စုစုနွေးကို ခန္တီးထောင်ပြောင်း

Tuesday, August 11, 2009 ·

ကိုထွေး | လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို အာဏာပိုင်များက စစ်ကိုင်းတိုင်း ခန္တီး အကျဉ်းထောင်သို့ ပြီးခဲ့သော ကြာသပတေးနေ့က ပြောင်းရွှေ့ လိုက်သည်။

စုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်က “ ကျမ စုံစမ်းလိုက်တာ ခန္တီးထောင်ကို ၆ ရက်နေ့က ရောက်သွားတယ်၊ ဘာကြောင့် ပြောင်းတာလဲဆိုတာ ကျမ ကလေးထောင်ကို ဖုန်းဆက်မေးတော့ သူ့တို့ဘာမှ ဖြေကြားပိုင်ခွင့် မရှိ ဘူးလို့ ပြောတယ်၊ ပြောင်းတယ် မပြောင်းဘူးဆိုတာကို အတိအကျမပြောဘူး” ဟုပြောသည်။

ယခု လဆန်းပိုင်းတွင် ခန္တီး အကျဉ်းထောင်သို့ သွားရောက်ရန် စီစဉ်ထားသည် ဟုလည်း ၎င်းက ဆိုသည်။

မစုစုနွေးသည် အာဇာနည်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးစပ် ထားသည့် သီချင်းတပုဒ်ကို သီဆိုခဲ့သည့် အတွက် ကလေးထောင်တွင် ၃ ရက် တိုက်ပိတ် ခံခဲ့ရသေးသည်။

မစုစုနွေး၏ ကျန်းမာရေး ဆိုးရွား၍ ကလေးမြို့ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူရသည့် ပြီးခဲ့သော မတ်လတွင် အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က သူမ၏ ကျန်းမာရေး အခြေအနေအရ မိသားစုနှင့် နီးသည့် ဒေသ အကျဉ်းထောင်သို့ ပြောင်းရွှေ့ ပေးရန် မြန်မာ ပြည်ထဲရေး ၀န်ကြီးထံသို့ စာရေးသား ပေးပို့ တောင်းဆိုခဲ့သည်။

မစုစုနွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ် ခွဲ ချခံထားရသူဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အင်းစိန်ထောင်မှ ကလေးမြို့ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

မစုစုနွေးသည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် လုပ်အားပေး ခိုင်းစေသည့် ရပ်ကွက်အာဏာပိုင်များကို တရားစွဲဆိုရာမှ ထင်ရှားသည့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်လာသည်။

ထိုသို့ တရားစွဲခဲ့ရာတွင် အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမ အကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */