ငွေစက္ကူ အသစ်ကြောင့် ရွှေဝယ်သူ ပိုမိုများပြားလာ

Friday, October 16, 2009 ·

ရန်ပိုင် | ငွေစက္ကူ အသစ် ၅၀၀၀ ကျပ်တန် ထုတ်ပြီး နှစ်ပတ်အတွင်းတွင် ရွှေ ၀ယ်ယူမှု ပိုမိုများပြားလာကြောင်း ရွှေ ဈေးကွက် မှ သိရသည်။

ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင် တဦးက“၅၀၀၀ တန်ကို ကြောက်ပြီးတော့ ရွှေကိုပိုဝယ်လာတယ်၊ ၀ယ်တဲ့သူ အများစု ကလည်း လက်ထဲမှာ ငွေပိုငွေလျံ အရမ်းများတဲ့သူတွေဖြစ်တယ်”ဟု ပြောသည်။

စစ်အစိုးရက ယခု ၅၀၀၀ တန်ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဟု ကြေညာချက် ထုတ်ပြန်ပြီးသည့် နောက်ပိုင်းမှ စတင်၍ ငွေကြေး ဖောင်းပွကာ ကုန်ဈေးနှုန်းများ ကြီးမြင့်လာမည်ကို စိုးရိမ် သောကြောင့် ပိုမို ခိုင်မာသည့် ရွှေကို ဝယ်ယူ စုဆောင်းကြခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒေါ်လာကလည်း တခါတလေအဖမ်းအဆီးရှိတော့ ၀ယ်ရတာ မလွယ်ဘူး၊ အတုအစစ်ပြဿနာကရှိသေးတယ်၊ တရားမ၀င်ငွေ ကိုင်ဆောင်မှုနဲ့လည်း ဖမ်းဆီးခံရနိုင်တယ်၊ရွှေကတော့ ရောင်းရ၀ယ်ရလွယ်တယ်”ဟု၎င်းကပြော သည်။

ယခင်ကလည်းငွေကြေးအမြောက်အမြား လက်ဝယ်ထားရှိသူများ အနေဖြင့် နိုင်ငံရေး စီးပွားရေး အခြေအနေများ ထူးခြား ပြောင်းလဲမှုရှိလျှင် ရွှေနှင့် အမေရိကန်ဒေါ်လာကိုလျင်မြန်စွာဝယ် ယူစုဆောင်း မှုရှိကြောင်း ဘုရင့် နောင် ပွဲရုံတန်းမှ ပဲလုပ်ငန်းရှင်တဦးကလည်းပြောသည်။

“အရင်တုန်းကတော့ တခုခုဆိုရင် အိမ်ဝယ်၊ ကားဝယ်ပဲ၊ အခုတော့ အဲဒါတွေလည်း ဈေးတွေကျကုန်ပြီဆိုတော့ ဈေးကွက်အရ မာတဲ့ ရွှေကိုဝယ်တာ”ဟု ၎င်းက ဆိုသည်။

ရွှေဈေးနှုန်းသည် ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့ ညနေက ဈေးကွက်တွင် ၆၁၀၀၀၀ ကျပ်ဖြင့် ဈေးပိတ်သွားခဲ့ရာ ယမန် နေ့က ဈေးနှုန်းပြန်လည်ကျဆင်းသွားကြောင်း၊ ယနေ့ဈေးနှုန်းမှာ အဓိက ရွှေဈေးကွက်ဖြစ်သည့် ရွှေဘုံသာလမ်း ဈေးကွက်တွင်လက်ကားဈေးနှုန်း ၆၀၁၀၀၀ ကျပ်နှုန်းဖြင့် ဈေးဖွင့်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာ တအောင်စလျှင် ၁၀၆၈ ဒေါ်လာခန့်ရှိသည်ဟု ရွှေကုန်သည်ကြီးများ အသင်းက ပြောသည်။

စစ်အစိုးရက ငွေစက္ကူသစ်ရိုက်နှိပ်ရခြင်းမှာ ငွေကြေးဖောင်းပွမှုကို ကာမိစေရန်၊ စီးပွားရေးလုပ်ငန်းများတွင် အရောင်းအ၀ယ် ပမာဏကြီးမြင့်လာမှု၊ ငွေစက္ကူအဟောင်းများရိုက်နှိပ်သောအခါ တန်ဖိုးနှင့် ကုန်ကျစရိတ်မမျှတ မှု တို့ကြောင့် ယခုငွေစက္ကူအသစ်ကိုရိုက်နှိပ်ခြင်းဖြစ်နိုင်သည်ဟု စီးပွားရေးပညာရှင် ခင်မောင်ညို( ဘောဂဗေဒ) က ပြောဆိုသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်က ၁၀၀၀ ကျပ် တန်ထုတ်တယ်၊ အဲ့ဒီကြားကာလမှာ ငွေဖောင်းပွမှု ၅ ဆ မကရှိတယ်၊ ၂၀၀၆ ခု နှစ်မှာ ရွှေဈေး ၄၂၀၀၀၀ ကျပ်ပဲရှိတယ်၊ လိုအပ်လို့ထုတ်တာ”ဟု ၎င်းကပြောသည်။

ထိုသို့တိုင်းပြည်၏ လိုအပ်ချက်ကြောင့် ထုတ်သည်ဆိုသော်လည်း ငွေစက္ကူအသစ်ထုတ်လုပ်ခြင်းသည် ရေရှည် အတွက် ကောင်းမွန်ပါသည်ဟု မည်သည့်စီးပွားရေးသီအိုရီများတွင်မှ အဓိပ္ပာယ်ဖွင့်ဆိုထား ခြင်းမရှိကြောင်း အဆိုပါ ခင်မောင်ညို (ဘောဂဗေဒ) က ထောက်ပြ ဝေဖန်ခဲ့သည်။

စစ်အစိုးရက ငွေစက္ကူ အသစ် ၅၀၀၀ ကျပ်တန်များကို အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့က ကြေညာခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့တွင် စတင်၍ ထုတ်ဝေ သုံးစွဲခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */