သတ္တုတွင်းလုပ်ငန်းများ ပုဂ္ဂလိကသို့လွှဲပြောင်းမည်

Tuesday, October 27, 2009 ·


မျိုးချစ်သူ ၊ သတ္တုတွင်းလုပ်ငန်းများအားလုံးကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်က ရွှေလုပ်ငန်းရှင်များအသင်း သတ္တမအကြိမ်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ပန်ဒါဟိုတယ်၌ အောက်တိုဘာ (၂၄) ရက်တွင် ပြုလုပ်ခဲ့သည့် ယင်းအစည်းအဝေးတွင် နမ္မတူဘော်တွင်းအား အေးရှားဝေါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်များ မကြာသေးခင်က လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးချုပ်အုန်းမြင့်က ပြောကြားခဲ့သည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးသည့် ၀န်ကြီးဌာနများမှာ သတ္တုတွင်းဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတို့ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုကဲ့သို့ လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်သည်ဟု ၀န်ကြီးက ပြောဆိုကြောင်း အစည်းဝေးတက်ရောက်သူ ရွှေလုပ်ငန်းရှင်အဖွဲ့ဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။


၎င်းက “၀န်ကြီးပြောတဲ့အထဲမှာ ပုဂ္ဂလိကကို အစိုးရနဲ့ တန်းတူ လုပ်ပိုင်ခွင့်ပေးတယ်ဆိုတာ ပါတယ်။ သူက ၂၀၁၀ အတွက် အကြိုစမ်းသပ်ပေးတဲ့ သဘောတဲ့ဗျ” ဟု ပြောသည်။

နအဖစစ်အစိုးရက ရှေ့နှစ်အတွက် လုပ်ငန်းများကို ယခုကဲ့သို့ ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပေးမည်ဆိုခြင်းသည် ပါးနပ်သည့်ဝန်ကြီးများအတွက် စားကွက်ဖြစ်နိုင်သည်ဟု ရန်ကုန်မှ ရွှေကုန်သည်တဦးက သုံးသပ်သည်။

“ကျနော်တို့က နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ နားလည်မှု နည်းပါးပေမယ့် စီးပွားရေးရဲ့အတိမ်အနက်ကိုတော့ မှန်းဆနိုင်တယ်ဗျ။ ဒီလိုမျိုး ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးတယ်ဆိုတာ သူတို့ အချိန်လေးရှိတုန်း လုပ်စားတဲ့သဘော။ ခုအချိန်မှာ ဘယ်လိုလုပ်ကွက်ကို လုပ်ချင်လဲ၊ ဘယ်လောက်ပေးရင် ရမယ်ပေါ့ဗျာ၊ ပြောရဆိုရလွယ်တဲ့ အချိန်လို့ပဲဆိုပါတော့။ အရင်ကတော့ ငွေပေးရရင်လည်း ရဖို့က ခက်တယ်လေ” ဟု ယင်းရွှေကုန်သည်က ပြောသည်။

ရွှေလုပ်ငန်းရှင်များအသင်းတွင် သတ္တုတွင်းဝန်ကြီးက နာယကအဖြစ် ပါဝင်သော်လည်း နှစ်စဉ်ပြုလုပ်နေကျ နှစ်ပတ်လည်ပွဲများကို တက်ရောက်မှုမရှိသလောက် နည်းပါးကြောင်း၊ ယခုနှစ်တွင် ရွှေလုပ်ငန်းရှင်များအား ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်များ ချပေးမည့်ကိစ္စနှင့်ပတ်သက်၍ ပြောကြားလိုသည့်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ရွှေလုပ်ငန်းရှင်အချို့က လတ်တလောတက်နေသော ရွှေဈေးနှင့်ပတ်သက်၍ ၀န်ကြီးက ကြိမ်းမောင်းမည်ထင်၍ တက်ရောက်သူ နည်းပါးခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူတဦးက ပြောသည်။

“ကမ္ဘာ့ရွှေဈေးကလည်း အတက်အကျဖြစ်နေတယ်။ ကျနော်တို့ဈေးကလည်း အတက်အကျဖြစ်နေတယ်။ ဒါပေမယ့် ၀န်ကြီးက ဈေးချဖို့ ပြောတာမဟုတ်ဘူး။ ငြိမ်အောင်ထိန်းဖို့လောက်ပဲ ပြောသွားတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံတကာတွင် ရွှေတအောင်စ ဒေါ်လာ (၁,ဝဝဝ) ကျော်၊ (၁,ဝ၅ဝ) အထက်အထိ ရောက်သွားပြီးနောက်ပိုင်း ပြည်တွင်း ရွှေဈေးကွက်မှာလည်း အခေါက်ရွှေ တကျပ်သား ကျပ် (၆) သိန်းကျော်ရှိနေကြောင်း သိရသည်။


source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */