောင့် ဖမ်းဆီး သွားရသည် ဆိုသည်ကို ဒဂုံ ဆိပ်ကမ်းမြို့နယ် ရဲစခန်းသို့ စုံစမ်းကြည့်ရာ ၎င်းတို့အနေဖြင့် မသိရကြောင်း၊ အက်စ်ဘီနှင့် စရဖက လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဖြေကြားသည်။

ယခုကဲ့သို့ ကိုသန့်ဇင်စိုး အဖမ်းခံရသည့် အတွက် ၎င်းနှင့်အတူ နာဂစ် လေဘေးသင့် ပြည်သူများကို တက်တက် ကြွကြွ အကူအညီ ပေးနေသည့် လင်းလက်ကြယ် အဖွဲ့တွင် ပါဝင်သူများကလည်း အထူး စိုးရိမ် နေကြကြောင်း၊ လင်းလက်ကြယ် အဖွဲ့တွင် နာမည်ကြီး ဂျာနယ်တိုက် အားလုံး နီးပါးက လူငယ် သတင်းထောက်များ ပါဝင်ကြသည့် အတွက် အချို့ ကြောက်ရွံ့ပြီး တိမ်းရှောင်မှုမှုများ ပြုလုပ် နေကြောင်း သိရသည်။

နာမည်ကြီး သတင်းဂျာနယ်တခုမှ အယ်ဒီတာ လူငယ်အမျိုးသမီးတဦးက “သမီးတို့လည်း လင်းလက်ကြယ်ဆိုပြီး နာဂစ်ဘေးတွေ ဝိုင်းလုပ်ခဲ့တယ်။ ပြီးခဲ့တဲ့ လတွေတုန်းကတောင် သမီးတို့လို ကူညီရေး အန်ဂျီအို အဖွဲ့တွေ တွေ့ဆုံပြီး အမြင် ဖလှယ်တာတွေ လုပ်ခဲ့သေးတယ်။ ခု ကိုသန့်ဇင်စိုးကို ဘာလို့ ဖမ်းတာလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် သမီးလည်း စိုးရိမ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီးတဦးကမူ အန်ဂျီအို လုပ်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားကို သတင်းများ ပေးပို့လို့ပဲဖြစ်ဖြစ် ဘာကြောင့် ဖမ်းဖမ်း မစိုးရိမ်ကြောင်း၊ သို့သော် ယခုကဲ့သို့ နိုင်ငံအတွက် ကောင်းရာကောင်းကျိုး လုပ်ကိုင်နေကြသည့် လူငယ် မျိုးဆက်သစ် သတင်းထောက် များကို မဆီမဆိုင် ဖောက်ခွဲ ဖျက်ဆီးရေး ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထောင်ချမည် ကိုမူ စိုးရိမ်ကြောင်း၊ လက်ရှိ စစ်အစိုးရသည် အလွန် ကောက်ကျစ်သည့် အစိုးရ ဆိုသည်ကို မည်သူမှ မငြင်းနိုင်ကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုသည်။

ယခု သတင်းကြောင့် အဆိုပါ သတင်းထောက် များ၏ မိတ်ဆွေ သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက်များ အကြား အလွန် စိုးရိမ် နေကြကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */