ရုပ်သေးဈေးကွက်လည်းပျက်

Tuesday, August 25, 2009 ·

သဲသဲ | နိုင်ငံခြားသားများ အထူးစိတ်ဝင်စား နှစ်ခြိုက်သော မြန်မာ့ရိုးရာ အမွေအနှစ် ရုပ်သေးရုပ်များ အရောင်းကျ လာကြောင်း ၎င်းဈေးကွက်မှ ကြားသိရသည်။


မင်းသားနှင့် မင်းသမီးရုပ် (ဓာတ်ပုံ - DeclanOB)
ယခင်က တနေ့လျှင် အရုပ် ၂၀ မှ ၃၀ ထိ ရောင်းချရလေ့ရှိသော ရုပ်သေးရုပ်များသည် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း မြန်မာပြည်တွင်း ဝင်ရောက် ခဲ့ပြီးသည့် ၂၀၀၈ ခုနှစ် မေလမှစ၍ လုံးဝ မရောင်းရသည့် နေ့များပင် ရှိလာကြောင်း ဗိုလ်ချုပ်ဈေးမှ ရုပ်သေးလက္ကား အရောင်းဆိုင် တာဝန်ရှိသူ တဦးက ဧရာဝတီသို့ပြောသည်။

“ဒီပစ္စည်းတွေက နိုင်ငံခြားသား အကြိုက်ဆိုတော့လေ။ အခုက ဧည့်သည်မှ မရှိတော့တာ၊ ရုပ်သေး ဈေးကွက်ပျောက် မသွားတာကိုဘဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။

ပြည်ပမှ နမူနာမှာယူ သဖြင့် ပို့ရန် ဌာနဆိုင်ရာသို့ ရုပ်သေးရုပ် ၂၀ ပြလျှင် ၁ ရုပ်၊ ၂ ရုပ်သာ ပို့ခွင့်ပေးကြောင်း၊ စုံစမ်း မေးမြန်းသော်လည်း မည်သို့မှ အကြောင်းပြန်ကြားခြင်း မရှိကြောင်း၊ နိုင်ငံခြားသား များမှာလည်း ပြည်ပသို့ အများအပြား သယ်ဆောင်ခွင့် မရသဖြင့် နောက်ပိုင်းတွင် ကိုယ်တိုင် ဝယ်ယူခြင်းများ မပြုတော့ကြောင်းသူက ဆက်လက်ရှင်း ပြသည်။

ထို့ပြင် ယခင်က တာချီလိတ်၊ မြဝတီ၊ ကော့ကရိတ် စသည့် နယ်စပ် ဒေသတို့ရှိ ကုန်သည်များ လာရောက် မှာယူကြ သော်လည်း ယခု နောက်ပိုင်းတွင် အဆိုပါ ကုန်သည်များ လည်းမှာယူခြင်း မရှိတော့ကြောင်း ရုပ်သေးရုပ် အရောင်း ဈေးကွက်မှ သိရသည်။

မြန်မာပြည်တွင် ယင်းကဲ့သို့ ရုပ်သေးရောင်းအား ကျဆင်း လာခြင်းမှာ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း အပြီး နိုင်ငံခြားသား ဧည့်သည် လာရောက်မှုနှုန်း ကျဆင်းလာ ခြင်းကြောင့် ဖြစ်သည့်ပြင် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် တကမ္ဘာလုံးရှိ စီး ပွားရေး လုပ်ငန်းများလည်း ကျဆင်း လျက်ရှိသောကြောင့် ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် စီးပွားရေး သမားများက သုံးသပ်သည်။

မြန်မာ့ရုပ်သေးကို အထူး စိတ်ဝင်စားသော တိုင်းပြည်များမှာ ဂျာမနီ၊ ပြင်သစ်၊ စပိန် စသည့် ဥရောပ နိုင်ငံများ ဖြစ်ပြီး အာရှတွင် ဂျပန်ဖြစ်သည်ဟု ဗိုလ်ချုပ်ဈေးရှိ ရုပ်သေးရုပ် အရောင်းဆိုင်များမှ သိရသည်။ ရုပ်သေး ရုပ်များကို အရုပ်၏ အမြင့်အလိုက် ဈေးနှုန်းအသီးသီးရောင်းချပြီး အနိမ့်ဆုံး ၇ လက်မ အမြင့်ရှိသော အရုပ်တရုပ်လျှင် ကျပ် ၄၀၀၀ နှုန်း ဖြင့်လည်းကောင်း၊ ၁၀ လက်မ ၊ ၁၂ လက်မ ၊ ၁၈ လက်မ ဟူ၍ အစားအစား ရှိပြီး အကြီးဆုံး ၂၂ လက်မ ကို ကျပ် ၁၀၀၀၀ ဝန်းကျင်ခန့် ရောင်းချလျက် ရှိကြောင်းလည်း သိရသည်။

မန္တလေးမှ ရုပ်သေးရုပ် ထုလုပ်သည့် လုပ်ငန်း လုပ်ကိုင်သူ တဦးကလည်း “ရုပ်သေးဟာ ကျနော်တို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ပြယုဂ် တခုပါ။ နိုင်ငံခြားတိုင်းပြည်တွေက အရမ်းစိတ်ဝင်စားတဲ့ ဒီလို ရိုးရာအမွေအနှစ် ရုပ်သေးရုပ် တွေကို နိုင်ငံခြားသားတွေက စိတ်ဝင်စားရက်နဲ့ မဝယ်ကြတော့ ဘူးဗျ။ ဒီမှာဆိုရင် တခြားယွန်းထည်နဲ့ ရွှေချည်ထိုးတွေ လောက်ပဲ ဝယ်ကြ တော့တယ်။ တော်တော် နှမြောဖို့ကောင်းတယ်။ အရုပ်တရုပ် ဖြစ်ဖို့ ဆိုတာ မလွယ်ဘူးဗျ။ ကျနော်တို့ ကြိုးစား ထုလုပ်ရကျိုးမနပ်ဘူး ပေါ့ဗျာ” ဟု မြန်မာ့ ရုပ်သေး ဈေးကွက်နှင့် ပတ်သက်၍ ပြောပြသည်။

မြန်မာ့ရုပ်သေးကို နိုင်ငံခြားသား အများစုက အိမ်ဧည့်ခန်း၊ ဟိုတယ် ဧည့်ခန်းအစရှိသည့် နေရာများ၌ အလှထား ချိတ် ဆွဲလို၍ ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။ထို့ပြင် မြန်မာ့ရုပ်သေးပွဲများကိုလည်း နိုင်ငံခြားသားများ အထူး နှစ်ခြိုက် အားပေး ကြကြောင်းလည်း သိရသည်။

“နိုင်ငံခြား တိုင်းပြည် တွေက မြန်မာ့ရုပ်သေးပွဲဆိုရင် ရုံပြည့်၊ ရုံလျှံ အားပေးကြတယ်။ ဘာလို့လည်းဆိုတော့ သူတို့ ဆီမှာရှိတဲ့ ရုပ်သေး ဆိုတာက ကလေးတွေပျော်အောင် ဖျော်ဖြေရုံသက်သက်ပဲလေ။ မြန်မာ့ရုပ်သေး ပညာက ခက်ခဲ၊ နက်နဲတာကိုး။ တကယ့် ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ပညာရပ်ပါပဲ” ဟု ရုပ်သေးပညာဖြင့် ကမ္ဘာ အရပ်ရပ်သို့ သွားရောက် ဖျော်ဖြေကပြလျက် ရှိသည့် နာမည်ကျော် မန္တလေး ရုပ်သေး အဖွဲ့မှ ဒေါ်မမနိုင်က ဧရာဝတီသို့ ပြောသည်။

ရုပ်သေး သဘင်မှာ ရှေးအခါက သီဆိုခြင်း၊ ကခုန်ခြင်းတို့ကို လူကိုယ်တိုင် ပြုလုပ်ရန် ရှက်ရွံ့ဝန်လေး ရုံသာမက ကြည့်ရှု ရန်ကိုပင် ရှက်ကြောက် ကြသဖြင့် မြဝတီမင်းကြီး ဦးစက သဘင်သည်တို့ အစား အရုပ်များဖြင့် အစားထိုး ဖျော်ဖြေတင် ဆက်ရန် ကြိုးပမ်းခဲ့ရာမှ မြန်မာ့ရုပ်သေးပေါ်ထွန်းလာခြင်းဖြစ်ပြီး ရုပ်သေးသဘင်ကို စင်မြင့်ဖြင့် က ပြရသဖြင့် အမြင့် သဘင် ဟုလည်း ခေါ်ဆိုသည်ဟု အဆိုရှိခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */