ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ အားလုံးနှင့် တွေ့ခွင့် ပေးရန် တောင်းဆို

Saturday, October 31, 2009 ·

NEJ | နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့မှု အပေါ် ဗဟို တရားရုံးချုပ်တွင် အယူခံတင်ရန် လျှောက်လွဲချက် မူကြမ်းကို တိုင်ပင် ဆွေးနွေးရန် ၎င်း၏ ရှေ့နေအားလုံးနှင့် တွေ့ဆုံခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အာဏာပိုင်များထံ တောင်းဆို လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ အမှုအတွက် လိုက်ပါ ဆောင်ရွက် ပေးနေသည့် ၎င်း၏ အကျိုးဆောင် ရှေ့နေ (၄) ဦး အနက် ကျန်ရှိသည့် ရှေ့နေ (၂) ဦးဖြစ်သည့် ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ် တို့နှင့် တွေ့ခွင့်မရသည့်အတွက် ယခု ကဲ့သို့ တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ် အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေ (၂) ဦးဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့နှင့် ယမန်နေ့က တက္ကသိုလ် ရိပ်သာလမ်းရှိ ၎င်း၏ နေအိမ်တွင် တွေ့ဆုံခွင့် ရရှိခဲ့သည်။

ဦးဉာဏ်ဝင်းက “ကျနော်တို့ ရှေ့နေ (၄) ယောက် တွေ့ခွင့် တောင်းထားတာ (၂) ယောက်ပဲ ကန့်သတ်ခွင့်ပြုတာ (၂) ခါရှိသွားပြီ။ ဟိုရှေ့ပိုင်း တုန်းကတော့ (၄) ယောက် စလုံး တွေ့ခွင့်ပေးတယ်။ ဒီဟာလည်း ဘာကြောင့် ပြောင်းသလဲ မသိဘူး။ ဒါကိုလည်း ကျနော်တို့ သီးခြား အာဏာပိုင် အဖွဲ့အစည်းတွေကို တင်ဖို့ရှိပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အယူခံ အတွက် ဗဟို တရားရုံးချုပ်သို့ တင်မည့် ပြင်ဆင်မှုများကို ဆွေးနွေး ကြပြီး တင်မည့် လျှောက်လွဲချက် မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သဘောတူပါက တင်ရန်ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းသို့ တိုင်ပင် ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏တရားရေးရပိုင်ခွင့်အပေါ် ကန့်သတ်မှုကို ပြောကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက “ဒေါ်စုပြောတာက ရှေ့နေ (၁) ယောက်နဲ့ လုံလောက်တယ်၊ (၂) ယောက်နဲ့ လုံလောက်တယ် ဆိုတာ ပြောခွင့် မရှိဘူးတဲ့။ ရှေ့နေ (၄) ယောက်ဆိုရင် (၄) ယောက်ရဲ့ opinion ကို တောင်းလို့ ရတယ်တဲ့။ (၂) ယောက်ဆိုတော့ (၂) ယောက်ရဲ့ opinion ကိုပဲ နားထောင်ရတယ်တဲ့” ဟု ပြန်လည်ပြောဆိုသည်။

ထို့အပြင် အခြားပြောဆိုခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း ဦးဉာဏ်ဝင်းက “မစ္စတာ ကတ်ဒ်ကင်ဘဲလ် ရောက်မယ်လို့ သူသတင်းကြားတယ်။ တိုက်ရိုက် တွေ့ဆုံမှုတွေနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက် တွေကို စောင့်ကြည့် နေတယ် ဆိုတာတော့ ပြောပါတယ်။ အကြောင်းအရာ အနေနဲ့တော့ ဘာမှ ဒေါ်စုက မပြောဘူး” ဟု ဆိုသည်။

ယခု လောလောဆယ် ဖြစ်ပေါ်နေသည့် အန်အယ်လ်ဒီ ညီလာခံခေါ်ယူရေးကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်း ခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “အန်အယ်လ်ဒီက ညီလာခံ ခေါ်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော့်ကိုမေးတယ်။ ဘာဖြစ်လို့ ဒီလို ဆောင်ရွက်ချင် တယ်လို့ သိရလဲတဲ့။ ကျနော်က ကျနော်တို့ ကြေညာချက်မှာပါတာ ပြောပြတယ်။ သူက ညီလာခံဟာ ဒီစာထဲမှာ ပါတဲ့ အတိုင်းပဲ လုပ်ဖို့ အရင်ကတည်းက ခွင့်မသာတာကို ပြောတယ်။ အခု သူတို့ရဲ့ဆောင်ရွက်ချင်တဲ့ ဆန္ဒ ဘာဖြစ်လို့ ဒီလို အခုမှ ဖြစ်သလဲဆိုတာ သူပြောတယ်။ ဒါပဲ။ ဒီအပေါ်မှာ ဘာမှ ထွေထွေထူးထူးမပြောဘူး။ ကျနော်ပြောနေတဲ့ ကြားနေတဲ့ဟာကို ကျနော်ပြောပြတယ်။ ဒီကိစ္စ ဒေါ်စု သဘောတူလားလို့ တယောက်က ကျနော့်ကို မေးတယ်။ မေးတော့ ကျနော်က သူ့ကိုပြောတယ်။ ဒေါ်စုက စီအီးစီရဲ့ လုပ်ငန်းတွေကို လုပ်သာလုပ်ပါ။ အဲဒီလုပ်တဲ့ လုပ်ငန်း ရှေ့ရောက် နေရင် ကာပေးမယ်။ နောက်ရောက် နေရင် တွန်းပေးမယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ အဲတော့ ဒီစကား အရ ဒီဟာကို ဒေါ်စု သဘောတူ သလား ဆိုတာ ပြဿနာ မပေါ်ဘူးလို့ ကျနော် ဒီလို ဖြေတယ်လို့ ပြောတယ်။ ဒီလို ဖြေတာကို ဒေါ်စု သဘော တူတယ်” ဟု ပြောသည်။

နေအိမ် ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က architect နှင့် တွေ့ဆုံ နိုင်ရန် ဆောင်ရွက် ပေးရန် တောင်းဆိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းပြောချင်လုပ်ချင်သည့် အိမ်မွမ်းမံ ပြင်လိုသည် များနှင့် architect ဆွဲထားသည့် ပုံစံများ အကုန် မတူသည့် အတွက် architect ကို တွေ့ဆုံ မေးမြန်းရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် လပိုင်းများ အတွင်း မြို့နယ် အဖွဲ့ခွဲများက ပါတီ ညီလာခံ ခေါ်ယူရေးနှင့် ပါတီဗဟို ဦးစီး ကော်မတီ ပြန်လည် ဖွဲ့စည်းရေး တောင်းဆိုထားမှု အပေါ် ဗဟို အလုပ် အမှုဆောင် အဖွဲ့က လတ်တလော အားဖြင့် ညီလာခံ ခေါ်ယူရေး မဖြစ်နိုင် သေးကြောင်း အောက်တိုဘာ (၂၂) ရက်တွင် သဘောထား ထုတ်ပြန် ခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */