ဗလမင်းထင် တံတားတွင် ပစ်ခတ်မှု ဖြစ်ပွား

Wednesday, October 28, 2009 ·

လင်းနိုင်ဦး | ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားပေါ်တွင် ပစ်ခတ်မှု တရပ် ဖြစ်ပွားခဲ့သည့် အတွက် တာဝန်ကျ ရဲဝန်ထမ်း (၂) ဦး ပြင်းထန်စွာ ဒဏ်ရာ ရသွားကြပြီး မြစ်ကြီးနား ဆေးရုံကြီး၌ ဆေးကုသ ခံနေရကြောင်း ရဲမိသားစုဝင် တဦးက ပြောသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ (၁၈) ရက်နေ့ည (၁ဝ) နာရီကျော်ကျော်တွင် ဝိုင်းမော်ဘက်မှ မြစ်ကြီးနားသို့ သွားရန် ဗလမင်းထင် တံတား ရဲဂိတ်သို့ အရပ်ဝတ်တဦး မောင်းလာသည့်ကား တစီး ရောက်လာပြီး ဂိတ်ဖွင့် ခိုင်းရာတွင် တာဝန်ကျ ရဲဝန်ထမ်းများက ဂိတ်ဖွင့်ချိန် ကျော်နေသဖြင့် သက်ဆိုင်ရာထံ အမိန့်တောင်းခံ နေစဉ်တွင် အဆိုပါ အရပ်ဝတ်နှင့် လူက သေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ရဲမိသားစုဝင် ဖြစ်သူက ပြောသည်။

၎င်းက “ကျနော့် အစ်ကို အပါအဝင် တာဝန်ကျ ရဲဝန်ထမ်းတွေက ည (၈) နာရီ ကျော်ပြီမို့ တံတားကို ပိတ်လိုက်ပြီ။ သူက ကားပေါ်က မဆင်းဘဲ သူ့ကိုယ်သူ ဗိုလ်ကြီးလို့ ပြောတယ်။ ဒီတော့ တာဝန်မှူးက ကျနော်တို့ အထက်ကို သတင်းပို့ရဦးမယ်။ သူတို့အမိန့်ရမှ ဖွင့်ပေးနိုင်မယ်လို့ ပြောတယ်။ အဲဒါသူက မောက်မောက် မာမာနဲ့ မင်းတို့ ရဲဆိုတာ ငါတို့တပ်က ခိုင်းရင် ခိုင်းသလို လုပ်ရမယ်၊ နားမလည်ဘူးလား ဆိုပြီး ပြောတယ်။ ဒါပေမယ့် တာဝန်မှူးက ဖွင့်မပေးသေးဘဲ အထက်အရာရှိကို စက်နဲ့ ဆက်သွယ်နေတယ်။ အဲဒီအချိန်မှာပဲ အဲဒီ စစ်အရာရှိ ဆိုသူက သူပါလာတဲ့ ပစ္စတိုနဲ့ ရဲတွေကိုပစ်တာ။ တဦးက ရင်ဘတ်ကို ထိတယ်။ နောက်တဦးက လက်ကို မှန်သွားတယ်။ နောက် အဲဒီစစ်အရာရှိက ပြန်ထွက်သွားတယ်။ ရဲတွေကတော့ ဘာမှ ပြန်မလုပ်ကြဘူး” ဟု ပြောသည်။

ရင်ဘတ်ကို သေနတ်ထိမှန်သူ ရဲဝန်ထမ်းသည် မြစ်ကြီးနား ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ အခြေအနေ ဆိုးရွားနေပြီး ကျန်တယောက်မှာ သက်သာလာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်အရာရှိသည် မြစ်ကြီးနား အခြေစိုက် ခလရ (၃၇) မှ ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ကြောင်း၊ ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များသည် အပစ်အခတ်ခံရရုံမက တာဝန်ကျ ဝန်ထမ်း အချို့လည်း နောက်ပိုင်း အရေးယူ အပြစ်ပေးခြင်း ခံရကြောင်း ဗလမင်းထင် တံတားမှ ရဲဝန်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျခံရသည့်အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအကြား မကျေမနပ် ဖြစ်နေကြသော်လည်း သက်ဆိုင်ရာ စစ်အာဏာပိုင်များက သတင်း လုံးဝ မပေါက်ကြားရန် သတိပေးထားသည့် အတွက် ဘာမှ မတတ်နိုင် ဖြစ်နေကြသည်။

ယခု ကဲ့သို့ ဖြစ်ရပ်မျိုး မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ဖြစ်ပွားလေ့ ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် မည်သည့် နေရာတွင် မဆို စစ်ယူနီဖောင်းဝတ် စစ်သားများ၏ အနိုင်ကျင့်ခံရကြောင်း အငြိမ်းစား တပ်မတော် အရာရှိဟောင်း တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */