နာရေး ကူညီမှု အသင်းကို မြောက်ဒဂုံ စည်ပင် တရားစွဲ

Thursday, October 29, 2009 ·

မင်းနိုင်သူ | နာရေးကူညီမှု အသင်းကို မြောက်ဒဂုံမြို့နယ် စည်ပင် သာယာက ယနေ့တရားစွဲဆိုလိုက်သည်။

“စည်ပင်က ဒီနေ့ စပြီး တရားစွဲတယ်။ ကျနော် မသွားဘူး။ ရုံးက မန်နေဂျာကိုပဲ လွှတ်လိုက်တယ်။ အမှုက စည်ပင်ရဲ့ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦအသုံးပြုလို့တဲ့။ ဒါပေမယ့် ဒီနေ့တရားရုံးက အစွဲဆိုခံ ကာယကံရှင် မပါလို့ဆိုပြီး အမှုကိုတော့ လက်မခံလိုက်သေးဘူး” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

မြောက်ဒဂုံ မြို့နယ် စည်ပင်က တောင်ဒဂုံမြို့နယ် တရားရုံးတွင် အမှုစွဲတင်ခဲ့ခြင်းဖြစ်ရာ မြို့နယ်မတူသည့် တရားရုံးတွင် အမှုစွဲတင်သည့်အပေါ်လည်း နားမလည်နိုင်ဖြစ်ရသည်ဟု ဦးကျော်သူက ပြောသည်။

“ဘာပဲဖြစ်ဖြစ်လေ၊ ကျနော် အစောကြီးကတည်းက ပြောပြီးသား စွဲချင်တဲ့နေရာမှာစွဲ။ ကျနော်မသွားဘူး။ ဖမ်းချင်ရင် လာသာဖမ်း။ လိုက်သွားရုံပဲ။ စည်ပင်ကတရားစွဲဖို့ ပြင်နေစဉ်က မေးတယ်။ ဘယ်သူ့နာမည်တပ်ရမလဲတဲ့။ ကျနော်က အသင်းမှာ အကြီးဆုံးဖြစ်တော့ ကျနော့်နာမည်တပ်စွဲလို့ ပြောပြီးသား” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

နာရေး ကူညီမှု အသင်းသည် မူလက သင်္ဃန်းကျွန်း မြို့နယ် ဗြဟ္မ၀ိဟာရ ဘုန်းကြီးကျောင်း တိုက်တွင် အခြေစိုက်ကာ အခမဲ့ နာရေး ၀န်ဆောင်မှု ပေးခြင်း၊ ဆေးကုသ ပေးခြင်းတို့ ပြုလုပ်နေရာမှ စည်ပင်ကပင် ပိတ်ပင်ခဲ့သည့် အတွက် ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်တွင် မြောက်ဒဂုံ မြို့နယ်သို့ ရွှေ့ပြောင်း ပေးခဲ့ရခြင်း ဖြစ်သည်။

နာရေးကူညီမှု အသင်းပိုင် မြေ (၂) ဧကကျော်ပေါ်တွင် သိန်း (၂,၀၀၀) ၀န်းကျင်ကုန်ကျသည့် အဆောက်အဦကို စည်ပင်ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သော်လည်း ခြံဝင်းရှေ့တွင် ရေမြောင်းမတူးသည့်အတွက်ဟုဆိုကာ မြောက်ဒဂုံစည်ပင်က အဆောက်အဦအသုံးပြုခွင့် မပေးနိုင်ဟု ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ရေမြောင်းတူးခိုင်းနေခြင်းနှင့်စပ်လျဉ်း၍ ဦးကျော်သူက “(၅) ပေ အကျယ်၊ (၅) ပေအနက် ရေမြောင်းတူးခိုင်းနေတာ။ ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မတူးဘဲ ကျနော်တို့ ရှေ့လေးတင် ကွက်တူးထားရင် ရေလှောင်ကန်လို ဖြစ်သွားမှာဗျ။ ရေက ဘယ်ကိုမှ စီးစရာမရှိဘဲ ခြင်ဖောက်ကန်လိုဖြစ်သွားမယ်။ ဒါကြောင့် ကျနော်တို့က မတူးတာ။ နောက်တခုက ကျနော်တို့က ဟိုကနေ ပြောင်းဆိုလို့ ကမန်းကတန်းပြောင်းလာရတာ။ ကုလက်စ လူနာတွေက ရှိသေးတယ်။ ဒီ အဆောက်အဦ အသုံးပြုခွင့်ဆိုတာကြီး ကျလာဖို့ စောင့်မနေနိုင်ဘူး” ဟု ရှင်းပြသည်။

လမ်း၊ တံတား၊ ရေမြောင်းဖောက်လုပ်ရသည့်အလုပ်မှာ နိုင်ငံတော်ပိုင်အခွန်ဘဏ္ဍာငွေဖြင့် မြို့တော်စည်ပင်သာယာက လုပ်ဆောင်ရမည့် အလုပ်ဖြစ်သော်လည်း စည်ပင်က လူထုကိုသာ ခိုင်းလေ့ရှိသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

နာရေးကူညီမှုအသင်းကို ယနေ့ တရားရုံးက လက်မခံသေးသော်လည်း ရှေ့ဆက်ဖြစ်လာမည့်ပြဿနာများကို ရင်ဆိုင်သွားမည်ဟု ဦးကျော်သူက ပြောသည်။

“နောက်ရက် ဘာဖြစ်လာမလဲတော့ မသိနိုင်သေးဘူး။ ကျနော်ကတော့ တရားစွဲလည်းစွဲ။ ထောင်ချလည်းချ။ အသင်းလုပ်နေရတဲ့ လုပ်ငန်းတွေကတော့ ရပ်ထားလို့မဖြစ်ဘူးဗျ။ သူတို့ ဆက်ပြီး တရားစွဲမယ်ဆိုလည်း စွဲပေါ့ဗျာ။ အခမဲ့ ဆေးကုပေး၊ မသာချပေးနေတဲ့ အသင်းကို ခွင့်ပြုချက်မရဘဲ အဆောက်အဦအသုံးပြုမှုနဲ့ တရားစွဲတယ်ဆိုတော့ ကမ္ဘာမှာ ထူးဆန်းအံ့သြဖွယ် ကောင်းတဲ့အမှုကြီး တခုဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ ဦးစီးတည်ထောင်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ်ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ပါရဂူဘွဲ့ရဆရာဝန်ကြီးများအပါအ၀င် ဆရာဝန် (၃၀) ခန့်က အခမဲ့ပညာအလှူပြု ကုသပေးလျက်ရှိပြီး အသင်းတွင် လုပ်အားဒါနပေးလှူနေကြသော စေတနာ့ဝန်ထမ်း (၂၀၀) ကျော်လည်း ရှိသည်။

အသင်းမှ ဖွင့်လှစ်ထားသည့် သုခဆေးခန်းသည် ရန်ကုန်မှ နွမ်းပါးသည့် လူနာများအတွက် အထူးအားထားရာ အခမဲ့ဆေးခန်းဖြစ်ပြီး တနေ့လျှင် လူနာပေါင်း (၂၀၀) ကျော်ကုသပေးနေရပြီး နာရေးကူညီမှုအနေဖြင့်လည်း တရက်လျှင် နာရေးဝန်ဆောင်မှုပေါင်း (၃၀) ၀န်းကျင်ခန့် ဆောင်ရွက်ပေးနေရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */