သရုပ်ဆောင် လူရွှင်တော်ဇာဂနာ ကျန်းမာရေးကောင်း

Tuesday, October 27, 2009 ·


နှစ်ရှည်အကျဉ်းကျခံနေရသည့် သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် လူရွှင်တော်ဇာဂနာသည် ၀ဲပေါက်နေသည်မှလွဲ၍ ကျန်းမာရေးကောင်းကြောင်း မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ အောက်တိုဘာ (၂၃) ရက်နေ့က မြစ်ကြီးနားထောင်မှာ ကိုသူရကို သူ့ခယ်မ မငြိမ်းက ထောင်ဝင်စာ သွားတွေ့ခဲ့တယ်။ ကိုသူရ ၀ဲတွေပေါက်နေတာကလွဲပြီး ကျန်းမာရေးကောင်းပါတယ်။ ယူသွားတဲ့ ဖတ်စရာစာအုပ်၊ ဂျာနယ်တွေ၊ အစားအသောက်တွေ အားလုံးသွင်းလို့ ရတယ်။ နောက် သူ့ဝဲရောဂါကုဖို့ ၀ဲဆေးတွေလည်း ၀ယ်ပေးလိုက်ရတယ်။ ထောင်ထဲမှာလည်း စာဖတ်ခွင့်ရတယ်လို့ ပြောတယ်။ စုစုပေါင်း မိနစ် (၄၀) လောက် တွေ့ခွင့်ရခဲ့တယ်” ဟု ပြောသည်။

ကိုဇာဂနာသည် အီလက်ထရောနစ်အက်ဥပဒေ၊ နိုင်ငံတော်လုံခြုံရေးနှင့် ဗီဒီယို အက်ဥပဒေတို့ဖြင့် မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် (၃၅) နှစ် ကျခံနေရသည်။

၂၀၀၈ ခု ဇွန်လတွင် နာဂစ်မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကူညီခဲ့မှုများကြောင့် ကိုဇာဂနာအား စစ်အစိုးရက ထောင်ဒဏ် (၅၉) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ထောင်ဒဏ် (၃၅) နှစ်သို့ လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။

အေအေပီပီ-ဘီအဖွဲ့၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာ အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၂၁၁) ဦးရှိသည်ဟု သိရသည်။


source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */