ထိုင်းဆီများ ပိတ်ပင်လိုက်သော်လည်း တင်သွင်းနေဆဲ

Tuesday, August 04, 2009 ·

NEJ | စားသုံးရန် အန္တရာယ်ရှိသည်ဟု ဆိုကာ ထိုင်းဘက်မှ တင်သွင်းသည့် စားသုံးဆီများကို မြန်မာဘက်မှ တင်သွင်းခွင့် ပိတ်ပင် လိုက်သော်လည်း ထိုင်းဆီများကို မြန်မာကုန်သည်များက အာဏာပိုင် များနှင့် နားလည်မှုယူကာ ပုံမှန်တင်သွင်းလျက် ရှိသည်။

မြန်မာ ဆီကုန်သည် တဦးက “ထိုင်းဘက်က တင်သွင်းတဲ့ဆီတွေကို အန္တရာယ်ရှိတယ်ဆိုပြီး မြန်မာဘက်က ပိတ်တယ်။ ထိုင်းဆီတွေ သွင်းတာ (၁၀) နှစ်ကျော်ပြီ၊ အခုမှ မြန်မာဘက်က ပြောတယ်။ ဒါကြောင့် ဆီတွေကို ညဘက်ကျမှ မြ၀တီဘက်ကို စက်လှေတွေနဲ့ သယ်ရတော့ အကုန်လုံး အလုပ်ရှုပ်ကုန်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ထိုင်းစားသုံးဆီများ ပိတ်ပင်ရခြင်းမှာ ရန်ကုန်မြို့တွင် ဦးပိုင်လီမိတက်မှ တင်သွင်းသည့် ကန်ဆီများ အရောင်းထိုင်း၍ ပိုလျှံနေသောကြောင့် ယခုကဲ့သို့ နယ်စပ်မှ တင်သွင်းသည့်ဆီများကို ပြဿနာ ရှာခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

မြန်မာဘက်မှ ပိတ်ပင်သည့် ထိုင်းစားသုံးဆီများမှာ ပုစွန်တစ်ကောင်တံဆိပ်၊ ပုဇွန်နှစ်ကောင်တံဆိပ်နှင့် အခြားတံဆိပ် များဖြစ်ပြီး မဲဆောက်ကမ်းနားရှိ အမှတ် (၁) ဂိတ်နှင့် အမှတ် (၁၆) ဂိတ်များမှတဆင့် အဓိကတင်သွင်းနေပြီး တနေ့လျှင် အနည်းဆုံး (၁၆) ကီလိုဝင် သံပုံး (၅) ထောင်ခန့် မြန်မာဘက်သို့ တင်သွင်းသည်။

ထိုင်းဆီကုန်သည် တဦးက “အရင်လိုဆီတွေ ပို့လို့မရတာ (၁၀) ရက်ကျော်ပြီ။ ဒီဆီတွေပို့လာတာ (၁၀) နှစ်ကျော်ပြီ။ တခါမှ ပြဿနာမဖြစ်ဘူး။ မြန်မာဘက်က သူတို့ပြဿနာရှိလို့ဖြစ်မယ်။ ထိုင်းဆီတွေကို ဈေးကွက်ဖြန့်ဖြူးခွင့်ရဖို့အတွက် ထိုင်းနိုင်ငံ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ထောက်ခံချက်ပါမှ ရတာပါ။ အဲ့ဒါကို မြန်မာဘက်က ဒီဆီစားရင် အန္တရာယ်ရှိ တယ်ဆိုတော့ ကျနော်တို့လည်း နားမလည်တော့ဘူး” ဟု ပြောသည်။

မြ၀တီမှ စားသုံးဆီများသယ်ဆောင်ရာတွင် ယခင်ကဲ့သို့ တရက်ခြားကားတန်းတွင် (၁၆) ကီလိုဝင် ဆီပုံး (၁) သောင်းခန့်ကို နေ့ဘက် ပေါ်ပေါ်တင်တင် သယ်ဆောင်ကြသော်လည်း ယခုအခါ အခြေအနေပေါ်မူတည်၍ နေ့ညမရွေး အာဏာပိုင်အဖွဲ့ အစည်းများ၊ ဒီကေဘီကေအဖွဲ့များနှင့်ညှိကာ သယ်ဆောင်ကြရသည်ဟု ကုန်သည်များက ပြောသည်။

ထိုင်းဘက်မှ စားသုံးဆီများတင်ပို့ရာတွင် ပုဇွန်နှစ်ကောင်တံဆိပ်၊ တံငါတံဆိပ်နှင့် (၁၈) ကီလိုပါ ပလတ်စတစ်ပုံးအ၀ါများ၊ (၁၉၂) ကီလိုဝင် ဆီပေပါပုံးများဖြင့် တရားဝင်တင်သွင်းနေရာမှ ယခင်လ (၂၅) ရက်မှစတင်ကာ မြန်မာဘက်မှ စားသုံးရန် မသင့်ဟုဆိုကာ တင်သွင်းခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်။

မြ၀တီမြို့ခံ အိမ်ရှင်မတဦးက “ဈေးကွက်မှာ ထိုင်းဆီအ၀ယ်လိုက်တာက ထိုင်းဆီတွေဟာ အေးအေးပူပူ မခဲဘူး။ ရန်ကုန်မှာ ရောင်းတဲ့ ကန်ဆီတွေက ခဲတာများတယ်။ မနက်ဘက်ဆိုရင် ခဲလို့ ချက်ခါနီး အပူပေးရတာတွေရှိတယ်” ဟု ပြောသည်။

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း မြန်မာကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် (၂၅) ရက်၌ အစိုးရပိုင်သတင်းစာများတွင် စတင်ကြေညာခဲ့ရာ ထိုင်းစားသုံးဆီများလည်း ပါရှိသည်။

တင်သွင်းခွင့် ပိတ်ပင်လိုက်သည့် စားသုံးဆီများကို ဓာတ်ခွဲကြည့်ရာတွင် လူကိုထိခိုက်စေနိုင်သည့် free-fatty Acid, Peroxide, Transfats ဓာတ်များ ပါဝင်သဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် ကင်ဆာရောဂါများပါ ဖြစ်ပွား နိုင်သည်ကို တွေ့ရှိရသည့်အတွက် ပိတ်ပင်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအစားအစာနှင့် ဈေးဝါးကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းက ဆိုသည်။

မြန်မာဘက်မှ တင်သွင်းခွင့် ပိတ်ပင်လိုက်သည့် ထိုင်းစားသုံးဆီများမှာ ထိုင်းအစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (အောရော) ၏ ခွင့်ပြုချက်ဖြင့် လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင်ရောင်းချနေသည့် စားသုံးဆီများဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */