မြန်မာပြည်တောင်ပိုင်းတွင် ဖောက်ခွဲမှု ဖြစ်ပွားနိုင်ဟု စစ်အစိုးရ သတိပေး

Friday, August 21, 2009 ·

ဝီရ | တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ပူးပေါင်း၍ မြန်မာပြည် တောင်ပိုင်း ဒေသများတွင် ဖောက်ခွဲရေး လုပ်ငန်းများ ပြုလုပ်လာနိုင်၍ သတိထား စောင့်ကြည့် ကြရန် စစ်အစိုးရ အာဏာပိုင်များက စာဖြန့် ဝေကာ ကျေးရွာဥက္ကဋ္ဌတို့အား အသိပေးထားသည်။

အဆိုပါစာတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီတို့ကို ပုတ်ခတ်ရေးသားထားပြီး ကေအန်ယူက ယင်းဖောက် ခွဲရေး လုပ်ငန်း အတွက် သင်တန်းသား (၆၀) ကျော်အား လေ့ကျင့် ပေးလျက် ရှိကြောင်းလည်း ပါရှိသည်။

မွန်ပြည်သစ် ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၏ ပြည်ပ ခရီးစဉ်နှင့် ပတ်သက်၍ ပုတ်ခတ် ရေးသားထားပြီး ၎င်းက အခြား အတိုက်အခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကေအန်ယူ ထိန်းချုပ်ရာ နယ်စပ် တနေရာတွင် ဖောက်ခွဲရေး အတွက် သင်တန်း ပေးနေသည်ဟု စွပ်စွဲထားသည်။

ယင်းစာနှင့် ပတ်သက်၍ အခြေအမြစ်မရှိကြောင်း ပါတီသိက္ခာ ကျဆင်းစေရန်ရည်ရွယ်၍ စာလိုက်ဖြန့်နေခြင်းဖြစ်ကြောင်း မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင်တဦးက ပြောသည်။

၎င်းက “အဲဒါတောင် မကဘူး။ အခုအပတ်ထဲက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ရောက်လာတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော် ကိုယ်တိုင်က မွန်ပြည်သစ်က အများပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် လုပ်နေတယ်လို့ မွန်ပြည်နယ်က မြို့နယ် လူကြီးတွေနဲ့ တွေ့တုန်းက ပြောခဲ့သေးတယ်။ ဘာအကြောင်းကြောင့် ဒီလိုပြောခဲ့တယ်ဆိုတာတော့ ကျနော်တို့မသိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာသည် အဆိုးဘက်သို့ ဦးတည်သွားရန် အလားအလာ များနေပြီး နအဖ အနေဖြင့် ရွေးကောက်ပွဲအား တဖက်သတ်တွန်းပြီး လုပ်သွားလျှင် ပြည်တွင်းစစ်မီး ပြန်လည်ထတောက်လာရန် ရှိနေသည်ဟု ပြည်ပ မီဒီယာမှ တဆင့် နိုင်ဟံသာက သတိပေးပြောကြားခဲ့ပြီးသည့်နောက် နအဖက စာဖြန့် ဝေမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

မုဒုံမြို့နယ်မှ စာလက်ခံရရှိသူတဦးက “စာလာပေးပြီး ရွာတွေထဲမှာ သူစိမ်းတွေ ဝင်ထွက်သွားလာနေတာတို့၊ မွန်ပြည်သစ် တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပြီး အာဏာပိုင်တွေထံ တင်ပြဖို့ တရားဝင် ညွှန်ကြားချက် ပါတယ်။ ရွာရဲ့ ဧည့်စာရင်းကိုလည်း နှစ်ပတ် တကြိမ် မြို့နယ်ရုံးကို တင်ပြရမယ်။ ပြီးတော့ ဖောက်ခွဲရေး လုပ်ငန်းတွေ ဒီဒေသမှာ ဖြစ်လာနိုင်တယ်တဲ့။ အဲဒါကြောင့် စာဖြန့်ရတာတဲ့” ဟု ပြောကြားသည်။

မွန်ပြည်သစ် ပါတီသည် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်သကဲ့သို့ နယ်ခြား စောင့်တပ် ပြောင်းလဲရန် လက်မခံကြောင်း ကြေညာထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */