နိုင်ငံခြားငွေ ရှိသူများကို ဒီဇယ်ဆီ တင်သွင်းခွင့် ပေးမည်

Friday, October 16, 2009 ·

အောင်ကျော်မိုး | ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ရာမှ နိုင်ငံခြားငွေ ရရှိထားသူများကို ဒီဇယ်ဆီ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အောက်တိုဘာ (၁၅) ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးမူဝါဒရေးရာ ကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “မနေ့က နေပြည်တော် အစည်းဝေးက ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိ ဒီဇယ်ဆီတွေကို ကော်မတီဖွဲ့ပြီး တင်သွင်းနေရာကနေ ပို့ကုန်ဝင်ငွေ ရှိသူတိုင်း တင်သွင်းခွင့်ရလာမယ်လို့ သိရတယ်။ အခြားအသေးစိတ် အချက်အလက်တွေတော့ မသိရသေးဘူး” ဟု ပြောသည်။

နိုင်ငံခြားမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ အပါအဝင် လောင်စာဆီ တင်သွင်းခွင့်၊ ပြည်တွင်းတွင် ဖြန့်ဖြူး ရောင်းချခွင့်များကို စစ်အစိုးရက ချုပ်ကိုင် ထားသော်လည်း ဒီဇယ်တင်သွင်း ရောင်းချခွင့်တခုကိုမူ နာဂစ်လေမုန်တိုင်းဘေး ဖြစ်ပွားပြီး နောက်ပိုင်း ကော်မတီဖွဲ့ကာ လုပ်ဆောင်ခွင့် ပြုထားခြင်း ဖြစ်သည်။

ဒီဇယ်ဆီ ဈေးနှုန်းနှင့် ပတ်သက်၍ လောလောဆယ် အစိုးရ ဆီဆိုင်များမှ ရောင်းချ နေသည့် နှုန်းထားသည် ပြင်ပ မှောင်ခို ပေါက်ဈေးထက် မြင့်နေကာ အစိုးရ ဆီဆိုင်များတွင် ဒီဇယ်ဆီ တဂါလန် ကျပ် (၃,ဝဝဝ) ဖြင့် ရောင်းချနေပြီး ပြင်ပဒီဇယ်ဆီ ပေါက်ဈေးမှာမူ တဂါလန် ကျပ် (၂,၆ဝဝ) ခန့်သာ ရှိသည်။

ထို့ကြောင့် ဒီဇယ်အင်ဂျင်သုံး ကားစီးသူများ အနေဖြင့် အစိုးရ ဆီဆိုင်များတွင် မဝယ်ဘဲ ပြင်ပ မှောင်ခို ဆီဆိုင်များ၌သာ ဝယ်ယူ အသုံးပြု ကြကြောင်း၊ သို့သော် နောက်ပိုင်း ပြင်ပဒီဇယ်ဆီ ပေါက်ဈေးများ မြင့်တက် လာသည့် အခါ အစိုးရဆိုင်တွင် ပြန်လည်ဝယ်ယူနိုင်ရန် ဆီခွဲတမ်းစာအုပ် အသက်ရှင်နေရေးအတွက် (၁) လ တခါ သွားထည့်နေရသေးကြောင်း ရန်ကုန်မြို့မှ ဒီဇယ်ကား အသုံးပြုနေသူများက ပြောသည်။

အစိုးရသည် ဒီဇယ်ဆီ အပါအဝင် လောင်စာဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခွင့်များနှင့်ပတ်သက်၍ စည်းကမ်း အမျိုးမျိုး ထုတ်ကာ မကြာခဏ မူဝါဒ ပြောင်းလဲ တတ်ကြောင်း ဘုရင့်နောင် ပွဲရုံမှ လုပ်ငန်းရှင်ကြီး တဦးက ပြောသည်။

၎င်းက “လောင်စာဆီ ပြဿနာနဲ့ ပတ်သက်လို့ ဘာမှ မှန်းဆလို့ မရနိုင်ဘူး။ နိုင်ငံတကာလို ပုဂ္ဂလိကတွေကို ပြည်ပကနေ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပြီး ပြည်တွင်းမှာလည်း တရားဝင် ဖြန့်ဖြူး ရောင်းချခွင့် ပြုသင့်တယ်။ ဒါမှသာ ပြည်တွင်း လောင်စာဆီ လောကမှာ မှောင်ခို စနစ် ဖြစ်နေတာတွေ၊ မှောင်ခိုကြောင့် မီးလောင်မှု ဖြစ်ပွားနေရတာတွေ လျော့နည်းသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

နေပြည်တော်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အမည် မဖော်လိုသူ အရာရှိတဦးကမူ မကြာမီ ပွင့်လင်း ရာသီရောက်ပြီး နောက်ပိုင်း လျှပ်စစ် ဓာတ်အား ဖြန့်ဝေမှု အလွန် လျော့နည်းတော့မည် ဖြစ်သည့် အတွက် မြန်မာနိုင်ငံတဝန်း မီးစက်နှင့် အခြားအင်ဂျင်များကို အသုံးပြုရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီဇယ်ဆီလိုအပ်ချက် ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါပြဿနာကို ကာကွယ်သည့် အနေဖြင့် ဒီဇယ်ဆီတင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ဓာတ်ဆီ ဈေးမှာမူ အစိုးရ ဆီဆိုင်တို့တွင် တဂါလန် ကျပ် (၂,၅ဝဝ) ဖြစ်ပြီး ပြင်ပ ပေါက်ဈေးမှာ တဂါလန် ကျပ် (၂,၇ဝဝ) ခန့် ပေါက်ဈေး ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */