မင်းကိုနိုင် ရေးသားသည့် နောက်ကြည့်မှန် ၀တ္တုထုတ်ဝေ

Monday, October 19, 2009 ·

ရဲရင့် ၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို အခြေခံပြီး မင်းကိုနိုင် ရေးသားသည့် “နောက်ကြည့်မှန်” လုံးချင်းဝတ္ထုကို ယမန်နေ့က ကျရောက်သည့် စာရေးသူ၏မွေးနေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီက ဂုဏ်ပြုထုတ်ဝေဖြန့်ချိလိုက်သည်။

နအဖအကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅) နှစ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ မင်းကိုနိုင်၏ စာပေအနုပညာအလင်းရောင်များကို ပြည်သူများထံ ဖြန့်ကြက်သွားစေရန်အတွက် ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်သည်ဟု အေအေပီပီက ပြောသည်။

အဖွဲ့၏တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “သူက နိုင်ငံရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်နေပေမယ့် သူ့မှာ အနုပညာဖန်တီးမှု အတော်ကြီးပါတယ်။ သူ့ဝတ္ထုကို နောက်ကြည့်မှန်ဆိုပြီး နာမည်ပေးထားတယ်။ အချစ်ဝတ္ထု ရသဆန်ဆန်လေး ရေးထားတယ်။ ဒါပေမယ့် သူဖြတ်သန်းတဲ့ခေတ် ၁၉၈၈ လှုပ်ရှားမှုကြီးကိုအခြေခံပြီး သူဖန်တီးတာပါ။ ဒီဝတ္ထုမျိုးက မြန်မာပြည်မှာ ဆင်ဆာရမယ့်ဟာမျိုးမဟုတ်ဘူး။ သူ့ရဲ့အနုပညာ ဖန်တီးမှုကို မပျောက်ပျက်ရအောင် ဒီလိုပုံစံမျိုးနဲ့ ဒီစာအုပ်ကို ထုတ်ရတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အေအေပီပီမှ ကမကထပြု၍ မင်းကိုနိုင်၏ (၄၇) နှစ်မြောက်မွေးနေ့ပွဲကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



မင်းကိုနိုင်သည် ပထမအကြိမ် ထောင်ထဲတွင် (၁၆) နှစ် ကြာနေခဲ့ရကာ ထောင်မှပြန်ထွက်လာပြီး နောက်ပိုင်း နောက်ဆုတ်သွားခြင်းမရှိဘဲ နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။ ယခင်ကဲ့သို့ သပိတ်မှောက်ကျောင်းသား အဆင့်မဟုတ်တော့ဘဲ နိုင်ငံအတွက် အမှန်တကယ်လိုအပ်နေသည့် အမျိုးသားသွေးစည်းညီညွတ်ရေးကို တစိုက်မတ်မတ် ပြောဆိုလုပ်ဆောင်လာခဲ့သည်။ မင်းကိုနိုင်ကို နအဖက ဖမ်းဆီးထားခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးမရှိကြောင်း၊ ယနေ့ပွဲမှာ
မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုကျင်းပခြင်းဖြစ်သည်ဟု မွေးနေ့ပွဲအပြီးတွင် ဦးဘိုကြည်က ပြောသည်။

နောက်ကြည့်မှန် လုံးချင်းဝတ္ထုသည် စာမျက်နှာ (၁၇၁) မျက်နှာပါရှိပြီး အလိုရှိသူများ ထိုင်းနိုင်ငံအတွင်း စာပို့ခအပါအ၀င် ဘတ် (၁၂၀) နှင့် အခြားပြည်ပနိုင်ငံများသို့ စာပို့ခအပါအ၀င် အမေရိကန် (၁၅) ဒေါ်လာဖြင့် စာတိုက်သေတ္တာအမှတ် (၉၃) မဲဆောက်စာတိုက် ထိုင်းနိုင်ငံ စာပို့သင်္ကေတ (၆၃,၁၁၀) သို့ ဆက်သွယ်မှာယူနိုင်သည်။

အဘ ဦးသက်ညွန့်၊ အမိ ဒေါ်လှကြည်တို့မှ မင်းကိုနိုင်ကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ သတ္တဗေဒအဓိကဖြင့် စတင်ပညာသင်ကြားခဲ့ကာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။

၁၉၈၉ ခု မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး နေအိမ်သို့အပြန် မင်းကိုနိုင်ကို စစ်အစိုးရက ဖမ်းဆီးပြီး ၂၀၀၄ ခုနှစ် နိုဝင်ဘာ (၁၉) ရက်တွင် ထောင်မှပြန်လွတ်ခဲ့သည်။ ထို့နောက်၂၀၀၆ ခု စက်တင်ဘာ (၂၇) ရက်တွင် ထပ်မံဖမ်းဆီးခံရပြီး ၂၀၀၇ ခု ဇန်န၀ါရီလ (၁၁) ရက်တွင် ပြန်လွတ်လာကာ ၂၀၀၇ ခု သြဂုတ် (၂၁) ရက်ညတွင် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆၅) နှစ် ကျခံနေရသည်။

၁၉၉၉ ခုနှစ်က ကိုမင်းကိုနိုင်သည် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့်အတူ ကနေဒါနိုင်ငံမှချီးမြှင့်သည့် JohnHumphreyFreedomAward(Canada) ဆုကို စတင်ရရှိခဲ့ပြီး အဆိုပါဆုအပါအ၀င် နိုင်ငံတကာမှ ပေးအပ်ချီးမြှင့်သည့်ဆု (၇) ဆု ရရှိထားသည်။

မင်းကိုနိုင် နောက်ဆုံးရရှိသည့်ဆုမှာ တောင်ကိုရီးယားနိုင်ငံ၏ ၂၀၀၉ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ အမြင့်မားဆုံးဆုဖြစ်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုဖြစ်သည်။

source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */