စားသောက်ဆိုင်များ စလောင်းမတပ်ရ

Tuesday, August 25, 2009 ·

ဟိန်းဇော် | ရန်ကုန်မြို့တွင်းရှိ လက်ဖက်ရည် ဆိုင်များနှင့် စားသောက် ဆိုင်များတွင် ရှစ်ပေ၊ ဆယ်ပေ ဂြိုဟ်တု စလောင်းများကို တပ်ဆင် ကြည့်ရှုခြင်း မပြုရန် အာဏာပိုင်များက လတ်တလော တားဆီးမှုများ ပြုလုပ် နေကြောင်း လုပ်ငန်းရှင် များနှင့် ရန်ကုန်မြို့ခံများက ပြောသည်။

လက်ဖက်ရည်ဆိုင် ပိုင်ရှင်များနှင့် စားသောက် ဆိုင်ပိုင်ရှင် များအား ၎င်းတို့၏ ဆိုင်များတွင် Family Entertainment Group မှ ထုတ်လွှင့် ပြသနေသော ရုပ်သံလိုင်းများကိုသာ ပြသရန် ညွှန်ကြား ထားကြောင်းလည်း သိရသည်။

“စလောင်းတွေ ဖြုတ်ရမယ်။ အဓိက ကတော့ ပြည်ပက လွှင့်တဲ့ DVB ရုပ်သံလိုင်း မကြည့်ဖို့ အတွက် ပြောသွားတယ်။ စလောင်း အစား 5 Movies ပြ ပေါ့တဲ့”ဟု ရန်ကုန် သာကေတမြို့နယ် အတွင်းမှ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦး က ပြောသည်။

DVB ရုပ်သံ လိုင်းသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးနှင့် ၂၀၀၈ ခုနှစ်နာဂစ် မုန်တိုင်းတို့တွင် ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များကို နေချင်း ဖော်ပြနိုင်ခဲ့ပြီး နာဂစ် ဒဏ်ခံခဲ့ရသော ဒေသခံများ၏ အခြေအနမှန် များကို ပြည်တွင်း ပြည်ပ မှ သိရှိရန် ဖော်ပြနိုင်ခဲ့သည်။

“စလောင်း တတ်ထားရင် လိုင်း၁၇၀ လောက်ကြည့်လို့ ရတယ်။ 5 Movies ကအများဆုံး ၂၀ လောက်ပဲကြည့်လို့ရ တာလေ။ ကျမတို့ ကတော့ အိမ်ရှေ့တတ်လို့ မရရင် အိမ်နောက် ပြောင်းတတ်မှာပဲ”ဟု သာကေတ မြို့နယ်မှ အိမ်ရှင်မ တစ်ဦးက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ စလောင်းနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင် တင်သွင်း ဖြန့်ဖြူးရောင်းချနေမှုများကြောင့် အစိုးရအနေဖြင့် ကုန်သွယ်ခွန်၊ လိုင်စင်ကြေး၊ နှစ်စဉ်ကြေး စသည့် အခွန်ဘဏ္ဏာ ငွေဆုံးရှုံးမှုများ ဖြစ်ပေါ် နေကြောင်း၊ ထို့ကြောင့် တားမြစ်ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ စလောင်းများကို ဘဏ်များ၊ စီးပွားရေး လုပ်ငန်း အဖွဲ့အစည်းများ၊ သံတမန်များ၊ ဟိုတယ်များ၊ တက္ကသိုလ် များကိုသာ တရားဝင် လိုင်စင်ဖြင့် စိစစ် ခွင့်ပြုထားကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်မြို့ နှင့် တခြားသော မြို့ ကြီးများတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ တရားဝင် အခွန်ပေးဆောင်၍ ကြည့်ရှုနေသော ဂြိုဟ်တုစလောင်းများကို သက်တမ်းတိုးခွင့် ရပ်ဆိုင်းခဲ့သည်။

ယင်း ဖေဖော်ဝါရီလ အတွင်း ကပင် နိုင်ငံပိုင် သတင်းစာများတွင် ဆောင်းပါးရှင် ကျော်ရဲမင်း၏ “အဆိပ်ပင်ကို ဆက်ပြီး ရေမလောင်း သင့်ပါ” ဆောင်းပါးတွင် “ကျနော်တို့ နိုင်ငံမှာ လွတ်လွတ် လပ်လပ်ကြီး ကြည့်နေကြတဲ့ရှစ်ပေ စလောင်းကို အများပြည်သူတွေ တစ်ဦးချင်း ဖမ်းယူ ကြည့်ရှုခွင့် လုံးဝ မပေးထားဘူး ဆိုတာပါပဲ”ဟု ရေးသားထား သည်။

ယခု ကဲ့သို့ ပြုလုပ်နေခြင်းမှာ အစိုးရက ၎င်းတို့၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး အများပြည်သူကို နားပိတ်၊ မျက်စိပိတ် ဖြစ်စေရန် ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။

စစ်အစိုးရ နေ့စဉ်ထုတ် သတင်းစာများနှင့် MRTV ,MRTV4,MWD တို့တွင် “VOA,BBC ရန်တိုက် ပေးနေသည်။ RFA,DVB သွေးထိုး နေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံများ။ နားမယောင်လေနဲ့ သတိထား” ဟူသော ဆောင်ပုဒ်များ ထုတ်လွှင့် ဖော်ပြထားသည်။

“သူတို့က DVBတို့ ၊VOA တို့ကို မကြည့်ဖို့ အဓိကပြောနေတာ။ သူတို့က အခုလို လိုင်းတွေကို ကြောက်တယ်၊ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ ပြောထားတယ်လေ”ဟု ရန်ကင်းမြို့ နယ်မှ နိုင်ငံရေးသမား တစ်ဦးကပြောဆို သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */