မြန်မာ အလုပ်သမားများ အတွက် အသံလွှင့် ဌာနတခု မဲဆောက်တွင် ထုတ်လွှင့်မည်

Thursday, August 13, 2009 ·

NEJ | ဒေသတွင်းရောက် မြန်မာ အလုပ်သမားများ အတွက် (FM) ရေဒီယို အသံလွှင့်ဌာန တခုကို မဲဆောက်မြို့တွင် လာမည့် သီတင်းပတ်မှ စတင်ထုတ်လွှင့်မည်ဖြစ်သည်။

မဲဆောက် ဒေသအတွင်း (၁) သိန်းခွဲခန့်ရှိသည့် မြန်မာများ အတွက် ထိုင်းဖောင်ဒေးရှင်း တခုဖြစ်သည့် MIGRANT ASSITANCE PROGRAN (MAP) အဖွဲ့၏ တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေး အစီအစဉ်မှ ကမကထ ပြု၍ ထုတ်လွှင့်မည် ဖြစ်သည်။

အလုပ်သမား အခွင့်အရေး၊ ထိုင်းအလုပ်သမားဥပဒေ၊ အိပ်ခ်ျအိုင်ဗွီ- အေအိုင်ဒီအက်စ် ပညာပေးနှင့် ပညာရေး၊ လူမှုရေးများ အပြင် ဖျော်ဖြေရေးကဏ္ဍများ ပါဝင်ပြီး ကြာသပတေးနှင့် သောကြာ (၂) ရက်နား၍ နေ့စဉ် တနေ့ (၈) နာရီ ထုတ်လွှင့်မည်ဖြစ်သည်။

နံနက် (၁၁) နာရီမှ ည (၇) နာရီအထိ ထုတ်လွှင့်မည့် အစီအစဉ်နှင့် ပတ်သက်၍ တာဝန်ခံ ကိုမင်းမင်းက“ဒီလဆန်း (၈) ရက်ကစပြီး စမ်းသပ်မှုတွေ ထုတ်လွင့်ခဲ့တယ်။ အားလုံးအဆင်ပြေတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဖြည့်ပြီးတာနဲ့ လာမယ့်အပတ်မှာ ပုံမှန်လွှင့်မှာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာ ဘာသာဖြင့် စတင် ထုတ်လွှင့်မည် ဖြစ်သော်လည်း ထိုင်းအပါအ၀င် အခြားတိုင်းရင်းသား ဘာသာများဖြင့်လည်း ထုထ်လွှင့် သွားရန် ရှိသည်ဟု သိရပြီး မဲဆောက်မြို့မှ ကီလိုမီတာ (၃၀) အတွင်း ဖမ်းယူ နားဆင် နိုင်မည် ဖြစ်သောကြောင့် နယ်စပ်မြ၀တီမြို့အထိ ရောက်ရှိမည် ဖြစ်သည်။

စမ်းသပ်မှုကို နားထောင်ခဲ့သူ ထိုင်းဆန်စက်ရုံမှအလုပ်သမ မိုးမိုးက “မြန်မာလိုလွှင့်တော့ အများစုနားလည်ပြီး ဗဟုသုတလည်း ရတယ်။ သီချင်းလည်း တောင်းလို့ရတယ်ဆိုတော့ အလုပ်လုပ်ရင်း နားထောင်လို့ရတယ်။ ရိုးရိုးရေဒီယိုနဲ့ဖမ်းလို့ရတယ်။ လက်ကိုင်ဖုန်း နဲ့လည်း ရတော့ ဒီလိုင်းအလုပ်ဖြစ်မယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ (JACBA) အဖွဲ့၏ဥက္ကဋ္ဌ ဦးမိုးကြိုးက “အလုပ်သမားရေးအပါအ၀င် အခြားကဏ္ဍ တွေလည်း စုံတော့ ဂရုတစိုက်ထုတ်လွှင့်ဖို့ပဲ အရေးကြီးတယ်။ အဓိက သောတရှင်တွေကို ရင်ဘတ်ထဲက လေးစားမယ်ဆိုရင် သိပ်ကို အောင်မြင်မယ့် အလုပ်တခုလို့ ယူဆတယ်” ဟု ပြောသည်။

အဆိုပါ ရေဒီယိုလိုင်းကို မဲဆောက်မြို့မှ ကီလိုမီတာ (၃၀) အတွင်း FM 102.5 MEGAHERTZ တွင် ဖမ်းယူရရှိနိုင်သည်ဟု အသံလွှင့်ထုတ်လုပ်ရေးမှူးက ပြောသည်။

MAP အဖွဲ့သည် တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေးအစီအစဉ်အရ ချင်းမိုင်မြို့တွင်လည်း မြန်မာ အလုပ်သမားများ အတွက် ရှမ်း၊ ထိုင်း၊ ကရင်၊ အာခါ စသည့် ဘာသာ (၄) မျိုးဖြင့် နေ့စဉ်အသံလွှင့်ပေးနေသည်မှာ (၁၀) နှစ်ခန့်ရှိပြီဟု သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */