ကချင်တိုင်းရင်းသား ဝန်ထမ်းများအား ကိုယ်ရေးရာဇဝင် အချက်အလက် ကောက်ယူ

Thursday, August 13, 2009 ·

ခိုင်လင်း | ယခုအပတ် အတွင်းမှစ၍ ကချင်ပြည်နယ် အတွင်းရှိ အစိုးရဌာနများတွင် ၀န်ထမ်း အဖြစ် တာဝန် ထမ်းဆောင် နေသည့် ကချင်တိုင်းရင်းသားများ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ် မယက အာဏာပိုင်များက မြို့နယ်တွင်းရှိ ဌာနအသီးသီးထံမှ ကောက်ယူနေသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ကြေးနန်းနှင့်စာတိုက်၊ မြေစာရင်း၊ စည်ပင် သာယာ စသည့်ဌာနများတွင် လုပ်နေကြသည့် ကချင် တိုင်းရင်းသားများကို ဌာနဆိုင်ရာ အရာရှိများက ကိုယ်ရေးရာဇဝင် အချက်အလက် ကောက်ယူနေခြင်း ဖြစ်သည်ဟု ဗန်းမော် ဒေသခံတဦးက ပြောသည်။

“စစ်တပ်တို့၊ ရဲတို့တော့ နဂိုတည်းက အဲလိုအချက်အလက်တွေ ရှိပြီးသားနဲ့တူတယ်။ အဲဒီဌာနတွေတော့ ကောက်တာ မကြားဘူး။ ကျန်တဲ့ဌာနတွေမှာရှိတဲ့ ကချင်တွေပဲ ရွေးပြီး မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းတွေရဲ့ အလုပ်အကိုင်တွေပါ မေးတာ။ စာရွက်ဖောင် တွေမှာ ဖြည့်ရတာ။ တောထဲက လက်နက်ကိုင်အဖွဲ့တွေထဲမှာ ဆွေမျိုး ရှိမရှိကို အဓိကသိချင်တာပါ။ ကိုယ့်အထဲက ကေအိုင်အေထဲမှာ ရောက်နေတဲ့သူတွေ ရှိမရှိ အဲဒါကိုပဲ မေးတာပါ” ဟု ဝန်ထမ်းမိသားစုဝင် ဗန်းမော်ဒေသခံ တဦးက ပြောသည်။

ယခုကဲ့သို့ ကချင် တိုင်းရင်းသားများကိုသာ ကိုယ်ရေးရာဇဝင်အချက်အလက် မေးမြန်းနေသဖြင့် ဝန်ထမ်းများ အကြား အလုပ်ဖြုတ်တော့ မလားဆိုသည့် စိုးရိမ်ပူပန်မှုများလည်း ရှိလာနေသည်ဟု အဆိုပါဒေသခံက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေး ဌာန ဦးစီးမှူး ရာထူး စာမေးပွဲများ စစ်ဆေးရာတွင် ကချင် တိုင်းရင်းသားများအား ရွေးချယ်ခြင်း မရှိတော့သည်မှာ သုံးပတ်ရှိခဲ့ပြီဟု မြစ်ကြီးနားဒေသခံ ကချင်အမျိုးသားတဦးက ပြောသည်။

“ကျနော် မိတ်ဆွေရဲ့ သားလည်း စာမေးပွဲဟိုတလောက သွားဖြေတာ၊ မအောင်ဘူး။ မြို့နယ်ဦးစီးမှူးတွေထဲမှာ ကချင်တွေ မထားချင် တော့တာ သေချာတယ်။ ကချင်ပြည်နယ်ထဲက မြို့နယ်တွေ၊ မြို့နယ်ခွဲတွေမှာ ကျနော် သိသလောက်တော့ ဦးစီးမှူးတွေက ဗမာတွေပဲ များတယ်။ ဒီမှာပြောနေတာတော့ ကေအိုင်အေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေတဲ့ဝန်ထမ်းတွေကို ဖြုတ်မယ်ပေါ့။ ကေအိုင်အိုက နယ်ခြားစောင့်တပ် လက်မခံတော့ စစ်တွေဘာတွေ ပြန်တိုက်တဲ့ခါ သူတို့လူ ကိုယ့်ထဲ ရောက်မနေအောင် စိစစ်နေတာလို့ ယူဆနေကြတယ်” ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

ကချင် တိုင်းရင်းသား ဝန်ထမ်းများ၏ ကိုယ်ရေး ရာဇဝင် အချက်အလက်များမှာ ဝန်ထမ်း ရွေးချယ် ခံရန် လျှောက်လွှာ စတင်ကတည်းက ပေးထားရပြီး ယခုတဖန် အသေးစိတ် ပြန်ပြီးကောက်ခံလာနေခြင်းဖြစ်သည်ဟု ဝန်ထမ်းမိသားစုဝင်တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */