မြန်မာအဖွဲ့အစည်းများ၏ နေအိမ်များကို ရှောင်တခင်စစ်ဆေး

Tuesday, October 27, 2009 ·


ရဲရင့် ၊ ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် အခြေချသည့် စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားနေသော မြန်မာအဖွဲ့အစည်းများ၏ နေအိမ်များကို နယ်မြေခံစစ်တပ်မှ ယနေ့နံနက်ပိုင်းတွင် ရှောင်တခွင် ၀င်ရောက်စစ်ဆေးရာ ခဲယမ်းမီးကျောက်အချို့ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးမှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) မှ ဗိုလ်မှူးကြီး နယ်ဒါးမြ၏အိမ်တွင် မိုင်းလုပ်ရာ၌ အသုံးပြုသည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းအချို့ ဖမ်းဆီးရမိခဲ့သည်။


ဗိုလ်မှူးကြီးနယ်ဒါးမြမှာ ခရီးလွန်နေသည့်အတွက် ဇနီးဖြစ်သူ နန်းဟိလာကို စစ်ဆေးမေးမြန်းရန် ထိုင်းစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖမ်းဆီးမှုနှင့်ပတ်သက်၍ အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှတပ်မှူး ဗိုလ်မှူးကြီးပဒုံရင့် ဖိုင်းဘွန်းစို့က “နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းရေးလုပ်တာ။ မြန်မာဘက်က စစ်ရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့အိမ် (၈) နေရာကို သွားရှာတာ။ နယ်ဒါးမြရဲ့မိန်းမအိမ်မှာ မိုင်းလုပ်နိုင်တဲ့ ဆက်စပ်ပစ္စည်းတွေ့လို့ ခေါ်ပြီး စစ်ဆေးနေတယ်” ဟု ဒေသခံသတင်းထောက်များကို ပြောကြားသည်။

အဖွဲ့အစည်းတခုကိုသာ အဓိကပစ်မှတ်ထား စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ မြန်မာအဖွဲ့အစည်းများ အားလုံးကို ၀င်ရောက်စစ်ဆေးခြင်းဖြစ်သည်ဟု အဆိုပါတပ်မှူးက ပြောသည်။

ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်း၏ တာဝန်ရှိသူများက လိုက်လံဆောင်ရွက်ပေးနေသည်ဟု ကေအန်အယ်လ်အေမှ တပ်မှူးတဦးက ပြောသည်။

ယခုကဲ့သို့ ထိုင်းစစ်တပ်မှ မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေကြသည့် စစ်ရေးနိုင်ငံရေးဆိုင်ရာ အဖွဲ့များနေထိုင်ရာ နေအိမ် အများအပြားကို ၀င်ရောက်ရှာဖွေစစ်ဆေးခြင်းသည် ဒေသတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။


source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */