FreedomNews Group
နအဖ စစ်တပ်မှ ထွက်ပြေးလာသည့် အရာရှိ နှစ်ဦးက မြောက်ကိုရီးယား အကူအညီဖြင့် မြန်မာ စစ်အစိုးရ ၏ ညူကလီးယား ဗုံးထုတ်လုပ်ရန် လှို့ ဝှက်ကြံစည် ထားမှု များကို Sydney Morning Herald မှ တစ်ဆင့် ကမ္ဘာသိ ဖေါ်ထုတ်ဖွင့် ချသွားခဲ့သည်။
ရုရှားနိုင်ငံတွင်ညူကလီးယားပညာကိုနှစ်နှစ်ခန့်သွားရောက်သင်ကြားပြီးနူကလီးယားရေးရာတပ်ဖွဲ့ ကို ဦးဆောင်ရ သူ မိုးကြိုး က သြစတေးလျှ အမျိုးသား တက္ကသိုလ် မှ မဟာဗျူဟာ ကျွမ်းကျင်သူ Desmond Ball ကိုပြောကြားရာတွင် မြန်မာ နိုင်ငံမြောက် ပိုင်း နောင်လျှန်း အရပ်တွင် လှို့ ဝှက်တည် ဆောက် ထားသော ညူကလီယား ဓာတ်ပေါင်းဖို မှ နေ ၍ လာမည့် ငါးနှစ် အတွင်း ညူကလီယားဗုံးတစ်လုံးကို ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်းထည့်သွင်းပြောကြားသွားသည်။
ထို ဓာတ်ပေါင်းဖိုမှာ မြောက်ကိုရီးယား ၏ အကူအညီ ဖြင့်တည်ဆောက်ထားခြင်းဖြစ်ပြီး မြန်မာစစ်အစိုးရမှ ညူကလီးယား ဗုံးထုတ်လုပ်ရာတွင် အသုံးပြုသော Yellow Cake ခေါ် ယူရေနီယမ် ဒြပ်စင် တစ်မျိုးအား အီရန် နှင့် မြောက်ကိုရီးယား နိုင်ငံများ သို့ ထောက်ပံ့ခဲ့သည်။

မိုးကြိုး နှင့် တင်မင်း ဟု အမည် ခံယူထားသူများသည် မြန်မာ စစ်တပ်တွင် အရာရှိများ အဖြစ်တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး မိုးကြိုးက ညူကလီယား စက်ရုံ များကို လှို့ ဝှက်တည် ဆောက်ထားရာ ဆက်ခရာ တောင်တန်းလှိုဏ်ခေါင်း အနီးဉ် လူတစ်ထောင်ကျော် ပါဝင်သည့် ညူကလီးယားရေးရာတပ်ဖွဲ့ ကို ဦးဆောင်ခဲ့ရသည်။
နာမည်ကျော် စီးပွားရေးလုပ်ငန်း ရှင် တစ်ဦးဖြစ်သူ ဦးတေဇ နှင့် ရင်းနှီးသည် ဆိုသည့် မြန်မာစစ်တပ်မှ ထွက်ပြေးလာသည့် အရာရှိ တင်မင်းက “နောင်လျှန်း တွင် မြေအောက်လှိုဏ်ခေါင်းတူးပြီး လှို့ ဝှက်တည်ဆောက် ထားသော ညူကလီးယား သန့် စင်ရာနေရာ တွင် မြေအောက်လှိုဏ်ခေါင်းများမှာ ထရပ်နှစ် စင်းယှဉ် ၍ မောင်း နိုင်လောက် အောင် ကျယ်ဝန်းသည် ဟု ထုတ်ဖေါ်ပြောကြားသည်။
ညူကလီယား ဓာတ်ပေါင်းဖို ဖြစ်မြောက်ရေး အတွက် ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ၏ သမက်တော်စပ်သည့် ထူး ထရေဒင်း ပိုင်ရှင် ဦးတေဇ က ရုရှား နှင့် မြောက်ကို ရီးယားနိုင်ငံတို့ နှင့် လွန်ခဲ့သည့် နှစ်အတန်ကြာကပင် ချိတ်ဆက်ပေးခဲ့ပြီး ယူရေနီယမ် သန့် စင်ရေးသုံး ပစ္စည်းများ မြန်မာ နိုင်ငံသို့ သယ်ပို့ ရာတွင် ပါဝင်ဆောင် ရွက်ခဲ့သည် ဟု ဆိုသည်။လှို ၀ှက်ဓာတ်ပေါင်းဖို တည်ရှိရာ နောင်လျှန်း ရှိ ဥမင်လှိုဏ်ခေါင်းများ အား ဦးတေဇ ၏ ထူးထရေဒင်း ကပင် ၂၀၀၄ ခု နှစ်ကတည်းက တာဝန်ယူတည်ဆောက်ခဲ့သည် တင်မင်း က ထုတ်ဖေါ်ပြောကြားသည်။တင်မင်းက ဦးတေဇ နှင့် တစ်နေ့ တွေ့ ဆုံရာတွင် စစ်အစိုးရ အနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်း နိုင်ငံ အား ရင်ဆိုင်ရာတွင် စစ်လက်နက် အင်အားအဆမတန် သာလွန်နေခြင်းကြောင့် သမရိုးကျ လက်နက် များဖြင့် ရင်ဆိုင်၍ မရ နိုင်တော့ သဖြင့် မြောက်ကိုရီးယား ကဲ့သို့  မဟာဗျူဟာ မြောက် ညူကလီယား လက်နက် ရှိမှ သာ ဖြစ်နိုင်ကြောင်း သူ့ ကိုပြောခဲ့သည်။
မြန်မာစစ်အစိုးရ သည် ညူကလီးယား ရည်မှန်းချက် နှင့် ပတ်သက်၍ မည်သည့် အခါမှ ထုတ်
ဖေါ်ပြောကြားခြင်းမရှိချေ။ ညူကလီယား သိပွံ ပညာနှင့် ပတ်သက်၍ လည်း အရပ်ဖက်ဆေးရုံးများ တွင် သုံးမည် ဖြစ်ကြောင်းပြောကြားခဲ့သော် လည်း တင်မင်းက ညူကလီးယား သိပ္ပံပညာ ကို သုံးတဲ့ ဆေးရုံ ဘယ် နှစ်ရုံ ရှိလို့ လဲ မီးတောင် ပုံမှန် လာတာ မဟုတ်ဘူး ဟုပြောသည်။
မိုးကြိုး နှင့် တင်မင်း တို့ ၏ စစ်အစိုးရ ညူကလီးယား အစီအစဉ် နှင့် ပတ်သက် ၍ ထုတ်ဖေါ်ပြော
ကြားချက်များသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ထိုင်းနိုင်ငံသို့ လာရောက် စဉ် ပြုံးယမ်း နှင့် မြန်မာ ညူကလီယား နည်းပညာ ဆက်သွယ်ဆောင်ရွက်မှု များရှိ
နေသည် ဟု ပြောကြားပြီး တစ်ပတ် အကြာတွင် ဖြစ်သည်။
မြန်မာ စစ်အစိုးရ ၏ ယခုကဲ့သို့ ငါးနှစ် အတွင်း ညူကလီးယား ဗုံးထုတ်လုပ်ရန် နီးစပ်ပြီဆိုသော
သတင်းပေါက် ကြားခြင်းသည် ဒေသတွင်း နိုင်ငံ များ အထူးသဖြင့် ထိုင်းနိုင် အနေ ဖြင့် စိတ်မသက်သာရာ သတင်းဆိုး တစ်ခု ပင် ဖြစ်သည် ဟု ဆိုသည်။

0 comments:
Post a Comment