လယ်သမားများ ဝမ်းစာစပါး မျှစားနေကြရ

Thursday, October 29, 2009 ·

အောင်ကျော်မိုး | ဝမ်းစာစပါး ပြတ်လပ်လာ၍ လက်ရှိ ရိတ်သိမ်းနေသည့် စပါးအသစ် များကို ရိတ်သိမ်းခြင်း မပြုနိုင်သေးသည့် လယ်သမားများနှင့် ခွဲဝေမျှတ စားနေကြရကြောင်း ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်နှင့် မြောင်းမြ မြို့နယ်ကြား ရေဆိုင် ကျေးရွာ အုပ်စု ကျောက်ဖြာ ကျေးရွာမှ လယ်သမား တဦးက ပြောသည်။

၎င်းက “ကျနော်တို့ ရွာအုပ်စုမှာ တချို့ လယ်သမားတွေရဲ့ လယ်တွေက ရိတ်သိမ်းနိုင်ပြီ။ ဒါပေမယ့် တချို့ လယ်သမားတွေကတော့ မရိတ်နိုင်ကြသေးဘူး။ နောက် ဝမ်းစာကလည်း ပြတ်စ ပြုလာပြီ။ ဒါကြောင့် စပါးရိတ်တဲ့ တောင်သူ တွေကလည်း ရိတ်ပြီးပြီးချင်း သူတို့ စပါးတွေ ဈေးကွက်တင် မရောင်း နိုင်ကြသေးဘူး။ စပါး မရိတ်နိုင်သေးတဲ့ ဝမ်းစာပြတ်နေတဲ့ လယ်သမားတွေ စားဖို့ မျှပြီး ပေးနေရတယ်။ ဒီနှစ်ဟာ ရာသီဥတုကြောင့် ကျနော်တို့ ဘက်က လယ်တွေက စပါးရင့်မှည့်ချိန် မညီဘူး။ ကွက်ကွက်ပြီး ရိတ်နေရတယ်။ နောက် စပါးရိတ်ခါနီး တချက်တချက် မိုးဝင် ဖျက်လိုက်တာလည်း ပါတယ်” ဟု ပြောသည်။

စပါးပေါ်ချိန် ရောက်သော်လည်း ဈေးကွက် တွင်းသို့ စပါးတင်ပို့ နိုင်ခြင်း မရှိသေးသည့် အတွက် ကြိတ်ခွဲစရာ လက်ကျန် စပါးနည်းပါး နေပြီး စပါးဈေးလည်း မြင့်တက် နေကြောင်း ၎င်းကပြောသည်။

မြောင်းမြဘက်တွင် ယခုပေါ်သည့် စပါးအသစ်များမှာ အစိုဓာတ် မကုန်သေးသော်လည်း တင်း (၁ဝဝ) ကို ကျပ် (၃၇ဝ,ဝဝဝ) ပေါက်လျက် ရှိပြီး မိုးစပါး အဟောင်းများမှာမူ တင်း ၁ဝဝ ကို ကျပ် (၄) သိန်းကနေ (၄) သိန်း (၂) သောင်း ဈေးပေါက် နေသည်။

ဧရာဝတီတိုင်း ဘက်မှ စပါးနှင့်ဆန် အ၀င်နည်းခြင်းကြောင့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် ဆန်ဈေးကွက်၌လည်း ဆန်ကြမ်းဈေးများ မြင့်တက် လာနေပြီး ပြီးခဲ့သည့်အပတ်က ဆန်ကြမ်း ဧည့်မထ (ဇီယာ) အဟောင်း တတင်းခွဲ တအိတ် ကျပ် (၁၇,ဝဝဝ) ဝန်းကျင်သာ ရှိရာမှ ယခု ကျပ် (၁၈,ဝဝဝ) ဝန်းကျင်အထိ မြင့်တက်လျက်ရှိသည်။

အလားတူ ဘိုကလေး မြို့နယ် ပတ်ဝန်းကျင် ကျေးရွာ တို့၌လည်း ကြွက်များ အလွန် သောင်းကျန်း နေသည့် အတွက် ယခုနှစ်တွင် အပြည့်အဝ စပါး ရိတ်သိမ်း နိုင်စွမ်း ရှိမရှိ မသိနိုင်ကြသေးပေ။

ယခုကဲ့သို့ စပါးလက်ကျန် နည်းလာ နေခြင်း၊ ရာသီဥတုကြောင့် စပါးရိတ်သိမ်းချိန် မတူညီခြင်း၊ ကြွက်အန္တရာယ် ကျရောက်နေခြင်း စသည့် အခြေအနေ တို့ကြောင့် စပါးဈေး၊ ဆန်ဈေး အလွန်အမင်း မြင့်တက်လာမည်ကို စိုးရိမ်သည့် နအဖ အာဏာပိုင်များက ဆန်နိုင်ငံခြား တင်ပို့ခွင့် ရပ်ဆိုင်းထား သကဲ့သို့ (WFP) ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ကို ရောင်းချရန်လည်း ဆိုင်းငံ့ထားကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */