ကေအိုင်အိုနှင့် နအဖ ရှေ့လတွင် ထပ်မံ ဆွေးနွေးမည်

Thursday, October 29, 2009 ·

ခိုင်လင်း | ယခုလ ပထမပတ် အတွင်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးမှတဆင့် နေပြည်တော်ရှိ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား တင်ပြခဲ့မှုနှင့် ပတ်သက်၍ လာမည့်လ အတွင်း ဆွေးနွေးကြရန် ရှိသည်။

ကေအိုင်အိုမှ ပေးပို့သည့် စာထဲတွင် ကေအိုင်အို အဖွဲ့သည် ပြည်ထောင်စုထဲမှ ခွဲထွက်ရေးကို တောင်းဆိုနေခြင်း မဟုတ်ကြောင်း၊ ၁၉၄၇ ခုနှစ် ပင်လုံ စာချုပ်၏ ကတိကဝတ်များ အရ တန်းတူညီမျှရေးနှင့် စစ်မှန်သော ပြည်ထောင်စု စနစ်ကို လက်ခံ ရရှိလာပါက လက်နက် စွန့်လွှတ်ရန် ပြင်ဆင်ထား ပါကြောင်း ဖော်ပြပါရှိပြီး အဆိုပါစာနှင့် ပတ်သက်၍ နအဖဘက်မှ တုံ့ပြန်သည့် အနေဖြင့် လာမည့် နိုဝင်ဘာလ အတွင်း ဆွေးနွေး ရန်ရှိနေကြောင်း ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ကေအိုင်အိုရဲ့စာကို တုံ့ပြန်တဲ့ အနေနဲ့ ထပ်ဆွေးနွေး ကြတော့မယ်။ မြစ်ကြီးနားက ဆွေးနွေးပွဲတွေက ဧပြီ (၂၈) ရက်နေ့ကစလို့ (၈) ကြိမ်လောက် ရှိနေပြီ။ ကေအိုင်အို တောင်းဆို ထားတဲ့ နယ်ခြားစောင့် တပ်အစား ကချင် ဒေသ ကာကွယ်ရေး တပ်ဖွဲ့မယ်၊ လာမယ့် ပြည်နယ် အစိုးရ အဖွဲ့ရဲ့ အာဏာ(၃) ရပ်ထဲမှာ တိုက်ရိုက် ပါဝင်နိုင်ရေး ကိစ္စတွေက ဟိုက လုံးဝ လက်မခံတော့၊ အဲဒါနဲ့ အခု စာတင် လိုက်တာနဲ့ ဆွေးနွေးဖို့ လမ်းစတခု ထွက်လာတာပဲ” ဟု ပြောသည်။

နအဖနှင့် ဆွေးနွေးပွဲပြုလုပ်ရာတွင် ခေါင်းဆောင်တာဝန်ယူထားသည့် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်းကမူ ကေအိုင်အိုက ပေးပို့ခဲ့သည့် စာနှင့်ပတ်သက်၍ နအဖဘက်မှ မည်သည့်တုံ့ပြန်မှုမှ မရှိသေးကြောင်း ယမန်နေ့က ငြင်းဆိုခဲ့သည်။

ကေအိုင်အိုအဖွဲ့သည် ညောင်နှစ်ပင်အမျိုးသားညီလာခံတက်နေစဉ် ၂ဝဝ၄ ခုနှစ် နှစ်လယ်ပိုင်းအတွင်း အပစ်ရပ်အဖွဲ့အစည်းတို့နှင့် စုစုပေါင်း (၁၃) ဖွဲ့ စုပေါင်းပြီး ဥပဒေပြုရေးဆိုင်ရာ အာဏာခွဲဝေမှုအပိုင်းနှင့် စပ်လျဉ်းသည့် စာတမ်းတစောင်အား လက်မှတ်ရေးထိုး တင်ပြခဲ့ကြသည်။

အဆိုပါစာတမ်းတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကဲ့သို့ အာဏာခွဲဝေကျင့်သုံးသည့်စနစ်ဖြင့် အချို့သော ကဏ္ဍများ၌ ပြည်ထောင်စု ဥပဒေပြုအဖွဲ့တွင်ရှိနေသော အာဏာများနည်းတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများ ခွဲဝေပေးရေးကို တောင်းဆိုခဲ့ရာ နအဖက လက်မခံဘဲ လျစ်လျူရှုခဲ့သည်။

ကေအိုင်အိုအဖွဲ့အပါအဝင် အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့ရန် နအဖက ကမ်းလှမ်းထားပြီး အဆိုပါ နယ်ခြားစောင့်တပ်ကို နအဖစစ်တပ်ဘက်မှ အရာရှိနှင့်အခြားအဆင့်များပါ ပူးပေါင်းဖွဲ့စည်းပြီး ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်အောက်တွင် နေရမည်ဖြစ်၍ အချို့အဖွဲ့များက လက်ခံသဘောမတူနိုင်သေးဘဲ ဖြစ်နေသည်။

“ဟိုတုန်းက ကချင် (၁)၊ ကချင် (၂)၊ ချင်း (၁)၊ ချင်း (၂) ဆိုတဲ့ တိုင်းရင်းသားကိုယ်စားပြုတပ်တွေ ရှိခဲ့တယ်။ မဆလ လက်ထက် အထိ။ နဝတလည်း တက်လာရော အဲဒါတွေ ဘယ်ပျောက် သွားမှန်း မသိတော့ဘူး။ အခု ကေအိုင်အိုလည်း နယ်ခြားစောင့်တပ် လက်ခံလိုက်ရင် အနှစ် (၅ဝ) လောက်လုပ်လာခဲ့တဲ့ ကေအိုင်အေလည်း အဲလို ပျောက်မယ် ဆိုပြီး စိုးရိမ်နေတာ။ ပျောက်မယ်အတူတူတော့ မထူးတော့ဘူး၊ ဗမာတွေနဲ့အတူ တန်းတူညီမျှရေးတွေ ရလာရင် လက်နက်စွန့်ပြီး ကေအိုင်အေ အဖွဲ့ပါ ဖျက်ဖို့အထိ စဉ်းစားလာတာ” ဟု ကေအိုင်အိုနှင့် နီးစပ်သည့် ကချင် အမျိုးသား တဦးက ပြောသည်။

နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ကေအိုင်အိုက စာရေး တင်ပြခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကေအိုင်အိုမှ တာဝန် ရှိသူများထံ ဆက်သွယ် သော်လည်း ဖုန်း အဆက်အသွယ် မရရှိပေ။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */