မီးလောင်ခံရသည့် မော်လမြိုင်ဈေး ဆိုင်ခန်းခများ ဈေးကြီး

Friday, October 16, 2009 ·

လွင်ကို | မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အမှတ် (၁) အောက်ဈေးကြီးသည် မီးလောင်ပြီးနောက် ပြန်လည် တည်ဆောက် ထားသော ဆိုင်ခန်းများ ဈေးနှုန်းမြင့်မား မှုကြောင့် ဆိုင်ခန်းဖွင့်လိုသူများ အခက်အခဲ ဖြစ်နေ ကြကြောင်း သိရသည်။

ယခင်က ဆိုင်ခန်း ဈေးနှုန်းများထက် ယခု အသစ်ဆောက်ပြီး ပြန်လည် ရောင်းချသော ဈေးနှုန်းများက နှစ်ဆ ၊ သုံးဆ ခန့် မြင့်မား သွားသည့် အတွက် အသေးစား အရောင်းအဝယ် လုပ်သူများ ဆိုင်ခန်းခ ငွေသွင်းရန် အခက်အခဲ ဖြစ်ကြရသည်ဟု ယင်း အမှတ်(၁)ဈေးကြီးတွင် ထိုင်းနိုင်ငံထုတ် အီလက်ထရွန်နစ် ပစ္စည်းများ ရောင်းဝယ်သော ဆိုင်ရှင် တဦးက ပြောသည်။

“အရင်က ဈေးနှုန်းနဲ့လုံးဝ ကွာသွားတာပေါ့၊ တခန်းကို ကျပ် ၄၅ သိန်း နဲ့ သိန်း ၆၀ တောင် စည်ပင်ကို သွင်းရ တာ၊ ဆိုင်ခန်းကြီး တွေကတော့ ငွေသွင်းနိုင်တာပေါ့၊ အသေးစားဆိုင်သမား တွေကတော့ ငွေမသွင်းနိုင်ကြတော့ ဘူး” ဟု ၎င်း ဆိုင်ရှင်က ဆိုသည်။

မော်လမြိုင်မြို့ခံ တဦးကလည်း“မီးမလောင်ခင်ကတော့ ပုဂ္ဂလိက၀ယ်ထားတဲ့ သူတွေကရောင်းတာရှိတယ်၊ ကျပ် ၁၅ သိန်း ၊၂၀ ပဲ ပေါက်တယ်၊ ဒါပေမယ့် အရောင်းအ၀ယ် လုပ်တာနည်းတယ်၊ ၀ယ်ထားတဲ့ဆိုင်ခန်းကို ပြန်ရောင်း တာနည်းတယ်၊ အရင်က စည်ပင်ကို ဈေးကောက်ပေးပြီးရောင်းကြတာ ဆိုင်ကြီးတွေက တလကို ကျပ် ၄ ၊ ၅ ထောင်လောက်ပဲ ပေးရတာ၊ ဒီလိုဆိုင်ခန်းရောင်းတာမရှိဘူး”ဟု ပြောဆိုသည်။

မီးလောင်ပြီးနောက် ပြန်ဆောက်ထားသော ဆိုင်ခန်းများကို စည်ပင်သာယာသို့ ၂၀၀၉ ခုနစ် ဧပြီလတွင် ပထမ အရစ် ကျပ် ၁၅သိန်း စတင်ပေးသွင်းရပြီး စက်တင်ဘာလဆန်းတွင် ဒုတိယအရစ် ၁၅သိန်း စသည်ဖြင့် သုံးရစ် ပေးသွင်း ရသော်လည်း ငွေမပေး သွင်းနိုင် သောကြောင့် ယခင် ဆိုင်ခန်း ဖွင့်လှစ်သူ အများအပြား ဆိုင်နေရာ ပြန်မရ ဖြစ်နေကြောင်း စားသောက်ကုန် ပစ္စည်းရောင်းဝယ်သူ တဦးက ပြောသည်။

“ကျမတို့လို အရောင်းအဝယ်နည်းတဲ့ သူတွေကတော့ ဆိုင်အတွက် ငွေမသွင်းနိုင်တော့ဘူး၊ သူတို့ ယာယီချပေး ထားတဲ့ ဆိုင်ခန်းတွေ ပြန်သိမ်းရင် နေရာရှာရတော့မယ်၊ အရောင်းအဝယ်က အခုနောက်ပိုင်း လုံးဝမကောင်း ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

အမှတ်(၁)ဈေးကြီး မီးလောင်မှုကြောင့် စည်ပင်သာယာမှ ကမ်းနားလမ်းတွင် ၆ ပေ ပတ်လည်ဆိုင်ခန်း ၄၀၀ ကျော် ယာယီချထားပေးသော်လည်း ကုန်ပစ္စည်းများပြားသော လုပ်ငန်းရှင်များသည် အိမ်များငှားရမ်း ဖွင့်လှစ် ရောင်းချနေကြကြောင်း သိရသည်။

ယင်းဈေးကြီးအနီး ကမ်းနားလမ်းရှိ ယာယီချထားပေးသောဆိုင်ခန်းများတွင် လုပ်ငန်းရှင်များအနေဖြင့် အရောင်း အဝယ်ပြုလုပ်ခြင်းနှင့် ပစ္စည်းထားသိုရာတွင် လုံခြုံမှုမရှိခြင်း အစရှိသည်တို့ကြောင့် မြိုတွင်းရှိ အိမ်များတွင်သာ ဖွင့်လှစ်ရောင်းဝယ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

“မီးလောင်ပြီး အရောင်းအဝယ်လဲ မကောင်းတော့ဘူး၊ ကုန်သည်တွေလည်း လာတာနည်းလာတယ်၊ မော်လမြိုင် ရဲ့စီးပွားရေးက တနေ့တခြားဆိုးလာတယ်”ဟု အလှကုန်ရောင်းဝယ်ရေး ကုန်သည်တဦး က ပြောသည်။

အဆိုပါ အီလက်ထရွန်နစ် ပစ္စည်း၊ အလှကုန်၊ ဆေးဝါး၊ အဝတ်အထည် စသော လူသုံးကုန် နှင့် စားသောက်ကုန် ပစ္စည်းများ အဓိကရောင်းချသည့်ဈေးကြီးသည်၂၀၀၈ ခုနစ် ဒီဇင်ဘာလ ၁ ရက်နေ့က မော်လမြိုင်မြို့တွင် အကြီး ကျယ်ဆုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရူံးမှုများခဲ့ကြောင်း အရောင်းအဝယ် သမားတဦးက ပြောသည်။

“ပစ္စည်းတွေ လှောင်ထားတဲ့ ကုန်သည်တွေလဲ ရူံးလိုက်တာ ရှိတာကုန်တယ်၊ ဆိုင်ခန်းပြန်မရခင်မှာလဲ အဆင်ပြေ အောင် ဆိုင်တွေ ဖွင့်ထား ရသေးတယ်၊ မီးစလောင်တုန်း ကတော့ ဒီဈေးမှာ အရင် ရောင်းတဲ့ သူတွေကိုပဲ ဆိုင်ခန်း ဆောက်ပြီးသွားရင် ပြန်ချပေးမယ်ပြောထားတာ၊ ခေတ်မီနှစ်ထပ်ဈေးအတွက်ဆိုပြီး သွင်းရတဲ့ ငွေကလဲ များ၊ အရောင်းအဝယ် ကလဲ မကောင်းနဲ့ မလွယ်ပါဘူး”ဟု ၎င်းက ဆိုသည်။

ယင်း မော်လမြိုင် အမှတ်(၁)ဈေးကြီးသည် ယခင်က ဆိုင်ခန်းပေါင်း ၁၁၂၄ ခန်း ပါဝင်သော တထပ် ဈေးကြီးဖြစ် သည်။ မီးလောင် ပြီးနောက် ယခု ဧရာဟင်္သာ ဆောက်လုပ်ရေးကုမ္ပဏီက အသစ် တည်ဆောက် ထားသော နှစ် ထပ် ဈေးတွင် ဆိုင်ခန်းပေါင်း ၁၃၃၆ ခန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */