ဘုရားသုံးဆူဒေသ စစ်ရေးလှုပ်ရှားမှု တိုးများ

Thursday, August 13, 2009 ·

ကိုထွေး | ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူ အနီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) က နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ထိန်းချုပ်နိုင်ရန်နှင့် နယ်မြေ စိုးမိုးမှု ရယူနိုင်ရန်အတွက် စခန်းအသစ်များ တည်ဆောက်နေသည်။

ယင်းဒေသရှိ KNU နှင့် နီးစပ်သော အသိုင်းအ၀န်းက “DKBA တပ်မဟာ (၉၀၇) ဗိုလ်မှုး စောနော်တရာ ဦးစီးတဲ့ အင်အား ၇၀ လောက် ရှိတဲ့ တပ်ရောက်လာတယ်၊ မနေ့ကတော့ ကျင်းတွေတူးနေကြတယ်၊ အဓိက ကတော့ နယ်မြေစိုးမိုးရေးပါ”ဟု ဧရာဝတီသို့ ပြောသည်။

DKBA အနေဖြင့်ယခုကဲ့သို့ စခန်းအသစ် ဆောက်နေခြင်းမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) ကို တိုက်ရန် အတွက် သာမက နောင်တွင် တင်းမာမှုများ ရှိလာပါက မွန်ပြည်သစ် ပါတီကိုပါ တိုက်ခိုက် လာနိုင်ကြောင်း သုံးသပ် သူများက ဆိုသည်။

မွန်ပြည်သစ်ပါတီ အဖွဲ့ဝင် နိုင်ချေမွန်က “ဘုရားသုံးဆူ ဂိတ်ကို ချီတက်လာတဲ့ မြန်မာစစ်တပ်တွေကလည်း အခုဆိုရင် လမ်းတ၀က်ရောက်နေပါပြီ၊ ၁၄နှစ်အတွင်း မြန်မာစစ်သား အမြောက်အမြား ဒီဒေသကို ချီတက် လာတာပါ” ဟုပြောသည်။

ယင်း DKBAတပ်ဖွဲ့များသည် KNU ထိန်းချုပ်ထားသည့် ဘုရားသုံးဆူနှင့် ၂၄မိုင်ခန့် အကွာရှိ မဲ့ကသာရွာကို သိမ်းပိုက်ရန် ကြံစည် နေကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီသည်လည်း စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ်အသွင်ပြောင်းရန် ငြင်းဆန်ထားသည်။

မွန်ပြည်သစ်ပါတီအဖွဲ့ဝင် နိုင်လ၀ီမွန်က “DKBAက ကရင်အချင်းချင်းတောင် တိုက်တာပဲ၊ မွန်ဆိုရင်တော့ ပြောဖို့ မလိုတော့ပါဘူး” ဟုပြောသည်။

ယခင်နှစ်က DKBAနှင့် မွန်ပြည်သစ်ပါတီတို့သည် ဘုရားသုံးဆူဂိတ် အနီး နယ်မြေထိန်းချုပ်ရေးနှင့် ပတ်သက်၍ အငြင်းပွားခဲ့ပြီး ယင်းဒေသ မူးယစ်ဆေးနိုမ်နင်းသည့်ကိစ္စကြောင့် DKBAတပ်ဖွဲ့ဝင် တဦး မွန်ပြည်သစ်ပါတီကြောင့် အသက် ဆုံးရှုံး ခဲ့ဖူးသည်။

၁၉၈၈ ခုနှစ်တွင် ဘုရားသုံးဆူဂိတ် နယ်မြေ အငြင်းပွားမှုကြောင့် KNUနှင့် မွန်ပြည်သစ်ပါတီတို့ အပြန်အလှန် ပစ်ခတ်ခဲ့ရာမှ ၂ ဘက်တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်။

KNU တပ်မဟာ ၆ ထိန်းချုပ်ထားသည့် ဘုရားသုံးဆူ ဒေသသည် သဘာဝအရင်း အမြစ် ပေါများပြီး စီးပွားရေး လုပ်ငန်း များစွာ ဆောင်ရွက် နိုင်သည့် နေရာတခုဖြစ်သည်။

ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန် လဆန်းပိုင်းမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ဇွန်လ ၂၁ ရက်နေ့ ပူးပေါင်းတပ်ဖွဲ့များက KNU ၏ အဓိက တပ်စခန်း ဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို သိမ်း ပိုက်နိုင်ခဲ့သည်။

KNLA တပ်မဟာ (၇) နယ်မြေအတွင်းရှိ စခန်းများကျဆုံးပြီးနောက်တွင် DKBA နှင့်မြန်မာစစ်တပ်သည် KNLA တပ်မဟာ (၅) နှင့် KNLA တပ်မဟာ (၆) ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် အာရုံစိုက်လာသည်ဟုလည်း ထိုင်း-မြန်မာ နယ်စပ် မှလာသော သတင်းများနှင့် လေ့လာသူများ၏ အဆိုအရ သိရသည်။

KNU သည် မြန်မာအစိုးရကို နှစ်ပေါင်း ၆ဝ ကျော် လက်နက်ကိုင် ဆန့်ကျင်နေသော တိုင်းရင်းသား အဖွဲ့တဖွဲ့ ဖြစ်သည်။

DKBA သည် ၁၉၉၅ တွင် KNU မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် ပူးပေါင်းကာ နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် သဘော တူညီ ထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */