ငွေစက္ကူအကြွေများ လဲလှယ်သူမရှိ

Tuesday, August 04, 2009 ·

NEJ | သြဂုတ် (၃) ရက်၊ ယနေ့မှစ၍ စစ်အစိုးရ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ဟောင်းနွမ်းနေသည့် ငွေစက္ကူ အကြွေများကို လဲလှယ်ပေးနေသော်လည်း လာရောက် လဲလှယ်သူ အလွန် နည်းပါးကြောင်း ရန်ကုန် မြို့ခံများက ပြောသည်။

ငွေစက္ကူအကြွေရှားပါးမှုများကြောင့် ငွေစက္ကူ (၅) ကျပ်တန်မှ (၂၀၀) တန်အထိ တမျိုးကို (၁၀) ရွက်အထိ အစိုးရဘဏ်များတွင် လဲလှယ်ပေးနေခြင်းဖြစ်သည်။

“အဲဒီမှာ စည်းကမ်းသတ်မှတ်ထားတာက ငွေစက္ကူ စုတ်ပြဲနေရင် တိပ်နဲ့သပ်သပ်ရပ်ရပ် ကပ်ထားရမယ်၊ ငွေစက္ကူတွေပေါ်မှာ တစုံတရာရေးခြစ်မထားရဘူး။ တန်ဖိုး အမျိုးအစား အလိုက် သတ်သတ် ရပ်ရပ်စီ ထားရမယ်တဲ့။ လဲပေးမှာကလည်း ငွေစက္ကူအသစ် ဟုတ်ချင်မှဟုတ်မယ်၊ သုံးပြီးသား အဟောင်းလည်း ဖြစ်နိုင်တယ်” ဟု ဗိုလ်ဆွန်ပက်လမ်းရှိ ဗဟိုဘဏ် လုပ်ငန်းဌာနခွဲသို့ ငွေသွားလဲခဲ့သူတဦးက ပြောသည်။

ပန်းဆိုးတန်းလမ်းဘက်ရှိ ဘဏ်ခွဲများတွင် နေ့လယ် (၁၂) နာရီရောက်သည်အထိ ငွေလဲကောင်တာ ဖွင့်ထားသော်လည်း လာရောက်လဲလှယ်သူ မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်သုံးစွဲရာတွင် ငွေစက္ကူအကြွေများ ရှားပါးရုံသာမက ဟောင်းနွမ်းစုတ်ပြဲနေပြီး ယင်းငွေဟောင်း များမှာ သာမန် ပြည်သူများလက်ထဲတွင် အမြောက်အမြား ရှိနေကြခြင်း မဟုတ်သည့် အတွက် ယခုကဲ့သို့ ငွေစက္ကူ ဆယ်ရွက် လောက်နှင့် ဘဏ်မှာလာလဲကြမည်မဟုတ်ကြောင်း စာရေး ဆရာ စီးပွားရေး ပညာရှင် တဦးက ပြောသည်။

၎င်းက “လောလောဆယ် အဟောင်းအနွမ်းတွေကို သုံးလို့ရနေတော့ ဆက်သုံးနေကြဦးမှာပဲ။ တကယ် လိုအပ် နေတာက ငွေစက္ကူ အကြွေတွေကို ပေါပေါများများ ရိုက်ထုတ်ပြီး ပြည်သူတွေ လိုအပ်သလောက် လဲပေးဖို့ပဲ။ ဒီလို မလုပ်ပေး သရွေ့တော့ မလိုအပ်ဘဲ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို ပြည်သူတွေ ခံနေရအုံးမှာပဲ” ဟု ပြောသည်။

လောလောဆယ် ပြည်သူများအတွင်း နေ့စဉ်ဈေးရောင်းဈေးနှုန်းသတ်မှတ်ရာတွင် ပြန်အမ်းစရာငွေစက္ကူ အကြွေမရှိသဖြင့် ဈေးနှုန်းကို အတိအကျ ဥပမာ (၁၀၀၊ ၂၀၀၊ ၃၀၀) သတ်မှတ်မှုကြောင့် ဖြစ်သင့်သည့်တန်ဖိုးထက် မြင့်နေသည်ဟု မြို့ခံများက ပြောသည်။

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်တလျှောက်ရှိ ဘူတာများတွင် လက်ဖက်ရည် ပါဆယ်တခွက် ကျပ် (၅၀၀) ဖြင့်ရောင်းချပြီး မန္တလေးမြို့ပေါ်တွင် လက်ဖက်ရည်တခွက် ကျပ် (၁၅၀ မှ ၂၀၀) အကြားသာ ဈေးနှုန်းရှိသည်။

ယခုကဲ့သို့ စစ်အစိုးရက အကန့်အသတ်ဖြင့် ငွေစက္ကူအဟောင်းများ လဲလှယ်ပေးနေသည့်အပေါ် ရန်ကုန်မြို့ခံများရော နယ်မှ ပြည်သူများကပါ စိတ်ဝင်စားမှု မရှိသကဲ့သို့ ငွေစက္ကူအကြွေရှားမှုလည်း ပြေလည်မည်မဟုတ်ကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */