နာဂစ်မုန်တိုင်းသင့်ဒေသ ရေသန့်ဖူလုံတော့မည်

Tuesday, August 04, 2009 ·

NEJ | နာဂစ် လေမုန်တိုင်းသင့် ဒေသတွင် လာမည့် ခြောက်သွေ့ ရာသီအတွင်း ရေကောင်း ရေသန့် အလုံအလောက် ရရှိနိုင်တော့မည် ဖြစ်ကြောင်း ကျွမ်းကျင်သူများကို ကိုးကားပြီး IRIN သတင်းတွင် ဖော်ပြသည်။

နိုင်ငံတကာ ကယ်ဆယ်ရေး ဧဂျင်စီများ၊ အာဏာပိုင် များနှင့် ဒေသဆိုင်ရာတို့ ပူးပေါင်း လုပ်ဆောင်မှုကြောင့် ရေကောင်း ရေသန့် ရရှိမှု အခြေအနေ တိုးတက်လာနေသည်ဟု သိရသည်။

နာဂစ် မုန်တိုင်းသင့် ဒေသများတွင် ညစ်ညမ်းနေသော ရေကန်များအား ပြန်လည် ပြုပြင်ခြင်းနှင့် ရေကန် အသစ်များ တူးဖော်ခြင်း တို့ကြောင့် လေဘေး ဒုက္ခသည်များ အနေဖြင့် ရေအလုံအလောက် ရရှိတော့မည် ဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့မှ ရေနှင့်ကျန်းမာရေး ဆိုင်ရာအရာရှိ Waldemar Pickardt က ပြောသည်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့မှ ကွမ်းခြံကုန်း၊ ဒေးဒရဲနှင့် ဘိုကလေးမြို့နယ်တို့တွင် ရေကန်ပေါင်း (၄၀) တူးဖော်ခဲ့ပြီး မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရသည့် လပွတ္တာမြို့နယ် အတွင်း ရေကန်ပေါင်း (၅၀) ကျော် တူးဖော် နေဆဲဖြစ် သည်ဟု သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလ အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းတွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် ခဲ့သောကြောင့် လူပေါင်း (၁) သိန်း (၄) သောင်း သေဆုံးခဲ့ပြီး လူပေါင်း (၂) သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြမှုနှင့် အတူ ရေသန့်ရရှိရေးကိစ္စ သည်လည်း ကျန်းမာရေးဆိုင်ရာ အဓိက အလေးထားစရာအချက် ဖြစ်ခဲ့သည်။

မုန်တိုင်းသင့် ဒေသတွင်းရှိ ရေတွင်းရေကန်များသည် ဆားငန်ရေများဝင်ရောက်မှုကြောင့် ရေညစ်ညမ်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

မုန်တိုင်း ကာလအပြီး (PONJA) မှထုတ်ပြန်သည့် အစီရင်ခံစာ အရ ရန်ကုန်တိုင်း အတွင်းရှိ ရေကန် (၁၃) ရာခိုင်နှုန်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ရေကန် (၄၃) ရာခိုင်နှုန်း ပျက်စီးခဲ့ပြီး စုစုပေါင်း ရေကန်ပေါင်း (၁,၅၀၀) ခန့် ရေညစ်ညမ်းပျက်စီးခဲ့ရ သည်ဟု သိရသည်။

ပြီးခဲ့သည့် ခြောက်သွေ့ ရာသီတွင် ရေပြတ်လပ်မှုများ ရှိခဲ့ပြီး လေဘေးသင့်သူ အများစုမှာ မြစ်ရေနှင့် မိုးရေကို မီခို အားထား ခဲ့ကြရ ကြောင်း၊ ကုလသမဂ္ဂ အစီရင်ခံစာ အရ ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် နာဂစ် မုန်တိုင်းသင့်သူ (၇၄) ရာခိုင်နှုန်းသည် သောက်ရေသန့် မလုံလောက်သော အခက်အခဲနှင့် ကြုံခဲ့ရကြောင်း IRIN မှ ဖော်ပြ ထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */