အကျဉ်းကျခံ ကိုညီညီအောင်၏ မွေးနေ့ မဲဆောက်တွင် ကျင်းပ

Thursday, October 29, 2009 ·

ရဲရင့် | အင်းစိန်ထောင်တွင် ဖမ်းဆီး အကျဉ်းကျ ခံနေရသည့် မြန်မာလူမျိုး အမေရိကန် နိုင်ငံသား ကိုညီညီအောင်၏ အသက် (၄၀) ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို မွေးနေ့ရှင်၏ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များက မဲဆောက်မြို့တွင် ယနေ့ ကျင်းပပြုလုပ်သည်။

နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် တဦးဖြစ်သူ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (အန်ဒီဒီ) အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဒီမိုကရေစီ နည်းနှင့် တိုင်းပြည် ပြောင်းလဲရန် ကြိုးပမ်းနေသူ တဦး အတွက် မွေးနေ့ အလှူ ကျင်းပပေးခြင်း ဖြစ်သည်ဟု ပြောသည်။

“လုပ်ဖော် ကိုင်ဖက် တဦး ထောင်သွင်း အကျဉ်းကျခံ နေရတယ်။ ဒီမိုကရေစီရေးနဲ့ ပတ်သက်ရင် သူက တိုင်းပြည်အပြောင်းအလဲ ဖြစ်ဖို့၊ လူထုတွေ စစ်အာဏာရှင်တွေ အောက်က လွတ်မြောက်ဖို့ အတွက် သူတောက်လျှောက် ကြိုးစားလာခဲ့တယ်။ သူမရှိတဲ့ ကာလမှာ သူနဲ့အတူ အခြား ဖမ်းဆီး နှိပ်စက်ခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အားလုံး အတွက်ကို ရည်စူးပြီးတော့ သူ့မွေးနေ့မှာ အလှူပြုတာ ဖြစ်တယ်” ဟု ပြောသည်။

မွေးနေ့ပွဲကို ၎င်းနှင့်အတူ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွင် အတူ လက်တွဲပါဝင် လှုပ်ရှားခဲ့ကြသည့် ၈၈ မျိုးဆက်ကျောင်းသား များက ကမကထပြု ကျင်းပခြင်းဖြစ်သည်။

ဘန်ကောက်ရှိ မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် ကိုညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် မြန်မာနိုင်ငံ လေဆိပ်၌ ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ဆိုသည်ကို အတိအကျ ဖော်ပြခြင်းမရှိသော်လည်း ကိုညီညီအောင်သည် ၂၀၀၅ ခု နိုဝင်ဘာမှ ၂၀၀၉ ခု စက်တင်ဘာအတွင်း (၈) ကြိမ် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံကာ သတင်း ဖလှယ်ခြင်းနှင့် ငွေကြေး ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် ဖောက်ခွဲ ဖျက်ဆီးရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်း တာဝန် မကင်းဟု လွန်ခဲ့သည့် စက်တင်ဘာ (၂၄) ရက်ထုတ် စစ်အစိုးရ သတင်းစာများတွင် စွပ်စွဲရေးသား ဖော်ပြခဲ့သည်။

သို့သော် ကိုညီညီအောင်ကို တရား စွဲဆိုရာတွင် လိမ်လည်မှုပုဒ်မ ( ၄၂၀) နှင့် စာရွက်စာတမ်း အတု အသုံးပြုမှု ပုဒ်မ (၄၆၈) ဖြင့် တရားစွဲဆို ခဲ့ပြီး အဆိုပါ စွပ်စွဲချက်များကို ကိုညီညီအောင်က မဟုတ်မမှန်ကြောင်း တရားရုံးတွင် ငြင်းဆိုခဲ့သည်။

ကိုညီညီအောင်၏ အမှုကို မင်္ဂလာဒုံ မြို့နယ် တရားရုံးက လက်ခံကြားနာခြင်း ဖြစ်သော်လည်း တရားခွင်ကိုမူ အင်းစိန်ထောင် အထူး တရားရုံး အတွင်း ပြုလုပ်ခဲ့ပြီး ကိုညီညီအောင်၏ ရှေ့နေများအဖြစ် ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က လိုက်ပါ ဆောင်ရွက် ကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */