ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် လိုလား

Tuesday, August 11, 2009 ·

သန်းထိုက်ဦး | ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ခိုလှုံနေထိုင်လျက်ရှိသော ရိုဟင်ဂျာ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရာတွင် အကူအညီပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီး ဒီပူ မိုနီ (Dipu Moni)က တောင်းဆိုလိုက်သည်။

အဆိုပါ UNHCR ကိုယ်စားလှယ် ရေမွန်ဟောလ် (Raymond Hall) နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ သြ ဂုတ်လ ၈ ရက်နေ့၌ တွေ့ဆုံခဲ့ရာတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက“ရိုဟင်ဂျာတွေ တရားမ၀င် ၀င်ရောက်နေတာကြောင့် ရှားပါးတဲ့ မြေ ယာ တွေ၊ သစ်တောတွေနဲ့ အခြား အရင်းအမြစ်တွေကို ထိခိုက်စေတယ်”ဟု ပြောသည်။

မြန်မာ အာဏာပိုင်များ အနေနှင့်လည်း ရိုဟင်ဂျာများကို ပြန်လည် ခေါ်ယူသင့်ကြောင်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင်ရှိ ရွှေ့ပြောင်း ဒုက္ခသည် စခန်း၂ ခုတွင် ရိုဟင်ဂျာ ဒုက္ခသည် အသိအမှတ် ပြုခံထားရသူ စုစုပေါင်း ၂၀၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ရိုဟင်ဂျာ အကျပ်အတည်း တို့အပေါ် ၁၄ ကြိမ်မြောက် အာဆီယံ စုံညီ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားခဲ့သည်။

ယင်း အစည်းအဝေးတွင် ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီ လူမျိုးများသာ ဖြစ်၍ မြန်မာတိုင်းရင်းသားထဲတွင် မပါဝင် ကြောင်း မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ငြင်းဆိုခဲ့သည်။

ကုလားတန်သတင်း ဌာနမှ အယ်ဒီတာ ကိုတင်စိုးကမူ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် မည်သည့် ပေါ်လစီကို ချမှတ်ထားသည်ကို မသိရသေးကြောင်း သို့သော် ရိုဟင်ဂျာ လူမျိုးများကို ပြန်ပို့လိုက်မည်ဆိုပါက ပြန်လည် ထွက်ပြေးလာဦးမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဘာဖြစ်လဲဆိုတော့ မြန်မာပြည်ထဲမှာ ရှိနေတဲ့ ဒီနယ်စပ်တလျှောက် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်းတော၊ ဘူးသီးတောင်ဘက်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေက သူတို့ တနေရာကနေ တနေရာ သွားလို့မရဘူး၊ ဒီကနေ ပို့တဲ့ လူတွေကျတော့လည်း တကယ် မူရင်း ကျေးရွာတွေကို ပို့မှာ မဟုတ်ဘူး”ဟု ကိုတင်စိုးက ဆိုသည်။

ပြန်ပို့ခံရသည့် ရိုဟင်ဂျာ လူမျိုးများကို တောတောင်များကြားသို့ ပို့ဆောင်လျက်ရှိပြီး ၎င်းတို့မှာ တနေရာနှင့် တနေရာ သွားလာ၍ မရသည့်အပြင် အလုပ်အကိုင်များလည်း လုပ်ကိုင်၍ မရသောကြောင့် နောက်ဆုံး ပြန်လည် ထွက်ပြေးလာ ကြမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရိုဟင်ဂျာ အများအပြားသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် အတွက် မြန်မာနိုင်ငံမှ အလုံး အရင်းဖြင့် ထွက်ခွာလျက် ရှိသည်။ ၎င်း ရိုဟင်ဂျာများသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး နိုင်ငံမဲ့နေသော လူ နည်းစုဖြစ်ကာ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့်မရစေရန် မြန်မာ အာဏာပိုင်များက ဖိနှိပ်ထားသည်။

ယခင် ၂၀၀၈ စက်တင်ဘာလက ရိုဟင်ဂျာ ၁ဝဝ ကျော်သည် အလုပ်အကိုင် ရရှိရေးအတွက် ရန်ကုန်သို့ သွား ရောက်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရသည်။ အာဏာပိုင်များက ထောင်ဒဏ် ၆ လ အသီးသီး ချမှတ်ခံခဲ့ ရသည်။

မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ် တည်းလာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြရကြောင်းလည်း သိရှိရသည်။

ထို့အပြင် အခြား နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရ သည်။

ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိလာသည့် ရိုဟင်ဂျာ အ ရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာကြောင်း သိရသည်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်ဟု ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */