ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ် ဒုဝန်ကြီးချုပ်နှင့်တွေ့

Tuesday, October 20, 2009 ·

ရန်ပိုင် | တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ကျင်းပမည့် တရုတ်- အာဆီယံ စီးပွားရေး ရင်းနှီးမြုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ သွားရောက်သည့် စစ်အစိုးရ ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ယနေ့တွင် တရုတ်နိုင်ငံ၏ ဒု ၀န်ကြီးချုပ် Li Keqiang နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် တရုတ် ဒုဝန်ကြီးချုပ် Li Keqiang (ဓာတ်ပုံ - ဆင်ဟွာ)
အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး သည် တရုတ် ဒု ၀န်ကြီးချုပ်နှင့် တွေ့ဆုံ ရာတွင် နှစ်နိုင်ငံ နယ်စပ် ဒေသများ လုံခြုံမှုနှင့် တည်ငြိမ်မှုရှိ စေရန် အတွက် အတူတကွ ပူးပေါင်း လုပ်ဆောင် မည်ဟု သဘော တူညီကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

“တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ စလုံး နယ်စပ် ဒေသ တည်ငြိမ်ရေး အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက် သင့်တယ်၊ ဒါဟာ နှစ်နိုင်ငံ လူထု အတွက် အခြေခံ အကျဆုံး ဖြစ်တယ်”ဟု တရုတ် နိုင်ငံ၏ ဒုတိယ ၀န်ကြီးချုပ်ကပြောကြား ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး တည်ဆောက်မှု နှင့် ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ဆက်လက် အကူအညီ ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသွားသည်ဟု ဆင်ဟွာက ဆိုသည်။

နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနှင့် တခြားသော အစိုးရအဖွဲ့ဝင် ၀န်ကြီးများပါ လိုက်ပါသွားခဲ့သော ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ယမန်နေ့က စတင်သည့် ခရီးစဉ်သည် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သည့် ကိုးကန့် တိုက်ပွဲများ ပြီးဆုံးပြီး နောက် အဆင့်မြင့် စစ်အစိုးရ အဖွဲ့ဝင် တဦး တရုတ်နိုင်ငံသို့ စတင် သွားရောက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အနေဖြင့် ပြည်တွင်း စွမ်းအင် လိုအပ်ချက် ပမာဏ ကြီးမားသောကြောင့် မြန်မာနိုင်ငံ ရခိုင် ကမ်းလွန်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များအား နယ်စပ် ဒေသများကို ဖြတ်၍ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ သယ်ယူမည် ဖြစ်သည့် အတွက် နယ်စပ် ဒေသ တည်ငြိမ်ရေးကို အထူး လိုလားနေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဗမာပြည် ကွန်မြူနစ် ပါတီမှ ဒေါက်တာလှကျော်ဇော က ပြောသည်။

“တရုတ်က သူ့နယ်စပ်မှာ နောက်ထပ်လက်နက်ကိုင်တိုက်ပွဲတွေ ထပ်ပြီး မပေါ်စေချင်ဘူး၊ စစ်အစိုးရကလည်း တရုတ် အစိုးရ နဲ့ ဆက်ဆံရေးက အရေးကြီးတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက တရုတ်နယ်စပ်ရှိ ကိုးကန့်ဒေသတွင် စစ်အစိုးရနှင့် ဦးဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့် အပစ်ရပ်အဖွဲ့(MNDAA)တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် စစ်အစိုးရ၏ လက်နက်ကြီး ကျည်များ တရုတ် နိုင်ငံ အတွင်းသို့ ကျရောက် ခဲ့သောကြောင့် တဦး သေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး တချို့သော တရုတ် လူမျိုး များလည်း ရိုက်နှက်ခံရမှု ရှိခဲ့သည်။

ထို့အပြင် စီးပွားရေး လုပ်ငန်းများ ဆုံးရှုံးခဲ့ရသည့် အတွက် လင်ချန်ဒေသ အာဏာပိုင်များက လျော်ကြေးအဖြစ် တရုတ်ယွမ်ငွေ သန်း ၂၈၀ တောင်းခံခဲ့သည်။

တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံသည် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် တရုတ် မြန်မာ အရေးအခင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ခေတ္တ ပျက်ပြားခဲ့သည်။ ၁၉၈၈ ခုနှစ် စစ်တပ် အာဏာ သိမ်းပြီး နောက်ပိုင်းတွင် တရုတ် နိုင်ငံသည် စစ်အစိုးရနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာကာ စီးပွားရေးနှင့် လက်နက် အဓိက ထောက်ပံ့သော နိုင်ငံ ဖြစ်လာသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */