ကရင်ဒုက္ခသည်များ ထပ်မံ ထွက်ပြေးနေရ

Friday, August 21, 2009 ·

သန်းထိုက်ဦး | ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာ များတွင် နေထိုင်သော ကရင် ရွာသားများသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) က တပ်သားသစ် စုဆောင်း မှုကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ ထွက်ပြေးနေကြရသည် ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောဆိုသည်။

အဆိုပါ လှိုင်းဘွဲ့ မြို့နယ် အတွင်းရှိ သလီဖိုးကွီး နှင့် ကွီးလေ ကျေးရွာ ဒေသခံများသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထ ဆောင်ယမ်းမြို့နယ် ဘက်သို့ မကြာသေးခင်က ထွက်ပြေးလာသူပေါင်း ၃၀ ကျော်ရှိသည်ဟု လယ်ပေါ်ဟဲ စခန်း ဥက္ကဌ စောတာစူးညား က ဧရာဝတီသို့ ပြောသည်။

“ထွက်ပြေး လာတာကတော့ တယောက်ပြီး တယောက် ထွက်ပြေးလာတယ်။ အစုလိုက် အပြုံလိုက် ထွက်ပြေးလာ လို့မရဘူး၊ တချို့ ကတော့ မိန်းမ အရင်လာတယ်၊ ပစ္စည်းတွေလည်း ထမ်းလာလို့မရဘူး၊ အသိတွေဆီသွားမယ် ပြောပြီး ထွက်ပြေး လာကြရတယ်” ဟု ၎င်းက ဆိုသည်။

အလားတူပင် လွန်ခဲ့သည့် ဇူလိုင်လတွင် ၎င်းမြို့နယ်အတွင်းရှိ မဲ့လာအားခီး၊ ၀ါးမီးကလာနှင့် ကျော်ကေးထ ကျေး ရွာဒေသခံ အိမ်ထောင်စု ၈၀ ခန့်ထွက်ပြေးလာခဲ့သည်။ ထွက်ပြေးလာသူပေါင်း လူဦးရေ ၅၁၇ ဦးရှိခဲ့ပြီး ယခု ထပ်မံ ရောက်ရှိလာခြင်းဖြစ်သည်။

ဒေသခံများသည် DKBA တပ်များက တပ်သားသစ် စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေကြေးရိက္ခာ တောင်းခံ ခြင်းများ ပြုလုပ် နေသောကြောင့် ထွက်ပြေး လာကြရသည်ဟု စောတာ စူးညားက ပြောပြသည်။

DKBA နှင့် နီးစပ်သူ တဦးကလည်း လူငယ် ဆိုပါက စစ်သားလုပ်ကြရပြီး ကရင်အချင်းချင်း ပြန်တိုက်ရသော ကြောင့် မတိုက်ချင်ဘဲ ထွက်ပြေး ကြရသည်ဟု ဆိုသည်။

“တိုက်ရတာလည်း ကရင် အချင်းချင်း ဆိုတော့ ဘယ်သူမှလည်း ရဲဘော်မလုပ်ချင်၊ ဘယ်သူမှလည်း အထုတ်အပိုး တွေ မထမ်းချင်ဘူး၊ အဲဒါကြောင့်ပြေးနေတာ”ဟု ၎င်း DKBA နှင့် နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

မြန်မာစစ် အစိုးရသည် DKBA ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ နယ်ခြား စောင့်တပ် အဖြစ် ပြောင်းလဲရန် ပြောကြားခဲ့ရာ DKBA က သဘောတူခဲ့သည်။ DKBA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ် အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူထားသည်။

လှိုင်းဘွဲ့ မြို့နယ် အတွင်းရှိ ကျေးရွာများသည် မြန်မာစစ် အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်ထိုး စစ်ဆင် တိုက်ခိုက်ခဲ့သည့် နေရာများလည်း ဖြစ်သည်။

တိုက်ပွဲ များကြောင့် ကရင်ဒုက္ခသည် စုစုပေါင်း ၄၀၀၀ ကျော်သည် ထိုင်းနိုင်ငံ မဲ့သဝေါနှင့် မဲ့သလေ မြို့နယ် များသို့ ထွက်ပြေး ပုန်းရှောင် နေကြရသည်။ ထို့အပြင် (KNLA) ၏ တပ်မဟာ ၇ နယ်မြေမှ စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် မြန်မာ့ တပ်မတော်နှင့် (DKBA) ပူးပေါင်း တပ်များက ကရင်ပြည်နယ် မြောက်ပိုင်းရှိ KNLA အခြေစိုက် စခန်းများကို လာမည့်လတွင် ထိုးစစ် ဆင်ရန် ပြင်ဆင် နေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင် အနီး သံလွင်မြစ် တလျှောက်ရှိ KNLA တပ်မဟာ ၅ ဒေသမှ စခန်းများကို ထိုးစစ်ဆင် ကြမည်ဖြစ်ရာ KNLA ကလည်း ၎င်းတို့၏ စခန်းများကို အလွယ်တကူ လက်လွတ် ဆုံးရှုံးခံမည် မ ဟုတ်ဘဲ ပြန်လည် ခုခံ တိုက်ခိုက်ရန် အသင့်ပြင်နေသည်။

မြန်မာစစ် အစိုးရသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထိုင်းမြန်မာ နယ်စပ် တလျှောက်တွင်ရှိသော KNU လက်အောက်ခံ KNLA ထိန်းချုပ်ရာ ဒေသများကို အပြီးသတ် ရှင်းလင်း တိုက်ခိုက်ရန် ရည်ရွယ် ထားကြောင်း သိရ သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */