အသက် ၈၇ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားကို မိသားစုနှင့်ဝေးရာ ထောင်သို့ ပြောင်းရွှေ့

Monday, August 10, 2009 ·

ဇာနည်မာန် | အသက် ၈၇ နှစ်ရှိ အစာပြွန်ဝေဒနာ ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သူ ဦးကျော်ခိုင်ကို အာဏာပိုင်များက သံတွဲထောင်မှ သရက်ထောင်သို့ ယမန်နေ့ညနေက ပြောင်းရွှေ့ လိုက်သဖြင့် မိသားစုက စိုးရိမ်ပူပန်လျှက်ရှိကြောင်း ကြားသိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဦးကျော်ခိုင်သည် သံတွဲထောင်တွင် ထောင်ဒဏ် ၂ နှစ် ကျခံနေခဲ့ရာမှ အကြောင်းပြချက် တစုံတရာ ရှိဘဲ မိသားစုနှင့်ဝေးရာ မကွေးတိုင်း သရက်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ဦးကျော်ခိုင်သည် အစာအိမ်ပြွန်ကျဉ်းသော ရောဂါကြောင့် ဆန်ပြုတ်သာ သောက်နိုင်ပြီး အစာစားရာတွင် အခက်အခဲရှိသည်ဟု ၎င်း၏ မိသားစုဝင်တဦးက ပြောသည်။

“ဆန်ပြုတ်တဇွန်းစားပြီးတိုင်း သူ့သမီးက ကျောကို လက်နဲ့သပ်ချပေးနေရတယ်။ ဖြည်းဖြည်းလေး မြိုချနေရတာ။ တခါ အစားစားရင် တနာရီလောက်ကြာတာလေ။ ဘေးက အကူညီမပါရင် ဘာမှစားလို့မရဘူး။ ထောင်ကျသွား ကတည်းက ထမင်းစားချိန်တိုင်း စိတ်ပူနေရတာ။ အခုလိုအဝေးရောက်သွားတော့ ပိုဆိုးတော့မယ်” ဟု ၎င်း၏ ၎င်းက ရှင်းပြသည်။

နယ်ဝေးထောင်ကိုရောက်သွားသည့်အတွက် မိသားစုအနေဖြင့် ခရီးသွားလာရေးအခက်အခဲ၊ ထောင်ဝင်စာ တွေ့ရန် အခက်အခဲများ ကြုံတွေ့ရတော့မည်ဟု သူက ဆိုသည်။

တောင်ကုတ် NLD အတွင်းရေးမှူး ဦးသိန်းလှိုင်က “မနေ့ညက ရန်ကုန် - သံတွဲ - တောင်ကုတ် ကား အောင်သစ္စာ နဲ့ခေါ်သွားတာ။ သံတွဲ ဆိုရင် အနီးလေးမှာပဲ ရှိတယ်။ ထောင်ဝင်စာတွေ့ရတာ အဆင်ပြေတယ်။ နေမကောင်းဘူး ဆိုရင် တွေ့ရတာ လွယ်တယ်။ အသက် ကလည်းကြီးပြီ၊ အခုလို အဝေးကိုပြောင်းလိုက်တော့ သူ့မိသားစုက စိတ်ပူတာပေါ့၊ စိတ်မကောင်းဘူး” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ကုတ် NLD ဒု - ဥက္ကဌ ဦးသန်းဖေက ပြည်သူများထံမှာ ငွေကောက်ခံသည်ကို ဦးကျော်ခိုင်က တားမြစ်ခဲ့ပြီး အစည်းအဝေးခေါ်ရာတွင် တက်ရောက်ရန် ပျက်ကွက်ခဲ့မှုများကြောင့် ဦးသန်းဖေကို NLD ဗဟိုမှ ထုတ်ပယ်ခဲ့ သဖြင့် ဦးသန်းဖေက အသရေဖျက်မှုနှင့် တရားစွဲဆိုခဲ့ရာ ဦးကျော်ခိုင်ကို တောင်ကုတ်မြို့နယ် တရားရုံးက ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက် တွင် အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်ခိုင်အတွက် အယူခံလျှောက်လဲချက် တင်ထားရာ သြဂုတ် ၁၄ ရက်နေ့တွင် သံတွဲတရားရုံး၌ ကြားနာရန် ရှိနေချိန်တွင် ယခုကဲ့သို့ ထောင်ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။

“ဦးကျော်ခိုင်က လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တယ်၊ အသက်လည်းကြီးလှပြီ၊ နေကလည်းမကောင်းဘူး၊ အယူခံကလည်း နီးနေပြီ၊ ဒါကိုတောင် အခုလိုအဝေးကို ပို့တယ်ဆိုတော့ ဒါဟာ ၉၀ ပြည့်နှစ်က ရွေးကောက် ခံထားရတဲ့ ကိုယ်စားလှယ်တွေကို မလေးစားဘူးဆိုတာ ပြလိုက်တာပဲ။ ပြီးတော့ မိသားစုကိုပါ တမင် ဒုက္ခပေး တာပဲ” ဟု ဦးသိန်းလှိုင်က ပြောဆိုသည်။

အာဏာပိုင်များသည် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အတိုက်အခံ NLD ပါတီဝင်များကို မိသားစုနှင့်ဝေးလံသော ဒေသများရှိ အကျဉ်းထောင်များသို့ ရွှေ့ပြောင်းလေ့ရှိရာ မိသားစု ၀င်များမှာ ခရီးစရိတ်အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပုံမှန် ထောင်ဝင်စာ သွားမတွေ့နိုင် ကြကြောင်း ကြားသိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */