ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေလှောင်တမံ (၁၀) ခု တည်ဆောက်မည်

Tuesday, October 27, 2009 ·


အောင်ထက် ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက် (၂၇) မိုင်ကျော်အကွာ မေခ-မလိခ ဧရာဝတီမြစ်ဆုံအထက်၌ ရေအားလျှပ်စစ် ထုတ်ယူရန် ရေထိန်းတမံများ တည်ဆောက်ရေးစီမံကိန်းကို လာမည့် ၂၀၁၀ တွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့မှ ဌာနဆိုင်ရာအရာရှိတဦးက ပြောသည်။

စီမံကိန်းကာလမှာ (၇) နှစ်ဖြစ်ပြီး ကြီးမားသော ရေထိန်းတမံ (၁၀) ခု တည်ဆောက်ရန်အတွက် တရုတ်ပညာရှင် (၁) သောင်း၊ မြန်မာပညာရှင်နှင့် အလုပ်သမား (၃) သောင်း စုစုပေါင်း ၀န်ထမ်းဦးရေ (၄) သောင်း အသုံးပြုမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးဝန်ထမ်းများအား ငါးရိက္ခာဖြည့်တင်းရန် တနေ့လျှင် ငါးပိဿာ (၆၀၀) အမှာရရှိထားကြောင်း ရန်ကုန်မြို့ ငါးလုပ်ငန်းဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

အဆိုပါစီမံကိန်းကို ဆည်မြောင်းဦးစီးဌာန၊ ဒေသခံ ကချင်အထူးဒေသ (၁) အန်ဒီအေကေနှင့် အေရှားဝေါလ် ဆောက်လုပ်ရေးတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ပြီး တရုတ်ပညာရှင်များ မြေပြင်ကွင်းဆင်းလေ့လာမှု ပြုလုပ်နေသည်မှာ ကြာပြီဖြစ်ကြောင်း မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ ဆည်မြောင်းဦးစီးဌာနမှ အရာရှိတဦးက “ရေထိန်းတမံ (၁၀) ခု တည်ဆောက်ရေး စီမံကိန်းက ထိပ်တန်းလျှို့ဝှက်အဆင့်ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဆုံဝန်းကျင်မှာ ကွင်းဆင်းလေ့လာနေကြတာ နေရာစုံပါပဲ။ မြစ်ဆုံ အထက်၊ အောက် ဘယ်နေရာဖြစ်မယ်ဆိုတာ ခုထိ ရေရေရာရာ မရှိသေးပါဘူး” ဟု ပြောသည်။

ရေထိန်းတမံ (၁၀) ခု တည်ဆောက်ပြီးစီး၍ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ပါက အဆိုပါစီမံကိန်းမှ တနေ့လျှင် မဂ္ဂါဝပ် (၁) သောင်း ရရှိမည်ဟုလည်း သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားကို နှစ်နိုင်ငံ စီးပွားရေးသဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသော ထိုင်းနိုင်ငံသို့ ရောင်းချမည်ဟု ယခုနှစ်ဦးပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေသပထ၀ီ အနေအထားနီးစပ်သော တရုတ်နိုင်ငံသို့ ရောင်းချမည်ဆိုခြင်းမှာ ပို၍ ဖြစ်နိုင်ခြေရှိကြောင်း မြစ်ကြီးနားမြို့ခံများက ယူဆကြသည်။

“တရုတ်ပညာရှင်တွေ survey ဆင်းနေတာ ကြာပြီ။ ကရိန်နော်၊ ကောင်းမှုလုံ၊ တန်ဖဲ နေရာစုံမှာ တွေ့နေရတယ်။ အဲဒီ ရေလှောင်တမံ (၁၀) ခု စီမံကိန်းက မြစ်ဆုံအောက်ဘက် ကြိမ်ခရမ်နဲ့ (၁) မိုင်ခွဲသာသာလောက်မှာ ဆောက်မယ်လို့လည်း ကြားတယ်။ စီမံကိန်းအမည်၊ တမံအမျိုးအစား၊ အမြင့်ပေ ဘယ်လောက်ဆိုတာတွေတော့ မသတ်မှတ်ရသေးဘူးထင်တယ်” ဟု ဒေသခံ အန်ဒီအေကေမှ အဖွဲ့ဝင်တဦးက ပြောသည်။

ရန်ကုန်မြို့တွင် တနေ့သုံးစွဲခွင့်ရှိသည့် လျှပ်စစ်မဂ္ဂါဝပ်မှာ (၅၈၀) သာရှိကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာတလလုံး မဂ္ဂါဝပ် (၄၀၀) ၀န်းကျင်နှင့် လည်ပတ်ခဲ့ရကြောင်း၊ ယခု တရုတ် (သို့မဟုတ် ) ထိုင်းသို့ ရောင်းချမည့် တနေ့ မဂ္ဂါဝပ် (၁) သောင်းနှင့် ရန်ကုန်မြို့တွင်း သုံးစွဲနေရသည့် မီးအားပမာဏမှာ လွန်စွာကွာခြားကြောင်း၊ တိုင်းပြည်၏ သဘာဝသယံဇာတ ရင်းမြစ်များသည် ပြည်သူများအပေါ် အကျိုးသက်ရောက်မှုမရှိခြင်းမှာ ၀မ်းနည်းစရာဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူးတဦးက သုံးသပ်သည်။

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံတလျှောက်၌ ဒွန်ပန်ချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ ကြိမ်ခရမ် ရေအားလျှပ်စစ်စီမံကိန်းတို့မှာ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနေပြီဖြစ်သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း၊ ချီဖွေစီမံကိန်း၊ ချီဖွေငယ်စီမံကိန်းတို့မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ဖက်စပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရေအားလျှပ်စစ်စီမံကိန်းများဖြစ်သည်။

လက်ရှိ တည်ဆောက်နေဆဲ ရေအားလျှပ်စစ်စီမံကိန်း (၁၃) ခု၊ တည်ဆောက်မည့် စီမံကိန်း (၁၃) ခု ပြီးစီးပါက စုစုပေါင်းမဂ္ဂါဝပ် (၃၂,၈၅၀) ထွက်ရှိမည်ဖြစ်ပြီး လာမည့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြည်တွင်းလျှပ်စစ်စွမ်းအားလိုအပ်ချက်ကို ရေအားလျှပ်စစ်မှ ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */