အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်အတွက် ဒေါ်အောင်ဆန်းစုကြည် အယူခံတင်မည်

Friday, August 21, 2009 ·

မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံတင်သွင်းရန် ရှေ့နေများ ပြင်ဆင် နေကြကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်တို့ ရေးနေကြတယ်ဗျာ။ မပြီးသေးဘူး။ နောက်အပတ်မှပဲ တင်ဖြစ်မယ်ထင်ပါတယ်။ မတင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်မယ်လို့တော့ မျှော်လင့်တာပဲ။ အခုထိတော့ မသိရသေးဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံနိုင်ရေးကို ယခင်က ရှေ့နေများမှတဆင့် အာဏာပိုင်များထံ တင်ပြခဲ့ရခြင်း ဖြစ်သော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆောင်ရွက်နေကြောင်း သိရသည်။

“ကျနော်တို့က ဆောင်ရွက်တာ မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဆောင်ရွက်တာပါ။ သူ့နေအိမ် တာဝန်ယူထားတဲ့ လုံခြုံရေး တာဝန်ခံတွေ ကတဆင့် ကျနော်တို့ ရှေ့နေတွေနဲ့ တွေ့ဖို့ကို အကြောင်းကြား ပါတယ်။ သူတို့ ခွင့်ပြုတယ် ဆိုရင် အကြောင်းကြား တဲ့ရက်မှာ သွားတွေ့ ရပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် ခြံဝင်း အတွင်း အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော ၀င်ရောက်ခဲ့မှု အတွက် နအဖ စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ အမျိုးသမီး (၂) ဦး တို့အား တရားစွဲဆိုခဲ့သည်။

ထို့နောက် သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက နေအိမ်အကျယ်ချုပ် (၁၈)လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။

ယခ အယူခံ တင်သွင်းခြင်းသည် အင်းစိန် အထူးတရားရုံးမှ ချမှတ်ခဲ့သော အလုပ်နှင့်ထောင်ဒဏ် (၃) နှစ် တရားစီရင်မှု အတွက် အယူခံ တင်သွင်းခြင်း ဖြစ်ပြီး နအဖစစ် အစိုးရက ထပ်မံ ကန့်သတ် ထားသော နေအိမ် အကျယ်ချုပ် (၁၈) လနှင့် သက်ဆိုင်ခြင်း မရှိပေ။

ထို့ကြောင့် အယူခံ အောင်မည် ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် (၁၈) လဖြင့် နအဖက ထိန်းသိမ်း ထားဦးမည် ဖြစ်သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက် ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကို အသုံးပြုခဲ့ခြင်း ဖြစ်၍ သူမ၏ ပါတီ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီရင်ချက်ချအပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း တရားစွဲဆိုနေစဉ်ကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာ သက်ဝင်မှု မရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။

သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားနိုင်ခြင်း မရှိပေ။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */