ဒေါ်အောင်ဆန်းစုကြည်ကို အားပေးသူ ထောင်ချခံရ

Monday, August 10, 2009 ·

သန်းထိုက်ဦး | မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှု စတင်ရုံးထုတ်သည့် နေ့တွင် အင်းစိန်ထောင် အနီး သွားရောက် အားပေးခဲ့သော ရန်ကုန်မြို့ရွှေပြည်သာ (မြို့သစ်) NLD လူငယ် ကိုထွေးသိန်းကို ရန်ကုန် အင်းစိန် ထောင်တွင်း တရားရုံးတခုက ယနေ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

ကိုထွေးသိန်း၏ ဇနီးဖြစ်သူ မခင်သက်လှိုင်က“သူဘာသူ ဘာမှဆူပူအောင်မလုပ်ဘူး၊ အားပေးဖို့သွားတဲ့ ဥစ္စာကို ဖမ်းလိုက်တယ်၊ ဖမ်းလိုက်တဲ့အခါကျတော့ ဒါ မတရားဖမ်းလိုက်ပြီးတော့ မတရား အမိန့်ချတယ်လို့ပဲ ပြောရမှာ ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကိုထွေးသိန်းကို အစိုးရကိုအကြည်ညိုပျက်စေမှု သို့မဟုတ် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမှု ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် စစ်အစိုးရက တရားစွဲဆို၍ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အသက် ၃၈ နှစ်ခန့်ရှိ ကိုထွေးသိန်းသည် လွန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်း မေလ ၁၈ ရက်နေ့တွင် အင်းစိန်ထောင်ရှေ့သို့ သွားရောက်အားပေးခဲ့ရာ ၎င်းအား ဖဲကြိုးများလိုက်လံ ဝေငှသည်ဟု စွပ်စွဲပြီး စစ်အစိုးရက ဖမ်းဆီးထားကာ ၂ လခန့်အကြာတွင် ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဇူလိုင်လ ၃၁ ရက်နေ့က အပြီးသတ် စီရင်ချက်ချရန်စီစဉ်ခဲ့ပြီးနောက် သြဂုတ် လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီသို့ ထပ်မံ ရွှေ့ဆိုင်းလိုက်သည်။

ထိုသို့ ဇူလိုင် ၃၁ ရက် ရုံးချိန်း နေ့မတိုင်မီ ဇူလိုင် ၃၀ ရက်ည က NLD အဖွဲ့ဝင် ၂၀ ခန့် ဖမ်းဆီးခံခဲ့ရသေးသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဦးဇော်ညွန့်ဆိုသူ အမျိုးသားတဦးက ဆိုင်းဘုတ်ကိုင် တောင်းဆို ဆန္ဒပြသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ အဆိုပါ ဆန္ဒပြသူ ဦးဇော်ညွှန့်သည် နိုင်ငံရေးပုဒ်မဖြင့် ထောင်ကျခဲ့ဖူးသူလည်း ဖြစ်သည်။

ယင်းဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ချမည့် ရက်ကို ရွှေ့ဆိုင်းရန် တရားရုံးသို့ နေပြည်တော်ရှိ စစ်အစိုးရ အကြီးအကဲက ညွှန်ကြားခဲ့ ခြင်းဖြစ်ကြောင်း အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။

သို့သော် စီရင်ချက်ချမည့် ရက်ကို ရွှေ့ဆိုင်းခြင်းသည် သြဂုတ်လအတွင်း ကျရောက်မည့် ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့ကို ရှောင်ရှားလို၍ ဖြစ်နိုင်သည်ဟုလည်း လေ့လာသူများက သုံးသပ်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */