ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အာဆီယံ ထိပ်သီးညီလာခံ တက်မည်

Tuesday, October 20, 2009 ·

VOA | ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေ စခန်းမှာ ဒီသီတင်းပတ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ညီလာခံကို မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မယ်လို့ တနင်္လာနေ့ထုတ် မြန်မာအစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ရဲ့ ဖိတ်ခေါ်မှုနဲ့ အောက်တိုဘာလ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း ကျင်းပမယ့် ထိပ်သီးညီလာခံကို သွားရောက်မယ်လို့ ဆိုပါတယ်။

ဒီညီလာခံမှာ ဒေသတွင်း နိုင်ငံတွေအတွင်း လူ့အခွင့်အရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းကြမှာ ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့အတွက် အဓိက လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် နေတယ်လို့ ၀ိုင်းဝန်း ပြောဆို တာကို ခံရတဲ့ မြန်မာ နိုင်ငံလို နိုင်ငံမျိုး အတွက်တော့ ပြစ်ဒဏ်ချမှတ်ဖို့၊ ဒါမှမဟုတ် စောင့်ကြည့် စစ်ဆေးဖို့အတွက် အခွင့်အာဏာ ပေးထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ ပြီးခဲ့တဲ့လက နယူးယောက်ခ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက် ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ထိပ်တန်း ခေါင်းဆောင် တဦး အထွေထွေ ညီလာခံကို ၁၄ နှစ်အတွင်း ပထမဦးဆုံး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

နားဆင်ရန်

source by : ဗီအိုအေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */