သံဃာတော်များ ပြည်ပ ထွက်ခွာခွင့် ပိုမိုတင်းကျပ်

Monday, October 19, 2009 ·

မင်းနိုင်သူ | နအဖ စစ်အစိုးရက သံဃာတော်များ၏ ပြည်ပ ထွက်ခွာ ခွင့်ကို တင်းကျပ်စွာ စိစစ်နေဆဲဖြစ်ကာ သံဃာတော်များ၏ ထေရုပတ္တိကိုပါ တောင်းယူနေကြောင်း ပြည်တွင်းသံဃာတော်များက မိန့်ဆိုသည်။

“အခုထိ ပြည်ပ သာသနာရေး ဌာနက တင်းတင်း ကျပ်ကျပ် ကိုင်တွယ် နေတုန်းပဲ။ အစိုးရ ကတော့ သံဃာတော် တွေကို ရန်သူလိုကို ဆက်ဆံ နေတော့တာပါ” ဟု ရန်ကုန်မြို့ခံ သံဃာတော် တပါးက မိန့်ဆိုသည်။

သံဃာတော်များ ပြည်ပသို့ ထွက်ခွာပါက သက်ဆိုင်ရာ နိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူး လက်မှတ်၊ သာသနာ မှတ်တမ်း၊ တိုင်းခရိုင် မြို့နယ်၊ သံဃာ့မဟာနာယက၏ထောက်ခံချက်၊ ပြစ်မှု ကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြ နေကြရသည့် အပြင် ယခုအခါ ထေရုပတ္တိကိုပါ တောင်းယူလာကြောင်း သိရသည်။

“ဆရာတော်ကြီးတွေနဲ့ အတူကြွမယ့် နောက်ပါ သံဃာတော်တွေ ကိုတောင် သာသနာဝင် ကတ်ပြား တင်ပြရတဲ့ အပြင် ရပ်ကွက် သံဃာ့ မဟာနာယက ထောက်ခံချက်၊ မြို့နယ်သံဃာ့ မဟာနာယက ထောက်ခံချက် စတဲ့ ထောက်ခံချက်တွေ တသီကြီးကို သာသနာရေး (ပြည်ပ) က တောင်းတယ်။ ဒါ့အပြင် သံဃာတော်တွေရဲ့ ထေရုပတ္တိ ကိုလည်း တောင်းတယ်။ ဦးဇင်းတို့မှာ ထွက်ခွာခွင့်ရဖို့ကို ဟိုဝင်ရ၊ ဒီသွားရနဲ့ အတော်အချိန်ယူရတဲ့ ဒုက္ခတွေ တွေ့နေရတယ်” ဟု ပြည်ပ ထွက်ခွာခွင့်ရရန် ဆောင်ရွက်နေသော သံဃာတော် တပါးက မိန့်ဆိုသည်။

ပြည်ပသာသနာရေးဦးစီးဌာနမှ ထောက်ခံချက်ရရန် သံဃာတော်များအနေဖြင့် ကျပ်ငွေ (၅,၀၀၀) နှင့် ကျပ် (၁၀,၀၀၀) အထိ ပေးကမ်းနေကြရသည်။

နအဖစစ်အစိုးရက သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို တင်းကျပ်စွာ ကိုင်တွယ်နေသကဲ့သို့ ပြည်ပမှ ပြန်လာသော သံဃာတော်များကိုလည်း စောင့်ကြည့်မှုများရှိနေသည်ဟု ရန်ကုန်မြို့ခံ သံဃာတပါးက မိန့်သည်။

အဆိုပါ သံဃာတော်က “သူတို့က သံဃာတော်ရဲ့ ထေရုပတ္တိ ကိုပါ တောင်းထားပြီး ပြည်ပ ထွက်ခွာခွင့် ပြုထားတော့ ပြန်လာရင်လည်း လိုက်ရတာလွယ်သွားတာပေါ့။ အဲဒါကြောင့် သံဃာတွေ မထွက်ခွာခင်ကတည်းက သာသနာရေးက အချက်အလက်တွေအစုံရအောင် တောင်းထားတာ” ဟု မိန့်သည်။

နအဖစစ်အစိုးရက ၂၀၀၇ စက်တင်ဘာ အရေးအခင်း ပြီးချိန်မှ စ၍ သံဃာတော်များ အပေါ် တင်းကျပ်စွာ ကိုင်တွယ်နေပြီး ယခုနှစ် ဇွန်လပိုင်းမှ ယခုအချိန်ထိ သံဃာတော် အပါး (၃၀) ခန့်ကို ဖမ်းဆီး စစ်မေးမှုများ ပြုလုပ်နေသည်။

“တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲလုပ်မယ့် သတင်းကို ကြိုရပြီး၊ သံဃာတွေကို ကြိုတင် ဖမ်းဆီးနိုင်လို့ ဆိုပြီး သတင်းတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို မနေ့က မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ အောင်သပြေ ခန်းမမှာ ဂုဏ်ပြုပွဲ လုပ်သွားတယ်။ အဲဒီပွဲကို ပြည်ထဲရေး ၀န်ကြီး ကိုယ်တိုင် တက်ပြီး ဖမ်းဆီးမှုမှာပါတဲ့ တပ်ဖွဲ့ဝင်တွေကို ရာထူးတိုးပေးတာတွေလည်း ရှိခဲ့တယ်တဲ့” ဟု ရန်ကုန်မြို့မှ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */