အန်အယ်လ်ဒီနှင့် အမေရိကန် သံအရာရှိများ တွေ့ဆုံ

Wednesday, October 21, 2009 ·

NEJ | ရန်ကုန် အမေရိကန် သံရုံးမှ သံရုံး တာဝန်ခံ အပါအ၀င် အမေရိကန် အရာရှိ (၃) ဦးသည် ယမန်နေ့က အန်အယ်လ်ဒီ ရုံးချုပ်သို့ သွားရောက်ကာ အန်အယ်လ်ဒီမှ ခေါင်းဆောင် အချို့နှင့် တွေ့ဆုံခဲ့သည်။

ယင်းသို့ အမေရိကန် သံအရာရှိများ လာရောက် တွေ့ဆုံရခြင်းမှာ မြန်မာ နိုင်ငံသို့ အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်ဘဲလ် လာရောက်ရန် ရှိသည့် အတွက် အန်အယ်လ်ဒီ၏ သဘောထားကို ကြိုတင် သိရှိနိုင်ရန် တွေ့ဆုံ မေးမြန်းခြင်း ဖြစ်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “မြန်မာ နိုင်ငံကို အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်ဘဲလ် လာမယ်လို့ သိရတယ်။ အဲဒီအပေါ် မူတည် ပြီးတော့ ကြိုတင် အချက်အလက် လာယူတဲ့ အနေအထားလို့ ယူဆပါတယ်။ သူတို့ကတော့ ကျနော်တို့ အပါအ၀င် အခြား အဖွဲ့အစည်းတွေ အားလုံးကို တွေ့သွားပြီး မြန်မာ့ နိုင်ငံရေး အနေအထားကို စုံစမ်း လေ့လာဖို့ ဖြစ်တယ်လို့ ဆိုပါတယ်” ဟု ပြောသည်။

အန်အယ်လ်ဒီ ရုံးချုပ်သို့ လာရောက်ကြသူများမှာ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတာဝန်ခံ မစ္စတာ လယ်ရီ ဒင်ဂါနှင့် သံရုံးမှ အရာရှိတဦး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူ့အခွင့်အရေးဆိုင်ရာ အရာရှိ တဦးတို့ ဖြစ်ကြပြီး ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီခွဲမှ (၃) နာရီခွဲကျော်ခန့်ထိ အန်အယ်လ်ဒီမှ တာဝန် ရှိသူများနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ အစရှိသူများပါဝင်ကြပြီး အဓိကအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် အရေးယူ ပိတ်ဆို့မှု (sanction) ကိစ္စနှင့် ပတ်သက်၍ သဘောထားများကို မေးမြန်းခဲ့သည်ဟု သိရသည်။

“ရွေးကောက်ပွဲ ကိစ္စကတော့ ကျနော်တို့က အပြတ်ပြောလို့ မရပါဘူး။ ရွှေဂုံတိုင် ကြေညာ စာတမ်းမှာ ပါတဲ့ အတိုင်းပဲ ရပ်တည် ထားတယ်လို့ သူတို့ကို ရှင်းပြ လိုက်ပါတယ်။ သူတို့လည်း ဒါကို သဘောပေါက် ပါတယ်။
ဒီကိစ္စ တွေဟာ ကျနော်တို့ စီအီးစီနဲ့တင် ဆုံးဖြတ်လို့ မပြီးသေး ပါဘူးလို့ ပြောလိုက်ပါတယ်” ဟု ဦးခင်မောင်ဆွေ က ပြောသည်။

ဆန်ရှင်ကိစ္စနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ အပေါ်ထားရှိသည့် အမေရိကန် နိုင်ငံခြားရေး ဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒသစ်ကို ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား အတိုင်း ကြိုဆို ပါကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံ အစိုးရ အပါအ၀င် တိုင်းရင်းသားများ၊ အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံရန်၊ ထို့အပြင် တိုက်ရိုက် တွေ့ဆုံမှု တခုတည်း မဟုတ်ဘဲ ဖြစ်နိုင်ချေ အားလုံးကို လုပ်ကိုင် နိုင်ရန် ကြားထဲက ဆောင်ရွက် ပေးကြရန်လည်း တိုက်တွန်း ပြောကြားခဲ့ကြောင်း ဦးခင်မောင်ဆွေက ဆက်လက် ပြောကြားသည်။

အမေရိကန် အစိုးရအနေဖြင့် မြန်မာ စစ်အစိုးရ အပေါ် ပြစ်ဒဏ်ခတ် အရေးယူမှု (sanction) ကို ဆက်လက် ထားရှိမည် ဖြစ်သော်လည်း မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင် သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်ပြုလုပ်သည့် မြန်မာ့ အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ်ကလင်တန်က ပြောကြားခဲ့သည်။

အန်အယ်လ်ဒီ ရုံးချုပ်သို့ အမေရိကန် သံအရာရှိများ လာရောက် တွေ့ဆုံမှုနှင့် ပတ်သက်၍ ဦးခင်မောင်ဆွေက “သူတို့ ဘက်ကတော့ မြန်မာ နိုင်ငံကို ကမ္ဘာ့မိသားစုထဲကို အဆင်ပြေပြေနဲ့ ရောက်ရှိ သွားအောင် တချက်ပေါ့၊ နောက်ပြီးတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန် မြင့်ပြီးတော့ ဖြစ်ပေါ်လာအောင် တကြောင်းပေါ့လေ။ နောက်တခုက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မြန်မာ့ မိတ်ဆွေများက ပြောထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းသား အားလုံး လွတ်မြောက် ပြီးတော့ကာ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ တပါတည်း ပါဝင်နိုင်ဖို့ အတွက် အာရုံစိုက် လုပ်ဆောင် ပေးဖို့ အကောင်းတွေ ဖြစ်လာအောင် ကြိုးပမ်းချင်တဲ့ အတွက်ကြောင့် ထိတွေ့ ဆက်ဆံပြီးတော့ အစိုးရအပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို တွေ့ဆုံ လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

တွေ့ဆုံမှုများ ဖြစ်ပေါ်လာခြင်းသည် plan တခုကို အတိအကျ ချပြီး သွားနေသည့် အနေအထားမျိုး မဟုတ်သော်လည်း informal process ဖြစ်လာသည့် အတွက် နိုင်ငံတကာနှင့် ပိုမို ထိတွေ့မှု ရှိလာနိုင်သည်ဟု ဦးခင်မောင်ဆွေက သုံးသပ်သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အသစ်ကို ကြိုဆိုသော်လည်း အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက် ဆွေးနွေး သင့်ကြောင်း စက်တင်ဘာလ အတွင်းက ပြောကြားခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */