ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကို ယာယီထိန်းသိမ်း

Tuesday, August 11, 2009 ·

သန်းထိုက်ဦး | ရန်ကုန်မြို့ အင်းစိန်ထောင်အနီးတွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်အားပေးသူ လူ ၅၀ ခန့်ကို လုံထိန်းရဲများ အပါအဝင် အာဏာပိုင်များက ယာယီထိန်းသိမ်း၍ ပြန်လွှတ်ပေးခဲ့ သည်ဟု မျက်မြင်သက်သေများ က ပြော သည်။

အဆိုပါ လူ ၅၀ ခန့်ကို အာဏာပိုင်များက ထိန်းသိမ်းခေါ်ဆောင်သွားပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်အနီးတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်ချတဲ့ အင်းစိန်ထောင် အနီးမှာ စောင့်ကြည့်တဲ့ လူ ၅၀ ကျော်ကို ဒိုင်နာ ကား နဲ့ ခေါ်သွားတယ်၊ ပြီးတော့ အဖွဲ့ချုပ် ရုံးနားမှာပြန်လွှတ်ပေးခဲ့တယ်” ဟု မြို့ခံ မျက်မြင်တဦးက ပြောသည်။

အင်းစိန် ခုံးတံတား၌ ရဲကား ၁၀ စီးခန့် အင်အားအပြည့်နှင့် ရှိနေပြီး မီးရထားဝင်းများ၊ လမ်းများပေါ်တွင် ကား ၇ စီးခန့် ရပ်ထားကာ အရပ်ဝတ် လုံခြုံရေးများ မြောက်မြားစွာ ချထားကြောင်းလည်း ၎င်း မျက်မြင်က ဆိုသည်။

NLD လူငယ် တဦးအဆိုရ ယခုကဲ့သို့ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ဆူပူမှုများ ဖြစ်ပွားမည်ကိုကြောက်သည့်အတွက် ဖြစ်နိုင်ကြောင်း ဧရာဝတီ သို့ပြောသည်။

အဖမ်းခံရသူများထဲတွင် NLD အဖွဲ့ဝင် အများစုပါဝင်ပြီး နယ်မှ လာရောက်သူများဖြစ်သည်ဟု လည်းဆိုသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့ တွင် အင်းစိန် ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက်ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၃ နှစ် အမိန့်ချရန် စီစဉ်ထားသော်လည်း ယင်းသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်းသည် စစ် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရဖြစ်ကြောင်း၊ ထိုအမိန့်ကို ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက တရားခွင်သို့ လာရောက် ဖတ်ကြားသွားကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်း စည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်းလည်း သိရသည်။

အလားတူပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ယင်းချမှတ်သော တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD အဆိုရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */