ရေနံချောင်းနှင့် ပဲခူးရှိ အဖွဲ့ချုပ်ဝင်များ ဖမ်းဆီးခံရ

Tuesday, August 11, 2009 ·

ဇာနည်မာန် | ယနေ့တွင် နေအိမ်အကျယ်ချုပ် ၁ နှစ် ခွဲ ချမှတ် ခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းကြသည့် မကွေးတိုင်း ရေနံချောင်းနှင့် ပဲခူးတိုင်း ပဲခူးမြို့မှ NLD အဖွဲ့ဝင် ၁၀ ဦးကို ယနေ့ နံနက်၌ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ရေနံချောင်းမြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင် ၅ ဦးကို ဆုတောင်းပွဲများ မပြုလုပ်မီ အချိန်တွင် နေအိမ်များမှ လာရောက် ခေါ်ဆောင်သွားပြီး ပဲခူးမြို့မှ ၅ ဦးကိုမူ ၀တ်ပြုဆုတောင်းရာမှအပြန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ည ၁၂ နာရီက သန်းခေါင် စာရင်းလာစစ်တယ်၊ မနက်၎ နာရီမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ ရဲတွေလာပြီး ခဏ လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်၊ အခုထိ ဘယ်မှာထားမှန်းမသိရသေးဘူး၊ လိုက်စုံစမ်းနေတုန်းရှိသေးတယ်” ဟု ရေနံချောင်း NLD အမျိုးသမီး စည်းရုံးရေး အဖွဲ့ဝင် ဒေါ်သန်းသန်းဌေးက ဧရာဝတီကို ပြောပြသည်။


အထိန်းသိမ်း ခံရသူများမှာ ရေနံချောင်း NLD အမျိုးသမီး စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်စောဌေး၊ မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်များဖြစ်သော ဦးကျော်ငြိမ်း၊ ဦးတင့်လွင်၊ ဦးအေးကို၊ ဦးသန်းအောင် တို့ဖြစ်ကြသည်။ ၎င်းတို့ကို ဖမ်းဆီး သွားသော်လည်း ရေနံချောင်းမြို့ပေါ်ရှိ ဘုရား ရှစ်ဆူ တွင် ကျန်သောအဖွဲ့ဝင်များက ဆုတောင်းပွဲကို ဆက်လက် ပြုလုပ်ခဲ့သည်ဟု သူကဆိုသည်။

ထို့အတူ ပဲခူး NLD အမျိုးသမီး စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်ညွှန့်မူ၊ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ရွှေ၊ ဒေါ်ဝင်း၊ ကိုပေါက်စီနှင့် အခြားအမည်မသိသူ တဦးတို့ကိုလည်း ယနေ့မနက် ရွှေမော်ဓော ဘုရားတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပြီး အပြန်တွင် ရဲများက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

“သူတို့ ဘုရားပေါ်က ပြန်ဆင်းလာပြီးတော့ ပဲခူးမြို့မဈေးထဲမှာ ဒေါ်စု ပုံတွေ ဝေနေတုန်း ရဲတွေက ခေါ်သွား တယ်၊ အခု သူတို့ကို မြို့နယ် ကောင်စီရုံးထဲမှာထားတယ်၊ အခုထိ ပြန်မလွှတ်သေးဘူး၊ တွေ့ခွင့်လည်းမရဘူး၊ ဒါကတော့ ဆုတောင်းပွဲလုပ်လို့ ပုံတွေဝေလို့ သက်သက်ဖမ်းတာပဲ” ဟု ပဲခူးNLD ဥက္ကဌ ဦးမြတ်လှက ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုများ ရှိနေသော်လည်း မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းများမှ မြို့ပေါင်း ၅၀ နီးပါးတို့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်း ပွဲများကို လုံခြုံရေး တင်းကျပ်သည့်ကြားမှ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၃၁ ရက်နေ့ကလည်း ဆုတောင်းပွဲများ ဦးဆောင် ပြုလုပ်ခဲ့သော မကွေးတိုင်းမှ NLD အဖွဲ့ဝင် ၁၅ ဦး ထက်မနည်းကို ၂၄ နာရီကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပွင့်ဖြူ NLD မှ ဦးအောင်ဝင်းနှင့် သားဖြစ်သူ ကိုသူရ အောင် တို့ကိုမူ ယနေ့တိုင် ထိန်းသိမ်းထားပြီး ကျူရှင် အက်ဥပဒေဖြင့် ငြိစွန်းသည်ဟုဆိုကာ ရုံးတင် စစ်ဆေး နေသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */