အဝေးပြေးယာဉ် ဆိုက်ရောက်ချိန် ပြောင်းလဲ သတ်မှတ် ခရီးသည်ကားများ လမ်းခရီးတွင် အချိန်ဖြုန်းရ

Friday, August 21, 2009 ·

ဝီရ | နယ်အသီးသီးမှ ခရီးသည်တင် အဝေးပြေးကားများ ရန်ကုန်မြို့သို့ ဝင်ရောက် ချိန်ကို ပြောင်းလဲ သတ်မှတ် လိုက်သဖြင့် ကားပြေးဆွဲသူများနှင့် ခရီးသည်များပါ အဆင်မပြေမှုများဖြင့် ရင်ဆိုင်နေရသည်။

နယ်မြို့များမှ ခရီးသည်တင်ကားများအား ရန်ကုန်-အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ပြီးခဲ့သည့် ဇူလိုင်လ လယ်ပိုင်းမှစ၍ နံနက် (၅) နာရီ နောက်ပိုင်းမှသာ ဝင်ရောက် ရမည်ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဌာနက ပြောင်းလဲသတ်မှတ်လိုက်သည်။

မော်လမြိုင်မှ ရန်ကုန်သို့သွားရောက်ခဲ့သည့် ခရီးသည်တဦးက “အခု (၅) နာရီနောက်ပိုင်းမှ ရန်ကုန်ကို ဝင်ရမယ် ဆိုတော့ ကားတွေက တောက်လျှောက်ရပ်လာခဲ့တာ၊ စစ်တောင်း တံတား မဖြတ်ခင် မုပ္ပလင်မှာ ကားစက်သတ်ပြီး ရပ်ထားတာ အကြာကြီးပဲ။ ပဲခူးရောက်တော့ ည (၂) ချက်ထိုးပဲ ရှိသေးလို့ အဲကွန်းပိတ်၊ စက်သတ်ပြီး ရပ်ထားတော့ ဒုက္ခရောက်တာပေါ့။ မိုးရာသီလည်း ဖြစ်နေတယ်။ ကားပေါ် မှာလည်း အိပ်လို့မရ၊ အပြင်က ဆိုင်တွေမှာလည်း ဘယ်လိုလုပ် အိပ်မလဲ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုသို့သတ်မှတ်လိုက်သောကြောင့် တရက်လျှင် မှန်လုံကားအစီးရေ (၆၀) ကျော်မှာ ရပ်နားစခန်း ကျဉ်းကျဉ်းထဲတွင် တချိန်တည်း ဝင်ရောက်နေရ၍ အခက်တွေ့နေကြောင်း သိရသည်။

“ကားတွေက ပိတ်နေတော့ ယာဉ်ရပ်နားစခန်း အပြင်ပတ်လမ်းတွေမှာပဲ လူတွေချပြီး အထဲဝင်ဖို့ တန်းစီစောင့်နေရတယ်။ ခရီးသည်တွေကလည်း အထုပ်အပိုး တွေနဲ့ ဘယ်လမ်းကနေ ထွက်ရမှန်းမသိကြဘူး။ အားလုံး ပိတ်မိနေတယ်။ မြောက်ဥက္ကာလ ကို သွားတဲ့ လမ်းမဆီရောက်ဖို့ လိုင်းကားတို့၊ တက္ကစီတို့ ရှာဖို့ အဝေးကြီးပဲ။ အပြင်မှာ မဆင်းချင်လို့ ဂိတ်အထဲထိ ရောက်ဖို့က တနာရီလောက် ကြာဦးမယ်” ဟု အဆိုပါခရီးသည်က ပြောသည်။

ယခင်က အဝေးပြေးခရီးသည်တင်ကားများသည် အောင်မင်္ဂလာဂိတ်သို့ ညသန်းခေါင်အချိန်တွင် ဝင်ရောက်ကြသည့်အတွက် ရန်ကုန် မြို့တွင်းသို့ သွားလာရန် အခက်အခဲရှိနေ၍ ယခုကဲ့သို့ မိုးလင်းပိုင်း (၅) နာရီနောက်ပိုင်းမှ ဝင်ရောက်ရန် အချိန်ပြောင်းလဲ သတ်မှတ် လိုက်ခြင်း ဖြစ်သည်။ သို့သော် နယ်မြို့များမှ စတင်ထွက်ခွာရမည့်အချိန်ကိုမူ ယခင်အတိုင်း ညနေ (၅) နာရီ နောက်ဆုံးအဖြစ် သတ်မှတ်ထားသည်။

ထို့ကြောင့် ရန်ကုန်မြို့သို့ စောရောက်လာသည့် အချို့ကားများက ခရီးသည်များအား ဆွဲဆောင်သည့်အနေဖြင့် မြို့တွင်းပိုင်းသို့ တိတ်တဆိတ် ပို့ဆောင်နေမှုများ ရှိနေသည်။

“တချို့ကားတွေက ခရီးသည်တွေ အဆင်ပြေအောင် မြို့ထဲအထိ ပတ်ပြီး လိုက်ချပေးတာ၊ ကားတွေက ရောက်တာ စောတာကိုး။ ဒါပေမယ့် ဒီအဝေးပြေးကားတွေ အနေနဲ့က မြို့ထဲ အထိ ဝင်ခွင့်မရှိဘူး။ ခိုးဝင် ရတာပေါ့။ ပြည်လမ်း၊ အင်းစိန်လမ်းမကြီးကနေ ကြည့်မြင်တိုင်၊ တာမွေအထိ လူတွေကို လိုက်ချပေးတယ်။ အဲဒီလိုသာမဟုတ်ရင် (၅) နာရီမှ ဂိတ်ဝင်ရမှာဆိုတော့ ခရီးသည်တွေကို ဘယ်မှာ သွားထား မလဲ။ ညပိုင်းခရီးဖြစ်နေတော့ လမ်းတလျှောက်လုံးက လုံခြုံစိတ်ချရတဲ့ နေရာတွေက ရှားတယ်လေ” ဟု မော်လမြိုင် အဝေးပြေး ခရီးသည် ပို့ဆောင်ရေးမှ မှန်လုံကားလက်မှတ် အရောင်းဝန်ထမ်းတဦးက ရှင်းပြသည်။

မိုင် (၂၀၀) ဝန်းကျင်သာ ရှိသည့် မော်လမြိုင်-ဘားအံ-ရန်ကုန်ခရီးသည် တညတာသွားရသည့် ခရီးမဟုတ်သဖြင့် မှန်လုံကား အများစုမှာ လမ်းခရီးတွင်သာ အချိန်ဖြုန်းနေကြရကြောင်း ၎င်းကပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */