ရနောင်းမြို့တွင် “လူကုန်ကူးမှု ရပ်တန့် ရေး” အမည်ရှိ ပန်းချီပြိုင်ပွဲကျင်းပ

Friday, August 21, 2009 ·

ဘစောတင် | ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ ဖန်ဖလား ရပ်ကွက် ၀ိတိုရိယ ကျောင်းတွင် မူလတန်း၊ အလယ်တန်း ကျောင်း ပေါင်း (၁၂) ကျောင်းမှ မြန်မာ ကလေးငယ်(၃၆)ဦးပါဝင်သည့် “လူကုန်ကူးမှု ရပ်တန့်ရေး” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတရပ်ကို ယနေ့ နံနက် (၉)နာရီက စတင် ကျင်းပခဲ့သည်ဟု သတင်း ရရှိသည်။


မထမ ဆုရ မနန္ဒာဝင်းနှင့် တခြားသော ဒုတိယ ၊ တတိယ ဆုရ ကျောင်သား ကလေးများ (ဓာတ်ပုံ - ဧရာဝတီ)
ယခု ပြိုင်ပွဲတွင် ရနောင်းမြို့ စွယ်ကျက်ကျောင်းမှ တတိယတန်း ကျောင်းသူ မနန္ဒာဝင်း၏ “ပွဲစားပြောတိုင်း မယုံနဲ့ ဘ၀ ပျက်တတ်သည်” အမည်ရှိ ခေါင်းစဉ်ဖြင့် ရေးဆွဲထားသော ပန်းချီက ပထမဆု ရရှိခဲ့သည်ဟု ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ပြောသည်။

ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ဆရာမ ဒေါ်အိအိက“အခု ပထမဆုရတဲ့ ကလေးရဲ့ ပန်းချီကတော့ ပွဲစားက မိန်းကလေးတွေကို အလုပ်ကောင်း ရမယ်လို့ စည်းရုံး ခံထားရတဲ့ မိန်းကလေးတွေ စဉ်းစားနေပုံကို ရေးဆွဲ ထားတယ်၊ ကလေးတွေ ဆွဲထားတဲ့ ပုံတွေ ကတော့ စုံနေတာပဲ၊ မနှစ်က ဖူးကက်မှာ သေသွားကြတဲ့ ၅၄ ယောက် အကြောင်း လည်းပါတယ်၊ လမ်းမှာ ဖျက်ဆီးခံရတဲ့ မိန်းကလေးတွေ အကြောင်းလည်း ပါတယ်” ဟု ရှင်းပြသည်။

အဆိုပါ ထိုင်း ပညာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ် ထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ၏ ကလေးငယ်များ တက်ရောက်နေသည့် ကျောင်းများမှ ပန်းချီပြိုင်ပွဲကို ထိုင်းနိုင်ငံ အခြေစိုက် လူသားချင်း စာနာမှု အကူအညီများ ပေးနေသော World Vision အဖွဲ့၏ လူမှောင်ခို တိုက်ဖျက်ရေး အစီအစဉ်မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

မိသားစု စားဝတ်နေ ရေးအတွက် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်လိုသူ မြန်မာ နိုင်ငံသား များစွာသည် လူပွဲစားများ၏ လိမ်လည်ရောင်းစားခံရမှုများနှင့် ကြုံတွေ့ရခြင်းများကြောင့် ယင်းလူကုန် ကူးမှု ပပျောက်စေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်သည်ဟု စွယ်ကျက် ကျောင်းမှ ဆရာ ဦးအောင်မင်းက ပြောသည်။

“မိသားစု မပြေလည်တော့ သူများတိုင်းပြည်မှာ ၀င်ငွေကောင်းတယ်၊ အလုပ် ကောင်းရမယ်ထင်လို့ ပွဲစား စကားကိုယုံပြီး လာကြတာ၊ ဒီလည်းရောက်ရော ရောင်းစားခံရရော၊ ရောင်းစားခံရတာ မိန်းကလေးချည်း မဟုတ်ဘူးနော်၊ ယောက်ျားတွေလည်း အရောင်း စားခံရတာဘဲ”ဟုလည်း ၎င်းက ဆက်ပြောပြသည်။

ထိုင်းနိုင်ငံ အနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄သန်း အထိနေထိုင် လုပ်ကိုင်လျက် ရှိကြောင်း အလုပ်သမား အဖွဲ့များ၏ အဆိုအရ သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */